Asia
ကာဇက်စတန်နိုင်ငံလမ်းသစ်ဖောက်လုပ်ရေး အာရှဖွံဖြိုးတိုးတက်ရေးဘဏ် ချေးငွေဒေါ်လာသန်း ၄၀၀ အတည်ပြု

မနီလာ၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ)
ကာဇက်စတန်နိုင်ငံ တောင်ပိုင်းတွင် လမ်းသစ်ဖောက်လုပ်ရေးအတွက် ကာဇက်စတန် အမျိုးသားလမ်းမကြီး ကုမ္ပဏီ KazAvtoZhol ကို အစိုးရအာမခံချေးငွေ ဒေါ်လာ သန်း ၄၀၀ ထုတ်ချေးရန် အတည်ပြုခဲ့ကြောင်း စက်တင်ဘာ ၁၆ ရက်တွင် အာရှဖွံဖြိုးတိုးတက်ရေးဘဏ်(ADB)က ပြောကြားခဲ့သည်။အဆိုပါစီမံကိန်း၏ ၁၀၂ ကီလိုမီတာ အဝေးပြေးလမ်းတည်ဆောက်မှုအတွက် တာကစ္စတန် ဒေသ Saryagash မြို့ကို ရှောင်ကွင်းကာ ဒီဇိုင်းရေးဆွဲ၍ တည်ဆောက်မည်ဖြစ်သည်။ အဆင့်မြင့်ယာဥ်အသွားအလာ စီမံခန့်ခွဲခြင်းစနစ် တပ်ဆင်မည့် အဆိုပါလမ်းသစ်သည် မြိုပြဧရိယာမှယာဥ်သွားလာမှု လမ်းခွဲထွက်ပြီး ယာဥ်ကြောပိတ်ဆို့မှုလျှော့ချနိုင်ခြင်း၊ ခရီးသွားချိန်တိုတောင်းခြင်းတို့နှင့် ယာဥ်သွားလာမှုများကို တိုးတက်စေမည်ဟု မျှော်မှန်းထားသည်။
အဆိုပါလမ်းသစ်ကြီးသည် ကာဇက်စတန်နိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများကို ဆက်သွယ်ပေးသည့် အာရှအလယ်ပိုင်းဒေသ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု စင်္ကြံ ၃ နှင့် စင်္ကြံ ၆ အကြား ချိတ်ဆက်မှု တိုးတက်စေခြင်းကြောင့် ဒေသတွင်းကူးလူးသွားလာမှုဗဟိုအဖြစ် ကာဇက်စတန်နိုင်ငံ၏အခန်းကဏ္ဍကို အားကောင်းစေမည်ဖြစ်ကြောင်း ADB ကပြောကြားခဲ့သည်။
အမျိုးသမီးများနှင့် မိန်းကလေးများအား အထောက်အပံ့ပေးရေး အပါအဝင် အားလုံးပါဝင်သည့်ဖွံဖြိုးရေးကို မြှင့်တင်ဆောင်ရွက်လျက်ရှိရာတွင် ယခုစီမံကိန်းသည် လမ်းအန္တရာယ်ဘေးကင်းရေး၊ စွမ်းဆောင်ရည် အခြေပြုထိန်းသိမ်းခြင်းနှင့် ရာသီဥတုခံနိုင်ရည်ရှိခြင်းများအတွက် KazAvtoZhol ကုမ္ပဏီ၏ စွမ်းဆောင်ရည်ကို တိုးမြှင့်ပေးမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)
……….
(English Version)
ADB approves 400 mln USD loan to build road in Kazakhstan
MANILA, Sept. 16 (Xinhua) — The Asian Development Bank (ADB) said on Tuesday that it has approved a sovereign-guaranteed loan of 400 million U.S. dollars to Kazakhstan’s national road company KazAvtoZhol for the construction of a new road in southern Kazakhstan.
The project will design and construct a 102-kilometer highway that bypasses Saryagash city in the Turkistan region. Equipped with a smart traffic management system, the new road is expected to divert transit traffic from urban areas, reduce congestion, shorten travel times, and improve mobility.
ADB said the road will strengthen Kazakhstan’s role as a regional transit hub by improving links between the Central Asia Regional Economic Cooperation Corridors 3 and 6, which connect the country with neighboring countries.
The project also promises to boost KazAvtoZhol’s capacity in road safety, performance-based maintenance, and climate resilience, while promoting inclusive development, including support for women and girls.
Photo : People walk in downtown Astana, Kazakhstan, June 11, 2025. (Xinhua/Li Renzi)