International Organizations
အီတလီနိုင်ငံမှ ဖာလာနီ ပထမဆုံးအကြိမ်အမျိုးသားအလျားခုန်ပြိုင်ပွဲ ကမ္ဘာ့ချန်ပီယံ ဖြစ်လာ

တိုကျို၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ)
အီတလီနိုင်ငံမှ မတ်တီယာဖာလာနီသည် စက်တင်ဘာ ၁၇ ရက်တွင်ပြုလုပ်သည့် ကမ္ဘာ့ပြေးခုန်ပစ်ချန်ပီယံရှစ် အမျိုးသားအလျားခုန်ပြိုင်ပွဲတွင် ၎င်း၏တစ်သက်တာအတွက် အကောင်းဆုံးစံချိန်အဖြစ် ၈.၃၉ မီတာ ခုန်ကာ ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့သည်။
အသက် ၂၀ နှစ်အရွယ် ဖာလာနီသည် ၂၀၁၉ ခုနှစ်ကမ္ဘာ့ချန်ပီယံဖြစ်သည့် ဂျမေကာနိုင်ငံမှ Tajay Gayle ကို ၎င်း၏ငါးကြိမ်မြောက်ကြိုးပမ်းမှုတွင် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ Tajay Gayle သည်လည်း ၎င်း၏ တစ်သက်တာအကောင်းဆုံးရလဒ် ၈.၃၄ မီတာဖြင့် ငွေတံဆိပ်ရရှိခဲ့သည်။
“ဒါက အထူးခြားဆုံးညနေခင်းပါပဲ၊ အီတလီအသင်းရဲ့အဖွဲ့ဝင်ဖြစ်ရတာ ပျော်ရွှင်စရာကောင်းပါတယ်၊ ကျွန်တော်တို့ အီတလီနိုင်ငံမှာ အခုလိုအမွေအနှစ်ရရှိတယ်၊ ကျွန်တော်တို့အတူတူကြီးပြင်းလာကြပြီး Gianmarco Tamberi နဲ့ Marcell Jacobs တို့ဆီက အများကြီးသင်ယူခဲ့ရပါတယ်” ဟု Furlani က ပြောကြားခဲ့သည်။
တရုတ်နိုင်ငံမှ Shi Yuhao က ရာသီအတွင်းအကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့ပြီး ၈.၃၃ မီတာ အလျားခုန်ကာ ကြေးတံဆိပ်ရရှိခဲ့ပြီး တစ်နယ်တည်းသားချင်း Zhang Mingkun က နံပါတ်ခြောက်နေရာရရှိခဲ့ကြောင်းသိရသည်။ (Xinhua)
…………………….
(English Version)
Italy’s Furlani wins maiden men’s long jump world title
TOKYO, Sept. 17 (Xinhua) — Italy’s Mattia Furlani clinched the men’s long jump title at the World Athletics Championships here on Wednesday, leaping a personal best of 8.39 meters.
The 20-year-old achieved the winning mark on his fifth attempt to edge Jamaica’s Tajay Gayle, the 2019 world champion, who took silver with 8.34 meters, equaling his season’s best.
“This is a most special evening,” said Furlani. “It is beautiful to be part of this Italian team. We have such a legacy from Italy. We are growing together and all learn so much from Gianmarco Tamberi and Marcell Jacobs.”
China’s Shi Yuhao produced a season’s best of 8.33 meters for the bronze medal, with compatriot Zhang Mingkun finishing sixth.
Photo : Mattia Furlani (C) of Italy attends a training session for the 2025 World Athletics Indoor Championships in Nanjing, east China’s Jiangsu Province, March 20, 2025. (Xinhua/Li Ming)