Connect with us

China

တရုတ်နိုင်ငံအရပ်ဘက်လေကြောင်းပို့ဆောင်ရေး သြဂုတ်လတွင် စံချိန်သစ်တင်

တရုတ်နိုင်ငံအနောက်မြောက်ပိုင်း ရှင်ကျန်း(ဝေဂါ)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဝူးလူမုချီမြို့ရှိ ဝူးလူမုချီ ထျန်းဆန်း နိုင်ငံတကာလေဆိပ်မှထွက်ခွာကာ ကွမ်တုန်းပြည်နယ် ကွမ်ကျိုးသို့ ပျံသန်းနေသော လေယာဥ်တစ်စင်းကို ၂၀၂၅ ခုနှစ် ဧပြီ ၁၇ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၂၀ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ အရပ်ဘက်လေကြောင်းပို့ဆောင်ရေးကဏ္ဍတွင် စုစုပေါင်းပို့ဆောင်မှုပမာဏမှာ ယမန်နှစ် ကာလတူထက် ၈ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး ၂၀၂၅ ခုနှစ် သြဂုတ်လ၌ သမိုင်းဝင်စံချိန်တင်အဖြစ် ၁၅.၁၈ ဘီလီယံ တန်ချိန်-ကီလိုမီတာအထိ ရောက်ရှိခဲ့ကြောင်း စက်တင်ဘာ ၁၉ ရက်က ဖော်ပြသည့် တရုတ်နိုင်ငံ အရပ်ဘက်လေကြောင်းစီမံခန့်ခွဲရေး (CAAC)၏ အချက်အလက်များအရ သိရသည်။
၂၀၂၅ ခုနှစ် ပထမ ရှစ်လအတွက် စုစုပေါင်းလေကြောင်းပို့ဆောင်မှုပမာဏ ၁၀၈.၃၃ ဘီလီယံ တန်ချိန်-ကီလိုမီတာ ရှိခဲ့ပြီး ယမန်နှစ်အလားတူကာလထက် ၁၀.၅ ရာခိုင်နှုန်း တိုးမြင့်ခဲ့ကြောင်း CAAC ၏အဆိုအရ သိရသည်။
ပထမရှစ်လအတွင်း ကုန်စည်နှင့် စာများ တန်ချိန် ၆.၅၁ သန်းကျော်အား လေကြောင်းမှပို့ဆောင်ပေးခဲ့ရပြီး ယမန်နှစ် အလားတူကာလထက် ၁၄.၅ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။
သြဂုတ်လတွင် လေယာဥ်စီးခရီးသည်ခရီးစဥ် ၇၅.၃၆ သန်း ပို့ဆောင်ပြီးစီးခဲ့ပြီး ယမန်နှစ်ကထက် ၃.၃ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ နိုင်ငံတကာခရီးသည်အသွားအလာမှု ပိုမိုခိုင်မာစွာ ကျယ်ပြန့်လာသည်ကို တွေ့မြင်ရပြီး ၁၅.၃ ရာခိုင်နှုန်း တိုးတက်လာကာ ခရီးစဥ် ၇.၄၇ သန်းကို‌ ရောက်ရှိခဲ့သည်။
ဇန်နဝါရီမှ သြဂုတ်အထိ လေယာဥ်စီး ခရီးသည်ခရီးစဥ် အရေအတွက်အနေဖြင့် ၅.၃ ရာခိုင်နှုန်းတိုးတက်ကာ စုစုပေါင်းခရီးစဥ် သန်း ၅၂၀ ပို့ဆောင်ပြီးစီးခဲ့ကြောင်း CAAC ၏အချက်အလက်များအရ သိရသည်။ (Xinhua)
…………………….
(English Version)
China’s civil air transportation hits new record in August
BEIJING, Sept. 19 (Xinhua) — China’s civil aviation sector saw total transportation turnover surge 8 percent year on year to reach a historic high of 15.18 billion tonne-kilometers in August, data from the Civil Aviation Administration of China (CAAC) showed on Friday.
In the first eight months of 2025, the total air transportation turnover was 108.33 billion tonne-kilometers, an increase of 10.5 percent from the same period last year, according to the CAAC.
More than 6.51 million tonnes of cargo and mail were transported by air during the eight-month period, up 14.5 percent year on year.
In August, over 75.36 million air passenger trips were completed, up 3.3 percent year on year. International passenger traffic saw a more robust expansion, growing by 15.3 percent to reach 7.47 million trips.
From January to August, the number of air passenger trips went up 5.3 percent year on year to 520 million, according to CAAC data.
Photo : An airplane bound for Guangzhou of Guangdong Province takes off at Urumqi Tianshan International Airport in Urumqi, northwest China’s Xinjiang Uygur Autonomous Region, April 17, 2025. (Xinhua/Xin Yuewei)