Politics, Law & Military
စစ်ကိုင်းတိုင်းအတွင်း တရားမဝင် သစ် တန်၂၀ကျော် ဖမ်းမိ
																								
												
												
											ရန်ကုန်၊ သြဂုတ် ၂၉ ရက် (ဆင်ဟွာ)
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်တွင်း တရားမဝင် သစ် တန်၂၀ကျော် ဖမ်းဆီးရမိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
လက်ချိတ်ရွာနှင့် ထန်းပင်ချောင်းရွာ အနီးဝန်းကျင်မှ တရားမဝင် အင်သစ် စုစုပေါင်း (၈၂)ချောင်း (၂၀.၈၄၀)တန် ဖမ်းဆီးရမိခဲ့ပြီး ယင်း ဖမ်းဆီးရမိသော တရားမဝင်သစ်များနှင့်ဆက်စပ်ပတ်သက်သူများအား စုံစမ်းဖေါ်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။(Xinhua)
