China
တရုတ်နိုင်ငံ ရှင်းကျန်း ဝေဂါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တည်ထောင်ခြင်း နှစ် ၇၀ ပြည့် အောင်မြင်မှုပြပွဲသို့ ရှီကျင့်ဖိန် သွားရောက်လေ့လာကြည့်ရှု

ဝူးလူမုချီ၊ စက်တင်ဘာ ၂၄ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ နိုင်ငံတော် သမ္မတ၊ ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် စက်တင်ဘာ ၂၄ ရက် နံနက်ပိုင်းတွင် တရုတ်နိုင်ငံ ရှင်းကျန်း ဝေဂါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တည်ထောင်ခြင်း နှစ် ၇၀ ပြည့် အောင်မြင်မှုပြပွဲအား သွားရောက် လေ့လာကြည့်ရှုခဲ့သည်။
ရှင်းကျန်းဒေသ၏ နှစ် ၇၀ ကြာ ခက်ခဲကြမ်းတမ်းသော ကြီးမားသည့် ပြောင်းလဲမှုသည် တရုတ် အမျိုးသား မဟာပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးသမိုင်းဖြစ်စဉ်၏ သက်ဝင်လှုပ်ရှားသော ပုံရိပ်ငယ်တစ်ခုဖြစ်ကြောင်း၊ မိမိတို့ တရုတ်ကွန်မြူနစ်ပါတီက တိုင်းရင်းသားဒေသ ကိုယ်ပိုင်အုပ်ချုပ်ခွင့်စနစ်အား အတည်ပြုခဲ့ခြင်းသည် လုံးဝဥဿုံမှန်ကန်သည်ကို လက်တွေ့ကျင့်သုံးမှုက သက်သေထူနေကြောင်း၊ ခေတ်သစ်ပါတီ၏ ရှင်းကျန်းဒေသ စီမံခန့်ခွဲမှုဗျူဟာသည် သိပ္ပံနည်းကျပြီး ထိရောက်မှုရှိသောကြောင့် ရေရှည်အခိုင်အမာလက်ကိုင်ထား၍ လက်တွေ့အခြေအနေအသစ်များနှင့် အဆက်မပြတ် ပေါင်းစပ်ကာ လက်တွေ့အကောင်အထည်ဖော်မှုကို ကောင်းမွန်စွာ လုပ်ဆောင်ရမည်ဖြစ်ကြောင်း ၎င်းက အလေးထား ပြောကြားခဲ့သည်။
နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် ရှီကျင့်ဖိန်တို့သည် ဝူးလူမုချီ ယဉ်ကျေးမှုစင်တာ ပြခန်းသို့ လာရောက်ခဲ့ရာ ပြခန်းအတွင်းဝင်ရောက်၍ အောင်မြင်မှုပြပွဲအား လှည့်လည်ကြည့်ရှုခဲ့သည်။
ပြပွဲတွင် “ဘက်ပေါင်းစုံ တေးဂီတ တီးမှုတ်မှုဖြင့် ခေတ်ကာလသစ်ဖွင့်လှစ်ခြင်း” ၊ “ထျန်းဆန်းတွင် လာရောက်စုစည်း၍ စီမံကိန်းရေးဆွဲပုံ” ၊ “သာယာလှပသော ရှင်းကျန်းတွင် ထွန်းလင်းတောက်ပမှုများအား ဖန်တီးတည်ဆောက်ခြင်း” ဟူ၍ အပိုင်း ၃ ပိုင်း ခွဲထားပြီး နှစ်ပေါင်း ၇၀ အတွင်း တရုတ်ကွန်မြူနစ်ပါတီ၏ ခိုင်မာသော ဦးဆောင်မှု၊ နိုင်ငံတစ်ဝန်း အင်တိုက်အားတိုက် ပံ့ပိုးကူညီမှုအောက်တွင် ရှင်းကျန်း တိုင်းရင်းသားလူထုသည် တစ်စိတ်တည်း တစ်ဝမ်းတည်း စည်းလုံးညီညွတ်စွာဖြင့် ခက်ခဲကြမ်းတမ်းစွာ တိုက်ပွဲဝင်၍ ကျားကုတ်ကျားခဲ ကြိုးပမ်းမှုဖြင့် ရရှိလာသည့် ထွန်းပြောင်သော အောင်မြင်မှုများကို မြင်ကွင်းကျယ်ပုံစံဖြင့် တင်ဆက်ပြသထားသည်။
ရှင်းကျန်း ဝေဂါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တည်ထောင်စဉ်က သမိုင်းဗီဒီယို၊ စီယွဲ့ ထော်လာဂျီစက်ရုံမှ ထုတ်လုပ်သည့် ပထမဆုံးအသုတ် ထော်လာဂျီစက်၊ ထျန်းဆန်းကုန်တိုက် အဆောက်အဦအတွင်းရှိ မူလအတိုင်း ပြန်လည်ဖော်ဆောင်ထားသော မြင်ကွင်း၊ ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေးတိုက်ပွဲတွင် အောင်နိုင်ခဲ့သည့် ယခင်နှင့်ယခု နှိုင်းယှဉ်ပြပုံ၊ တရုတ်အမျိုးသားရေးဘုံအသိုက်အဝန်းအား ခိုင်မြဲစွာ တည်ဆောက်သည့် အသိပညာပေး ဘေဘုတ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ ပြည်ပသို့တံခါးဖွင့်လှစ်မှုအား တိုးချဲ့သည့် နယ်စပ်ဂိတ်တည်နေရာပြပုံ … ရှီကျင့်ဖိန်က ရှင်းလင်းပြောကြားချက်များအား သေချာနားဆင်၍ မကြာမကြာ ရပ်တန့်ကြည့်ရှုကာ သက်ဆိုင်ရာအခြေအနေများအား အသေးစိတ်မေးမြန်းခဲ့သည်။
ရှင်းကျန်း နှစ် ၇၀ ပြည့် အောင်မြင်မှုပြပွဲသည် အပြုသဘောအင်အားများဖြင့် ပြည့်ဝနေပြီး စိတ်အားတက်ကြွစေကြောင်း၊ ပြပွဲတွင် လာရောက်ကြည့်ရှုရန် သေချာစီစဉ်၍ ယခင်နှင့်ယခု နှိုင်းယှဉ် ပြသမှုများဖြင့် သက်ဝင်လှုပ်ရှားသော ဖြစ်ရပ်မှန်ကိုအသုံးပြုကာ ပြည်သူ့သဘောထား၊ အင်အားများကို တစ်ဆင့်တိုး စုစည်းရမည်ဖြစ်ကြောင်း၊ ရှင်းကျန်းဒေသ တိုင်းရင်းသားလူမျိုးစု ကေဒါလူထုက တရုတ်အမျိုးသားဘုံအသိုက်အဝန်း အသိစိတ်ကို ခိုင်မြဲစွာ တည်ဆောက်ရန် နှိုးဆော်၍ အတူတကွ ကြွယ်ဝချမ်းသာမှု လမ်းကြောင်းထက်တွင် သာယာချမ်းမြေ့သောဘဝကို အဆက်မပြတ် ဖန်တီးရမည်ဖြစ်ကြောင်း ရှီကျင့်ဖိန်က ထောက်ပြ ပြောကြားခဲ့သည်။
ဝမ်ဟုနင်၊ ချိုက်ချီ၊ လီကန့်ကျယ်၊ ဟယ်လိဖုန်း၊ ဝမ်ရှောင်ဟုန်၊ ရွှယ်ခဲ့လိုင်ထီ ကျားခဲ့အယ်၊ ရှန့်ရှီချင်၊ ဝမ်တုန်းဖုန်းနှင့် လျိုကျန့်လိ၊ ဗဟိုနှင့်အစိုးရအဖွဲ့အစည်း သက်ဆိုင်ရာဌာနမှ တာဝန်ခံရဲဘော်များ၊ ဗဟိုကိုယ်စားလှယ်အဖွဲ့ အဖွဲ့ဝင်အားလုံးတို့က အဆိုပါပြပွဲအား လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။ (Xinhua)
————————-
(Chinese Version)
习近平参观新疆维吾尔自治区成立70周年主题成就展 王沪宁蔡奇参观展览
新华社乌鲁木齐9月24日电 中共中央总书记、国家主席、中央军委主席习近平24日上午参观新疆维吾尔自治区成立70周年主题成就展。他强调,新疆70年的沧桑巨变,是中华民族伟大复兴历史进程的一个生动缩影。实践证明,我们党确立的民族区域自治制度是完全正确的,新时代党的治疆方略是科学有效的,必须长期坚持,不断结合新的实际抓好贯彻落实。
上午10时30分许,习近平等来到乌鲁木齐文化中心展览馆,走进展厅参观成就展。展览通过“万方乐奏换新天”“潮涌天山展宏图”“美丽新疆铸辉煌”3个部分,全景展现了70年来在中国共产党坚强领导下、在全国各地大力支援下,新疆各族人民团结一心、艰苦奋斗、顽强拼搏取得的辉煌成就。
新疆维吾尔自治区成立时的历史视频,十月拖拉机厂生产的第一批拖拉机,天山百货大楼内的复原场景,打赢脱贫攻坚战的新旧对比照片,铸牢中华民族共同体意识宣传教育的展板,自治区扩大对外开放的口岸分布图……习近平认真听取讲解,不时驻足察看,详细询问有关情况。他指出,新疆70年主题成就展充满正能量,令人振奋。要精心组织观展,通过新旧对比,用鲜活的事实进一步凝聚人心、凝聚力量,激励新疆各族干部群众铸牢中华民族共同体意识,在共同富裕的道路上不断创造幸福美好生活。
王沪宁、蔡奇、李干杰、何立峰、王小洪、雪克来提·扎克尔、谌贻琴、王东峰和刘振立,中央和国家机关有关部门负责同志,中央代表团全体成员等参观了展览。(完)
图说:9月24日上午,中共中央总书记、国家主席、中央军委主席习近平在乌鲁木齐文化中心展览馆参观新疆维吾尔自治区成立70周年主题成就展。 新华社记者 谢环驰 摄