Connect with us

China

တရုတ်နိုင်ငံ၏ လျှပ်စစ်ယာဥ်အားသွင်းရုံများ လျင်မြန်စွာတိုးပွားလျက်ရှိ

တရုတ်နိုင်ငံအရှေ့ပိုင်း ဆန်းတုန်းပြည်နယ် ယွီယွမ်ခရိုင် ကျူးကျားဟုကျေးရွာရှိ အားသွင်းရုံတစ်ခုတွင် လျှပ်စစ်ယာဥ် အားသွင်းနေသူတစ်ဦးကို ၂၀၂၃ ခုနှစ် မေ ၃၁ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏လျှပ်စစ်ယာဥ် (EV) အားသွင်းအခြေခံအဆောက်အအုံများ လျင်မြန်စွာတိုးတက်လျက်ရှိပြီး သြဂုတ်လကုန်ပိုင်းတွင် အဆောက်အအုံ စုစုပေါင်း ၁၇.၃၅ သန်းနီးပါးအထိရောက်ရှိခဲ့ရာ ယမန်နှစ် ကာလတူကထက် ၅၃.၅ ရာခိုင်နှုန်းတိုးတက်လာကြောင်း တရားဝင်အချက်အလက်များက စက်တင်ဘာ ၁၈ ရက်တွင် ထုတ်ဖော် ပြသခဲ့သည်။
အများပြည်သူသုံးလျှပ်စစ်ယာဥ်အားသွင်းရုံ ၄.၃၂ သန်းခန့်ရှိပြီး ယမန်နှစ်ထက် ၃၇.၈ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။ စုစုပေါင်း ထုတ်လုပ်သည့်စွမ်းအင်နှုန်းမှာ ကီလိုဝပ် ၁၉၆ သန်းရှိကြောင်း အမျိုးသားစွမ်းအင်စီမံခန့်ခွဲရေး အဆိုအရသိရသည်။
ပုဂ္ဂလိက အားသွင်းရုံများသည်လည်း မြန်ဆန်စွာ တိုးတက်လာခဲ့ပြီး ယမန်နှစ် အလားတူကာလကထက် ၅၉.၆ ရာခိုင်နှုန်း ခုန်တက်လာရာတွင် စုစုပေါင်း ၁၃.၀၃ သန်းရှိနေပြီဖြစ်ကြောင်း စီမံခန့်ခွဲရေးအဖွဲ့က ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ၏ စွမ်းအင်သစ်သုံးမော်တော်ယာဥ် (NEV) စျေးကွက်တည်ငြိမ်စွာကျယ်ပြန့်မှုနှင့်အတူ အားသွင်းသည့် အခြေခံအဆောက်အအုံ များပြားလာမှုနှင့်ကိုက်ညီကြောင်း သိရသည်။ ဇန်နဝါရီမှ သြဂုတ်အထိ NEV ထုတ်လုပ်မှု နှင့်ရောင်းချမှု နှစ်ခုစလုံးသည် ဂဏန်းနှစ်လုံး (၁၀ ရာခိုင်နှုန်းအထက်) တိုးတက်ခဲ့သည်။
အဆိုပါကာလအတွင်း NEV ထုတ်လုပ်မှုသည် ယမန်နှစ်ကထက် ၃၇.၃ ရာခိုင်နှုန်း တစ်ဟုန်ထိုးတက်လာခဲ့ပြီး စုစုပေါင်း ကားအစီးရေ ၉.၆၃ သန်းခန့်ထုတ်လုပ်ခဲ့ပြီး ‌ရောင်းချမှုအနေဖြင့် ၃၆.၇ ရာခိုင်နှုန်းခုန်တက်ခဲ့ကာ အစီးရေ ၉.၆၂ သန်း ရှိခဲ့ကြောင်း တရုတ်နိုင်ငံ မော်တော်ယာဥ်ထုတ်လုပ်ရောင်းချသူများအသင်း၏အဆိုအရ သိရသည်။ (Xinhua)
………………………….
(English Version)
China’s EV charging infrastructure continues rapid expansion
BEIJING, Sept. 18 (Xinhua) — China’s electric vehicle (EV) charging infrastructure has maintained rapid growth, with the total number of facilities reaching nearly 17.35 million units by the end of August, up 53.5 percent from a year earlier, official data showed Thursday.
Public EV charging facilities stood at about 4.32 million units, an increase of 37.8 percent year on year. Their combined rated power hit 196 million kilowatts, according to the National Energy Administration.
Private charging facilities expanded at an even faster pace, jumping 59.6 percent year on year to 13.03 million units, the administration said.
The robust growth in charging infrastructure is in line with the steady expansion of China’s new energy vehicle (NEV) market. From January to August, both production and sales of NEVs posted double-digit increases.
During the period, NEV production surged 37.3 percent year on year to about 9.63 million units, while sales jumped by 36.7 percent to 9.62 million units, according to the China Association of Automobile Manufacturers.
Photo : A man charges his electric vehicle at a charging station in Zhujiahu Village of Yiyuan County, east China’s Shandong Province, May 31, 2023. (Xinhua/Zhu Zheng)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.