International Organizations
ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) ၏ နိုင်ငံတကာ STEM ပညာရေး သုတေသနဌာနအား တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့၌ ထူထောင်

ရှန်ဟိုင်း၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ)
ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) ၏ နိုင်ငံတကာ STEM ပညာရေး သုတေသနဌာနကို စက်တင်ဘာ ၂၁ ရက်တွင် တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့၌ ထူထောင်ခဲ့သည်။ တရုတ်နိုင်ငံ ပညာရေးဝန်ကြီး ဟွိုင်ကျင့်ဖုန်က တရုတ်နိုင်ငံအစိုးရအား ကိုယ်စားပြု၍ UNESCO ညွှန်ကြားရေးမှူးချုပ် Audrey Azoulay နှင့်အတူ နိုင်ငံတကာ STEM ပညာရေး သုတေသနဌာန “နေရာသဘောတူညီချက်” နှင့် “လည်ပတ်မှု သဘောတူညီချက်” တို့အား လက်မှတ်ရေးထိုးခဲ့သည်။
ဟွိုင်ကျင့်ဖုန်က နိုင်ငံတကာ STEM ပညာရေး သုတေသနဌာနသည် တရုတ်နိုင်ငံနှင့် UNESCO တို့ ပူးပေါင်းဆောင်ရွက်မှု၏ အရေးကြီးရလဒ်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအစိုးရအနေဖြင့် နိုင်ငံတကာ အသိုင်းအဝိုင်းအပေါ် ပြုထားသည့်ကတိကဝတ်များအား သေချာစွာ ထမ်းဆောင်၍ ဘက်ပေါင်းစုံနှင့် ပူးပေါင်းမှု၊ ဆန်းသစ်တီထွင်မှုတို့ဖြင့် UNESCO အဖွဲ့က အဆိုပါဌာနအား ကမ္ဘာ့လွှမ်းမိုးမှုရှိသော အရေးကြီး သုတေသနနှင့် ပူးပေါင်းဆောင်ရွက်မှု ပလက်ဖောင်းအဖြစ် တည်ဆောက်ခြင်းကို တက်ကြွစွာ ပံ့ပိုးပေးကာ တစ်ကမ္ဘာလုံး STEM ပညာရေး ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရန်အတွက် အပြုသဘော အကျိုးထမ်းဆောင်မှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
၂၀၂၃ ခုနှစ် နိုဝင်ဘာတွင်ကျင်းပသည့် UNESCO အဖွဲ့ ၄၂ ကြိမ်မြောက် ညီလာခံတွင် တစ်ပြေးညီ ဆွေးနွေးညှိနှိုင်းမှုဖြင့် တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့၌ နိုင်ငံတကာ STEM ပညာရေး သုတေသနဌာန ထူထောင်မည့် ဆုံးဖြတ်ချက်အား အတည်ပြုခဲ့ရာ UNESCO အဖွဲ့၏ ပထမ အမျိုးအစား စင်တာအား တရုတ်နိုင်ငံ၌ ပထမဆုံးအကြိမ် ဖွင့်လှစ်ထူထောင်ခြင်းကို အမှတ်သင်္ကေတပြုခဲ့သည်။
Audrey Azoulay က နိုင်ငံတကာ STEM ပညာရေး သုတေသနဌာနသည် UNESCO အဖွဲ့၏ တစ်ကမ္ဘာလုံးရှိ အရေးကြီးအဖွဲ့အစည်းအုပ်စုများတွင် ပါဝင်မည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ ပြည်တွင်း၌ STEM ပညာရေး၏ ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးမည်သာမက တစ်ကမ္ဘာလုံး အတိုင်းအတာအတွင်း၌လည်း UNESCO အဖွဲ့၏ STEM ပညာရေး အနာဂတ်အလားအလာကို ထောက်ခံအားပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
“ဒါက UNESCO အဖွဲ့ အာရှပစိဖိတ်ဒေသမှာ ဖွင့်လှစ်ထားရှိတဲ့ ပထမဆုံး ပထမအမျိုးအစား စင်တာဖြစ်ပါတယ်” ၊ “ကျွန်တော်တို့နိုင်ငံက ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု အစီအမံ (GGI) လက်တွေ့ကျင့်သုံးပြီး ကမ္ဘာ့ STEM ပညာရေး စီမံခန့်ခွဲမှုအတွက် ပံ့ပိုးပေးတဲ့ အရေးကြီး နိုင်ငံတကာ အများပြည်သူထုတ်ကုန် တစ်ခုလည်း ဟုတ်ပါတယ်” ဟု တရုတ်နိုင်ငံ UNESCO အဖွဲ့ ပြည်လုံးဆိုင်ရာ ကော်မတီ အထွေထွေအတွင်းရေးမှူး ချင်ချန်းဝေးက ပြောကြားခဲ့သည်။
STEM ဆိုသည်မှာ သိပ္ပံပညာ၊ နည်းပညာ၊ အင်ဂျင်နီယာပညာနှင့် သင်္ချာတို့ကို ဆိုလိုသည်။ STEM ပညာရေးသည် ပညာရပ်ဖြတ်ကျော် ပေါင်းစပ်မှု၊ လက်တွေ့ ဦးတည်ချက် လမ်းညွှန်မှုတို့ဖြင့် ကျောင်းသား၊ ကျောင်းသူများ၏ ဆန်းသစ်တီထွင်မှုစွမ်းရည်၊ ပြဿနာအားဖြေရှင်းမှု စွမ်းရည်နှင့် လူမှုအသိုက်အဝန်း တာဝန်သိမှုတို့ ပျိုးထောင်ပေးသောကြောင့် အနာဂတ် လူမှုအသိုက်အဝန်း ဖွံ့ဖြိုးတိုးတက်မှုနှင့် ကမ္ဘာလုံးဆိုင်ရာ စဉ်ဆက်မပြတ်ဖြစ်မှုတို့အား ကျားကန်ပေးထားသည့် အရေးကြီးလမ်းကြောင်း ဖြစ်ပေသည်။
လက်ရှိတွင် အသစ်တစ်ကြိမ် သိပ္ပံနည်းပညာ တော်လှန်ရေးနှင့် လုပ်ငန်းပြုပြင်ပြောင်းလဲမှုများ အရှိန်အဟုန်မြင့် ဖွံ့ဖြိုးတိုးတက်လာလျက်ရှိရာ နိုင်ငံများက ဆန်းသစ်တီထွင်မှု လူရည်ချွန်များ လိုအပ်သည့် စိန်ခေါ်မှုနှင့် ရင်ဆိုင်နေရသည်။ STEM ပညာရေးအား အင်တိုက်အားတိုက် ဖော်ဆောင်၍ ပိုမိုများပြားသည့် သိပ္ပံနည်းပညာ အမျိုးအစား ဆန်းသစ်တီထွင်မှု လူရည်ချွန်များ ပျိုးထောင်ပေးခြင်းသည် ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် ဖွံ့ဖြိုးပြီးနိုင်ငံများ၏ ဘုံမျှော်လင့်ချက်ဖြစ်ပေသည်။
UNESCO အဖွဲ့က အတည်ပြုထားသည့် လုပ်ငန်းအစီအစဉ်အရ သုတေသနဌာနသည် ကျယ်ပြန့်သည့် STEM ပညာရေး လက်တွေ့စမ်းသပ်မှု သုတေသနပြုလုပ်မှုများ လုပ်ဆောင်ရန် စနစ်တကျစီစဉ်ခြင်း၊ သင့်တော်သည့် သင်ကြားရေး/သင်ယူရေး ကြားဝင်မှု အစီအမံနှင့် သင်ကြားရေးနည်းလမ်းများ ဖော်ဆောင်ခြင်း၊ ကမ္ဘာလုံးဆိုင်ရာ တစ်သီးပုဂ္ဂလနှင့် အဖွဲ့အစည်း ကျွမ်းကျင်လူရည်ချွန်ဘဏ်အား ထူထောင်ခြင်း၊ STEM ပညာရေး တိုးတက်မှုအား စောင့်ကြည့်တိုင်းတာခြင်းတို့ကို လုပ်ဆောင်သွားမည်ဖြစ်သည်။
အနာဂတ်တွင် သုတေသနဌာနက ဆန်းသစ်တီထွင်သော သုတေသနပြုလုပ်မှုအား မြှင့်တင်သည့် နိုင်ငံတကာ ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှု ပလက်ဖောင်းဖြစ်လာမည်ဖြစ်ပြီး သတင်းအချက်အလက် ကူးလူးဖလှယ်မှု၊ အင်တာနက်၊ အရင်းအမြစ်နှင့် စွမ်းရည်တည်ဆောက်မှုစင်တာ အခန်းကဏ္ဍမှပါဝင်ကာ STEM ပညာရေးကို ကလေးငယ်မှ အရွယ်ရောက်ပြီးသူများအထိ အဆင့်အသီးသီး အားလုံးပါဝင်သော၊ တန်းတူညီမျှသော၊ သင့်လျော်ကိုက်ညီသောနှင့် အရည်အသွေးမြင့်မားသော ပြည်သူတစ်ရပ်လုံးပညာရေးအဖြစ် ဖြစ်ထွန်းလာအောင် မြှင့်တင်ဖော်ဆောင်သွားမည်ဖြစ်ပေသည်။ (Xinhua)
——————-
(Chinese Version)
联合国教科文组织国际STEM教育研究所在上海成立
新华社上海9月21日电(记者魏冠宇、吴振东)联合国教科文组织国际STEM教育研究所21日在上海成立。教育部部长怀进鹏代表中国政府与联合国教科文组织总干事阿祖莱签署国际STEM教育研究所《所址协定》和《运行协定》。怀进鹏表示,国际STEM教育研究所是中国与教科文组织合作的重要成果,中国政府将认真履行对国际社会作出的承诺,与各方合作、创新,积极支持教科文组织将这一中心打造成为具有世界影响力的重要研究与合作平台,为促进全球STEM教育发展作出积极贡献。
2023年11月,联合国教科文组织第42届大会以协商一致的方式通过了在中国上海设立国际STEM教育研究所的决议,标志着教科文组织一类中心首次落户中国。
阿祖莱表示,国际STEM教育研究所将加入联合国教科文组织在全球的重要机构集群,不仅在中国国内推动STEM教育的发展,也将在全球范围内支持教科文组织的STEM教育愿景。
“这是联合国教科文组织设在亚太地区首个一类中心。”中国联合国教科文组织全国委员会秘书长秦昌威表示,“也是我国践行全球治理倡议,为世界STEM教育治理提供的一项重要国际公共产品。”
STEM指科学、技术、工程和数学,STEM教育通过跨学科整合、实践导向,培养学生的创新能力、问题解决能力和社会责任感,是支撑未来社会发展与全球可持续的关键路径。当前,新一轮科技革命与产业变革迅猛发展,各国面临创新人才短缺的挑战。大力发展STEM教育,培养更多科技类创新人才,是发展中国家和发达国家的共同期待。
根据教科文组织通过的章程,研究所将规划组织广泛的STEM教育实验性研究、开发适当的教/学干预措施和教学做法、建立全球性个人和机构专业人才库、监测监督STEM教育进展。
未来,研究所将成为促进创新研究的国际协作平台,并发挥信息交流、网络、资源和能力建设中心作用,促进STEM教育从幼儿到成人各个阶段包容、公平、适切和优质的全民教育。(完)
图说:这是2021年11月12日在法国巴黎举行的联合国教科文组织成立75周年庆典活动上拍摄的联合国教科文组织标识。新华社记者高静摄