China
တရုတ်-အမေရိကန်က TikTok အရေးကိစ္စအား လျော်ကန်စွာ ဖြေရှင်းရန်အတွက် အခြေခံမူဘောင် သဘောတူညီချက် ရရှိ

မက်ဒရစ်၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ)
တရုတ်-အမေရိကန် နှစ်ဖက်အနေဖြင့် ပူးပေါင်းဆောင်ရွက်မှုနည်းလမ်းဖြင့် TikTok အရေးကိစ္စအား လျော်ကန်စွာ ဖြေရှင်းရန်၊ ရင်းနှီးမြှုပ်နှံမှု အတားအဆီးများ လျှော့ချရန်၊ စီးပွားကုန်သွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအား မြှင့်တင်ရန် စသည်တို့နှင့် စပ်လျဉ်း၍ အခြေခံမူဘောင် သဘောတူညီချက် ရရှိခဲ့ကြောင်း တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန နိုင်ငံတကာကုန်သွယ်ရေး ညှိနှိုင်းဆွေးနွေးမှု ကိုယ်စားလှယ်နှင့် ဒုတိယဝန်ကြီး လီချိန်ကောင်းက စက်တင်ဘာ ၁၅ ရက် ညနေပိုင်းတွင် ပြောကြားခဲ့သည်။
တရုတ်-အမေရိကန် နှစ်ဖက် ကုန်သွယ်စီးပွားရေး ကိုယ်စားလှယ်အဖွဲ့များသည် စပိန်နိုင်ငံ မက်ဒရစ်မြို့၌ ဒေသစံတော်ချိန် စက်တင်ဘာ ၁၄ ရက်မှ ၁၅ ရက်အထိ တွေ့ဆုံဆွေးနွေးခဲ့သည်။ လီချိန်ကောင်းက လွန်ခဲ့သည့်နှစ်ရက်အတွင်း တရုတ်-အမေရိကန် နှစ်ဖက်သည် နှစ်နိုင်ငံအကြီးအကဲများ ဖုန်းဖြင့်ဆက်သွယ်ဆွေးနွေးမှု၏ အရေးကြီးသဘောတူညီချက်များကို တက်ကြွစွာ အကောင်အထည်ဖော်၍ တရုတ်-အမေရိကန် ကုန်သွယ်စီးပွားရေး ညှိနှိုင်းဆွေးနွေးမှု ယန္တရား၏ အခန်းကဏ္ဍကို အပြည့်အဝ အသုံးချကာ အပြန်အလှန်လေးစားမှု၊ တန်းတူညီမျှ ညှိနှိုင်းဆွေးနွေးမှု အခြေခံပေါ်တွင် TikTok စသည့် နှစ်ဖက်ဂရုပြုသော စီးပွားရေးနှင့် ကုန်သွယ်ရေး အရေးကိစ္စများနှင့်စပ်လျဉ်း၍ ပွင့်လင်းစွာ၊ နက်ရှိုင်းစွာ၊ အပြုသဘောဆောင်စွာ ချိတ်ဆက်ဆွေးနွေးမှုများ လုပ်ဆောင်ခဲ့ကြောင်း တွေ့ဆုံဆွေးနွေးမှုပြီးနောက် တရုတ်ကိုယ်စားလှယ်အဖွဲ့ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
TikTok အရေးကိစ္စနှင့် စပ်လျဉ်း၍ လီချိန်ကောင်းက တရုတ်နိုင်ငံအနေဖြင့် အစဉ်တစိုက် သိပ္ပံနည်းပညာနှင့် ကုန်သွယ်စီးပွားရေး အရေးကိစ္စအား နိုင်ငံရေးအသွင်ပြောင်းခြင်း၊ ကိရိယာအသွင်ပြောင်းခြင်း၊ လက်နက်အသွင်ပြောင်းခြင်းအား ဆန့်ကျင်ကြောင်း၊ အခြေခံမူရပ်တည်ချက်၊ လုပ်ငန်းကုမ္ပဏီ၏ အကျိုးစီးပွားနှင့် နိုင်ငံတကာ တရားမျှတမှု၊ သမာသမတ်ကျမှုအား အနစ်နာခံသည့် ပေးဆပ်မှုဖြင့် မည်သည့်သဘောတူညီချက်မှ ရရှိရန် လုပ်ဆောင်မည်မဟုတ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အမျိုးသားအကျိုးစီးပွားနှင့် တရုတ်လုပ်ငန်းကုမ္ပဏီများ၏ တရားဝင် အခွင့်အရေးနှင့် အကျိုးစီးပွားအား ခိုင်မာစွာ ကာကွယ်သွားမည်ဖြစ်ပြီး နည်းပညာတင်ပို့မှုဆိုင်ရာ ခွင့်ပြုမှုများအား တရားဥပဒေ စည်းမျဉ်းစည်းကမ်းနှင့်အညီ စိစစ်ခွင့်ပြုသွားမည်ဖြစ်ကြောင်း၊ တစ်ချိန်တည်းတွင် တရုတ်နိုင်ငံအစိုးရက လုပ်ငန်းကုမ္ပဏီများ၏ ဆန္ဒအား အပြည့်အဝလေးစားကာ လုပ်ငန်းကုမ္ပဏီများက ဈေးကွက်အခြေခံမူနှင့် ကိုက်ညီသည့်အခြေခံပေါ်တွင် တန်းတူညီမျှသော စီးပွားရေးညှိနှိုင်းဆွေးနွေးမှု လုပ်ဆောင်ခြင်းအား ထောက်ခံအားပေးကြောင်း ပြောကြားခဲ့သည်။
သတင်းစာရှင်းလင်းပွဲတွင် တရုတ်နိုင်ငံ အမျိုးသား ဆိုက်ဘာစပေ့ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဝမ်ကျင်းထောင်းက မီဒီယာများ၏မေးမြန်းမှုကို ဖြေကြားရာ၌ တရုတ်-အမေရိကန် နှစ်ဖက်သည် လုပ်ငန်းကုမ္ပဏီများ၏ ဆန္ဒနှင့် ဈေးကွက်စည်းမျဉ်းအား အပြည့်အဝလေးစားသည့် အခြေခံပေါ်တွင် TikTok အမေရိကန်အသုံးပြုသူများ၏ အချက်အလက်နှင့် အကြောင်းအရာလုံခြုံမှုဆိုင်ရာ လုပ်ငန်းများမှတစ်ဆင့် လည်ပတ်ရန် တာဝန်လွှဲအပ်ခြင်း၊ တွက်ချက်မှုနည်း စသည့် ဉာဏပစ္စည်းမူပိုင်ခွင့် အသုံးပြုရန် ခွင့်ပြုခြင်း စသည့် နည်းလမ်းများဖြင့် TikTok အရေးကိစ္စအား ဖြေရှင်းရန် အခြေခံသဘောတူညီချက် ရရှိခဲ့ကြောင်း၊ တရုတ်နိုင်ငံအစိုးရအနေဖြင့် TikTok နှင့်စပ်လျဉ်းသည့် နည်းပညာတင်ပို့မှု၊ ဉာဏပစ္စည်းမူပိုင်ခွင့် အသုံးပြုရန် ခွင့်ပြုမှု စသည့် လုပ်ငန်းများအား တရားဥပဒေနှင့်အညီ စိစစ်ခွင့်ပြုသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအစိုးရအနေဖြင့် တရုတ်လုပ်ငန်းကုမ္ပဏီများ၏ တရားဝင် အခွင့်အရေးနှင့် အကျိုးစီးပွားအား အစဉ်တစိုက် ခိုင်မာစွာ ထောက်ခံအားပေးပြီး လုပ်ငန်းကုမ္ပဏီများက ပင်လယ်ရပ်ခြားတွင် တက်ကြွစွာ ဖြန့်ကြက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအား ထောက်ခံအားပေးကြောင်း၊ အမေရိကန်အနေဖြင့် နှစ်ဖက်ရရှိထားသည့် သဘောတူညီချက်အရ TikTok အပါအဝင် တရုတ်လုပ်ငန်းကုမ္ပဏီများ အမေရိကန်၌ ဆက်လက် လည်ပတ်နိုင်ရေးအတွက် တံခါးဖွင့်လှစ်သော၊ တရားမျှတသော၊ သမာသမတ်ကျသောနှင့် ခွဲခြားဆက်ဆံမှု မရှိသော လုပ်ငန်းလည်ပတ်မှု ပတ်ဝန်းကျင် ပံ့ပိုးပေးကာ တရုတ်-အမေရိကန် ကုန်သွယ်စီးပွားဆက်ဆံရေး တည်ငြိမ်စွာ၊ ကောင်းမွန်စွာ၊ စဉ်ဆက်မပြတ်ဖြစ်စွာ ဖွံ့ဖြိုးတိုးတက်မှုအတွက် တွန်းအားပေးရန် မျှော်လင့်ကြောင်း ဝမ်ကျင်းထောင်းက ပြောကြားခဲ့သည်။
“တရုတ်နိုင်ငံက အမေရိကန်နဲ့ သက်ဆိုင်ရာ သဘောတူညီချက် ရရှိတာက ကျွန်တော်တို့ရဲ့ သုံးသပ်အကဲဖြတ်မှုအရ ဒီလိုမျိုးသဘောတူညီချက်က နှစ်ဖက်အကျိုးစီးပွားနဲ့ ကိုက်ညီလို့ပါပဲ” ဟု လီချိန်ကောင်းက ဆိုခဲ့သည်။ TikTok အရေးကိစ္စအား ဆွေးနွေးမှုဖြင့် နှစ်ဖက်က တည်ငြိမ်ကောင်းမွန်သော တရုတ်-အမေရိကန် ကုန်သွယ်စီးပွားရေး ဆက်ဆံမှု၏ အရေးပါမှုကို တစ်ဆင့်တိုး နားလည်သိရှိလာကြောင်း၊ နှစ်ဖက်ကိုယ်စားလှယ်အဖွဲ့များက ရင်းနှီးစွာချိတ်ဆက်မှုကို ဆက်လက်ထိန်းသိမ်းထားပြီး သက်ဆိုင်ရာရလဒ် စာရွက်စာတမ်း အသေးစိတ်များနှင့်စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးသွားမည် ဖြစ်သည့်အပြင် ကိုယ်စီပြည်တွင်း ခွင့်ပြုချက်ရယူမှု လုပ်ငန်းစဉ်များကို ထမ်းဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
တရုတ်-အမေရိကန် ကုန်သွယ်ရေး ညှိနှိုင်းဆွေးနွေးမှုများ လုပ်ဆောင်ပြီးနောက် အမေရိကန်သည် တရုတ်နိုင်ငံ လုပ်ငန်းအဖွဲ့အစည်းများအပေါ် ပိတ်ဆို့အရေးယူမှုအား ဆက်လက်တိုးချဲ့ လုပ်ဆောင်နေသည်ကို တရုတ်နိုင်ငံအနေဖြင့် သတိပြုမိကြောင်းလည်း သတင်းစာရှင်းလင်းပွဲတွင် လီချိန်ကောင်းက ထောက်ပြ ပြောကြားခဲ့သည်။
အမေရိကန်က အမျိုးသားလုံခြုံရေးအဓိပ္ပာယ်ကို အဖန်တလဲလဲ အကျယ်ချဲ့နေပြီး တရုတ်နိုင်ငံ လုပ်ငန်းအဖွဲ့အစည်းများအပေါ် ပိတ်ဆို့အရေးယူမှုစာရင်းအား အဆက်မပြတ် တိုးချဲ့ကာ လက်တံရှည်လှမ်း စီမံမှုသည် ပိုမိုရှည်လျားလာရာ ယင်းသည် စံတင်ထိုက်သည့် တစ်ဖက်သတ် ဗိုလ်ကျအနိုင်ကျင့်မှုလုပ်ရပ်ပင် ဖြစ်ကြောင်း၊ နိုင်ငံတကာဥပဒေနှင့် နိုင်ငံတကာဆက်ဆံရေး စံနှုန်းများအား ချိုးဖောက်လျက်ရှိရာ တရုတ်နိုင်ငံအနေဖြင့် ယင်းအပေါ် ခိုင်မာစွာ ကန့်ကွက်ခဲ့ပြီး တွေ့ဆုံဆွေးနွေးမှုတွင်လည်း အမေရိကန်ထံသို့ အလေးအနက် စိုးရိမ်ကြောင်း ပြောကြားခဲ့သည်ဟု ၎င်းက ဆိုသည်။
တရုတ်-အမေရိကန် နှစ်ဖက် ကုန်သွယ်စီးပွားရေး ဆွေးနွေးမှု၏ရလဒ်သည် အလွယ်တကူ ရရှိလာခြင်း မဟုတ်ကြောင်း၊ အမေရိကန်အနေဖြင့် တစ်ဖက်တွင် တရုတ်နိုင်ငံအား အမေရိကန်၏ စိုးရိမ်ပူပန်မှုကို ထည့်သွင်းစဉ်းစားရန် တောင်းဆို၍ အခြားတစ်ဖက်တွင်မူ တရုတ်နိုင်ငံ၏ လုပ်ငန်းကုမ္ပဏီများအား အဆက်မပြတ် ဖိနှိပ်နေ၍မရကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အမေရိကန်က အမှားအားပြင်ဆင်၍ အဆိုပါကန့်သတ်မှု အစီအမံများအား အမြန်ဆုံးပယ်ဖျက်ကာ တရုတ်နိုင်ငံနှင့်အတူ စိတ်တူကိုယ်တူ လုပ်ဆောင်ပြီး ခက်ခဲစွာရရှိလာသော တရုတ်-အမေရိကန် ကုန်သွယ်စီးပွားရေး ဆွေးနွေးညှိနှိုင်းမှုရလဒ်အား အတူတကွ ကာကွယ်ထိန်းသိမ်းခြင်းဖြင့် နှစ်ဖက် ကုန်သွယ်စီးပွားဆက်ဆံရေး ကောင်းမွန်စွာ၊ တည်ငြိမ်စွာ၊ စဉ်ဆက်မပြတ်ဖြစ်စွာ ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးရန် တိုက်တွန်းလိုကြောင်း လီချိန်ကောင်းက အလေးထား ပြောကြားခဲ့သည်။
လီချိန်ကောင်းက ယခုအကြိမ် တရုတ်-အမေရိကန် ကုန်သွယ်စီးပွားရေး ဆွေးနွေးညှိနှိုင်းမှုအတွက် အိမ်ရှင်နိုင်ငံ စပိန်နိုင်ငံ၏ အင်တိုက်အားတိုက် ပံ့ပိုးကူညီပေးမှုနှင့် လှိုက်လှဲစွာ ဧည့်ခံမှုတို့ကိုလည်း ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။ (Xinhua)
—————————
(Chinese Version)
中美就妥善解决TikTok问题达成基本框架共识
新华社马德里9月15日电(记者谢希瑶 丁英华)中国商务部国际贸易谈判代表兼副部长李成钢15日傍晚在此间表示,中美双方就以合作方式妥善解决TikTok问题、减少投资障碍、促进有关经贸合作等达成了基本框架共识。
当地时间9月14日至15日,中美双方经贸团队在西班牙马德里举行会谈。李成钢在会谈结束后中方代表团举行的新闻发布会上说,过去两天,中美双方积极落实两国元首通话重要共识,充分发挥中美经贸磋商机制作用,在相互尊重、平等协商的基础上,就TikTok等双方关注的经贸问题进行了坦诚、深入、建设性的沟通。
关于TikTok问题,李成钢表示,中国一贯反对将科技和经贸问题政治化、工具化、武器化,绝不会以牺牲原则立场、企业利益和国际公平正义为代价,寻求达成任何协议。中方将坚决维护国家利益和中资企业合法权益,依法依规开展技术出口审批。同时,中国政府充分尊重企业意愿,支持企业在符合市场原则基础上,开展平等商业谈判。
发布会上,中国国家互联网信息办公室副主任王京涛在回答媒体提问时指出,中美双方在充分尊重企业意愿和市场规律的基础上,就通过TikTok美国用户数据和内容安全业务委托运营、算法等知识产权使用权授权等方式解决TikTok问题,达成了基本共识。中国政府将依法审批TikTok所涉及的技术出口、知识产权使用权授权等事宜。
王京涛表示,中国政府一贯坚定支持维护中资企业的合法权益,支持企业在海外积极布局发展。希望美方能够按照双方达成的共识,为包括TikTok在内的中国企业在美持续运营提供开放、公平、公正和非歧视的营商环境,推动中美经贸关系稳定、健康、可持续发展。
“中方之所以同意与美方达成相关共识,是因为我们经过评估判断,这种共识符合双方的利益。”李成钢表示,通过对TikTok问题的讨论,双方进一步认识到稳定健康的中美经贸关系的重要性。双方团队将继续保持密切沟通,就相关成果文件细节进行磋商,并各自履行国内批准程序。
发布会上,李成钢还指出,中方注意到,在中美经过一系列经贸磋商之后,美方仍然在不断扩大对中国实体的制裁。美方泛化国家安全,不断扩大对中国实体的制裁清单,长臂管辖的手越伸越长,这是典型的单边霸凌行径,有违国际法和国际关系的基本准则,中方对此坚决反对,并在会谈中向美方提出了严正关切。
李成钢强调,中美双方经贸会谈的成果来之不易,美方不能一方面让中方照顾美方的关切,另一方面又持续打压中国的企业。中方敦促美方纠正错误,尽快取消这些限制措施,与中方相向而行,共同维护来之不易的中美经贸磋商成果,推动双边经贸关系健康、稳定、可持续发展。
李成钢还对东道主西班牙为此次中美经贸会谈提供的大力支持和热情招待表示感谢。(完)
图说:当地时间9月15日,中美经贸会谈中方新闻发布会在西班牙马德里举行。中国商务部国际贸易谈判代表兼副部长李成钢、国家互联网信息办公室副主任王京涛出席发布会。商务部新闻发言人何亚东主持发布会。 新华社记者 彭子洋 摄