Connect with us

Asia

တရုတ်ကုမ္ပဏီက အင်ဒိုနီးရှားနိုင်ငံတွင် ရေပေါ်နေရောင်ခြည်စွမ်းအင်ပရောဂျက် တည်ဆောက်မှု စတင်

အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗား ပြည်နယ်ရှိ Cirata ရေလှောင်ကန်တွင်တည်ရှိသော Cirata ရေပေါ် နေရောင်ခြည်စွမ်းအင်ဓာတ်အားပေးစက်ရုံ (PLTS) စီမံကိန်းကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၉ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

ဂျကာတာ၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ)
အင်ဒိုနီးရှားနိုင်ငံတွင် လုပ်ငန်းဆောင်ရွက်လျက်ရှိသည့် တရုတ်နိုင်ငံစွမ်းအင်အင်ဂျင်နီးယားရင်းဂရု(ပ်) လက်အောက်ခံ Gezhouba ကုမ္ပဏီက ၆၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်သော ရေပေါ်နေရောင်ခြည်စွမ်းအင်ဓာတ်အားပေးစီမံကိန်း အုတ်မြစ်ချ အခမ်းအနားကို စက်တင်ဘာ ၂၅ ရက်က ကျင်းပခဲ့ပြီး စိမ်းလန်းသည့်စွမ်းအင်တည်ဆောက်မှု စတင်ခြင်းအထိမ်းအမှတ်အဖြစ် ဤစီမံကိန်းမှ နှစ်စဥ်လျှပ်စစ်စွမ်းအင် ကီလိုဝပ် ၁၂၉ သန်း ကနဦး ထုတ်လုပ်နိုင်မည်ဟု မျှော်လင့်ထားကြောင်း သိရသည်။
အင်ဒိုနီးရှားနိုင်ငံ၏ လျှပ်စစ်စွမ်းအင်ဖွံဖြိုးမှု အစီအစဥ်သစ် (၂၀၂၅-၂၀၃၄) အောက်တွင် ပထမဆုံးစတင် တည်ဆောက်သည့် စီမံကိန်းဖြစ်ပြီး အနောက်ဂျာဗားပြည်နယ် ဘန်ဒေါင်းရှိ Saguling ရေလှောင်ကန်တွင် တည်ရှိသည်။ အဆိုပါစီမံကိန်းတွင် ရေပေါ် နေရောင်ခြည်မှလျှပ်စစ်ဓာတ်အားထုတ်လုပ်သော နည်းပညာကိုအကျိုးရှိရှိ အသုံးချထားပြီး ‌ရေမျက်နှာပြင်တွင်ပေါ်စေမည့်ဖွဲ့စည်းပုံဖြင့် ဆိုလာပြားများ တပ်ဆင်ထားသည်။
ပုံမှန်မြေပြင်ပေါ်တပ်ဆင်သည့် နေစွမ်းအင်သုံးလျှပ်စစ်ဓာတ်အားထုတ်စက်ရုံများနှင့်နှိုင်းယှဥ်ပါက မြေအရင်းအမြစ်များကို ထိန်းသိမ်းစောင့်ရှောက်ပေးရုံသာမက ရေငွေ့ပျံခြင်းကိုလျှော့ချပေးနိုင်ခြင်း၊ ရေညှိပေါက်ပွားမှုကိုတားဆီးခြင်းနှင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု စွမ်းဆောင်ရည်ကို တိုးတက်စေခြင်း အကျိုးကျေးဇူးများရှိကြောင်း ကုမ္ပဏီအဆိုအရ သိရသည်။
အဆိုပါစီမံကိန်းတွင် ၆၀ မဂ္ဂါဝပ် ရေပေါ်နေရောင်ခြည်စွမ်းအင်သုံး ဆိုလာစက်ရုံတစ်ခု ၁၅၀ ကေဗီ မြှင့်တင်ရေးစခန်းတစ်ခု၊ ၈.၅ ကီလိုမီတာအရှည် နှစ်ထပ်ပတ်လမ်းသွယ်တန်းသည့် ဓာတ်အားလိုင်းတစ်ခုနှင့် ၁၅၀ ကေဗီ ဓာတ်အားခွဲစခန်းတစ်ခု ပါဝင်သည်။ လုပ်ငန်းလည်ပတ်သည့်အချိန်တွင် နှစ်စဥ် စံမီကျောက်မီးသွေး ၅၆,၀၀၀ တန်နှင့် ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှု ၁၄၉,၀၀၀ တန် လျှော့ချသက်သာနိုင်မည်ဖြစ်သည်။
တည်ဆောက်မှုကာလအတွင်း ဒေသခံနေထိုင်သူများအတွက် တိုက်ရိုက်နှင့်သွယ်ဝိုက်အလုပ်အကိုင်ပေါင်း ၁,၆၀၀ ကျော် ဖန်တီးပေးနိုင်မည်ဟုမျှော်လင့်ရသည်။ထိုနည်းဖြင့် ဒေသတွင်းစီးပွားရေးနှင့်လူမှုူရေး ဖွံဖြိုးတိုးတက်မှု အတွက် အရေးပါသည့်ထောက်ပံ့မှုလုပ်ဆောင်ပေးလျက်ရှိကြောင်း ကုမ္ပဏီ၏အဆိုအရသိရသည်။ (Xinhua)
……………………
(English Version)
Chinese company begins construction of floating solar power project in Indonesia
JAKARTA, Sept. 25 (Xinhua) — A groundbreaking ceremony for a 60-MW floating solar power project in Indonesia undertaken by China Gezhouba Group Co., Ltd under China Energy Engineering Group Co., Ltd was held on Thursday, marking the commencement of construction of a green energy initiative expected to generate approximately 129 million kWh of electricity annually.
The project is the first to start construction under Indonesia’s new electricity development plan (2025-2034). Located on the Saguling Reservoir in Bandung, West Java Province, the project utilizes floating photovoltaic technology, with solar panels installed on floating structures on the water surface.
Compared to traditional ground-mounted solar power plants, this approach not only conserves land resources but also helps reduce water evaporation, suppress algae growth, and improve power generation efficiency, according to the company.
The project will include a 60-MW floating solar farm, a 150-kV booster station, an 8.5-km 150-kV double-circuit transmission line, and a 150-kV switching station. Once operational, it is projected to save 56,000 tons of standard coal and reduce carbon dioxide emissions by 149,000 tons each year.
During the construction phase, the project is expected to create over 1,600 direct and indirect job opportunities for the local community, thereby making a significant contribution to regional economic and social development, according to the company.
Photo : Aerial photo shows a view of the Cirata floating solar power plant (PLTS) project at Cirata Reservoir in West Java, Indonesia, on Sept. 14, 2023. (Photo by Yorri Farli/Xinhua)