Connect with us

Eastern Europe

အမေရိကန်၏ ပိတ်ဆို့မှုအသစ်များကို ရုရှား ဝေဖန်

အမေရိကန်သမ္မတ ထရမ့်နှင့် ရုရှားသမ္မတ ပူတင်တို့ ဖင်လန်နိုင်ငံမြို့တော် ဟယ်လ်စင်ကီတွင် တွေ့ဆုံဆွေးနွေး စဉ် (ဆင်ဟွာ)

မော်စကို ၊ သြဂုတ် ၂၃ ရက်(ဆင်ဟွာ)

အမေရိကန်က ရုရှားအပေါ်ပိတ်ဆို့မှုအသစ်များပြုလုပ်ခြင်းက အဓိပ္ပါယ်မရှိလုပ်ရပ်ဖြစ်ကြောင်း ရုရှား သမ္မတ ပူတင်က သြဂုတ် ၂၂ ရက်တွင် ပြောဆိုလိုက်ပါသည်။

သတင်းစာရှင်းလင်းပွဲ၌ အမေရိကန်က ပိတ်ဆို့မှုအသစ်များ ဆောင်ရွက်နေသည်နှင့် စပ်လျဉ်း၍ ရှရှား၏သဘောထားကိုမေးမြန်းရာတွင် သမ္မတ ပူတင်က အမေရိကန်၏ယခုကဲ့သို့ပိတ်ဆို့မှုများသည် ဆန့်ကျင်ဘက် အကျိုးရလဒ်များသာရရှိမည်ဖြစ်ပြီး အဓိပ္ပါယ်မရှိသော လုပ်ရပ်များသာ ဖြစ်သည်ဟု ပြောကြားခဲ့ သည်။

တချိန်တည်းမှာပင် ဇူလိုင်လ ၁၆ ရက်က အမေရိကန်သမ္မတ ထရမ့်နှင့် ဖင်လန်နိုင်ငံမြို့တော် ဟယ်လ်စင်ကီတွင် တွေ့ဆုံဆွေးနွေးမှုသည် အပြုသဘောဆောင်ကြောင်း၊ အကျိုးရှိကြောင်း ၊ နှစ်နာရီ ကြာတွေ့ဆုံပွဲက ပြဿနာအားလုံးကို ဖြေရှင်းနိုင်ရန် မည်သူမျှမမျှော်လင့်ကြောင်း၊ သို့သော် ယခု ဖြစ်ပွားသည့် အရေးကိစ္စများနှင့်စပ်လျဉ်း၍ အမြင်သဘောထားချင်းဖလှယ်ခဲ့ကြောင်း ၊ ယခုလိုမျိုး တိုက်ရိုက်တွေ့ဆုံဆွေးနွေးမှုတိုင်းက အကျိုးရှိကြောင်း သမ္မတ ပူတင်က ဆိုသည်။

၂၀၁၆ ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် ရုရှားဝင်ရောက်စွက်ဖက်သည်ဟု သံသယရှိခြင်း၊ ယူကရိန်းအရှေ့ပိုင်းပြဿနာများကို ပါဝင်ပတ်သက်ခြင်းနှင့် ရုရှားသူလျှိုဟောင်း ဗြိတိန်တွင်အဆိပ်မိ ခြင်း စသည့် ကိစ္စရပ်များကြောင့် အမေရိကန်က သက်ဆိုင်ရာ ရုရှား လူပုဂ္ဂိုလ်နှင့်အဖွဲ့အစည်းများကို ပိတ်ဆို့မှုများ ပြုလုပ်ခဲ့ပါသည်။ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက သြဂုတ် ၂၁ ရက်တွင်လည်း အမေရိကန်၏ ဒဏ်ခတ်အရေးယူမှုများကို ဆန့်ကျင်ရှောင်ရှားသည်ဟု ဆိုကာ သက်ဆိုင်ရာရုရှား လူပုဂ္ဂိုလ်နှင့်အဖွဲ့အစည်းအများအပြားကို ပိတ်ဆို့မှုများပြုလုပ်မည်ဟု ကြေညာခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117