China
တရုတ်နိုင်ငံ စီချွမ်းပြည်နယ် ကျိုကျိုက်ကိုး-မြန်ယန် အမြန်လမ်းတစ်ခုလုံး ယာဉ်ဖြတ်သန်းသွားလာနိုင်ပြီဖြစ်၊ ချိန်တူး-ကျိုကျိုက်ကိုးခရီးစဉ်အား အချိန် ၄ နာရီဖြင့် ရောက်ရှိနိုင်

ချိန်တူး၊ စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ)
အချိန် ၉ နှစ်ကြာ တည်ဆောက်ခဲ့သည့် G8513 လမ်းကြောင်း ကျိုကျိုက်ကိုး-မြန်ယန် အမြန်လမ်းမကြီးသည် စက်တင်ဘာ ၂၉ ရက်တွင် တည်ဆောက်ပြီးစီး၍ ယာဉ်များဖြတ်သန်းသွားလာနိုင်ဖြစ်ရာ ကမ္ဘာ့သဘာဝ ယဉ်ကျေးမှုအမွေအနှစ်နေရာဖြစ်သည့် ကျိုကျိုက်ကိုးမှ တရုတ်နိုင်ငံ အနောက်ပိုင်းအချက်အချာမြို့ဖြစ်သည့် ချိန်တူးသို့ မော်တော်ယာဉ်ဖြင့် သွားလာရသော ခရီးကြာချိန်ကို ၈ နာနီမှ ၄ နာရီအထိ လျှော့ချနိုင်ခဲ့သည်။
ယင်းမှာ ကျိုကျိုက်ကိုးသို့ ပထမဆုံး ရောက်ရှိနိုင်သည့် အမြန်လမ်းမကြီးဖြစ်လာသည့် တစ်ချိန်တည်းတွင်ပင် စီချွမ်းပြည်နယ် မြန်ယန်မြို့ ဖိန်ဝူခရိုင်၊ ပေချွမ်းခရိုင်သို့ အမြန်လမ်းမရောက်ရှိသည့် သမိုင်းကို အဆုံးသတ်ခဲ့သလို စီချွမ်း၊ ကန်းစု၊ ချင်းဟိုင်၊ ရှင်းကျန်းတို့ကို ချိတ်ဆက်သည့် လမ်းမကြီး ဖြစ်လာခဲ့သည်။
ကျိုကျိုက်ကိုး-မြန်ယန် အမြန်လမ်းမကြီး၏ စုစုပေါင်း အရှည်မှာ ၂၄၅.၈၀၉ ကီလိုမီတာရှိပြီး နှစ်ဖက်သွား လေးလမ်းပြေးစံချိန်ဖြင့် တည်ဆောက်ထားခြင်းဖြစ်ကာ တစ်နာရီလျှင် ၈၀ ကီလိုမီတာမြန်နှုန်း ဒီဇိုင်းရေးဆွဲထားပြီး ပင်မလမ်းကြောင်း၌ တံတား ၁၃၁ စင်း၊ ဥမင်လိုဏ်ခေါင်း ၄၅ ခု၊ တံတားဥမင်လိုဏ်ခေါင်း၏ အချိုးအစားမှာ ၈၂.၁၅ ရာခိုင်နှုန်း ရှိသည်။
ကျိုကျိုက်ကိုး-မြန်ယန် အမြန်လမ်းတစ်လျှောက် ယာဉ်သွားလာနိုင်ခြင်းက ကျိုကျိုက်ကိုးအား အမြန်ရထား-အမြန်လမ်းမ “အမြန်နှစ်လမ်း” ခေတ်ကာလသို့ လျှောက်လှမ်းနိုင်စေပြီး ခရီးသွားလာမှုများအတွက် ပိုမို အဆင်ပြေ၊ မြန်ဆန်ကာ လုံခြုံစေပေသည်။
ကျိုကျိုက်ကိုး-မြန်ယန် အမြန်လမ်းမကြီးသည် စီချွမ်းပြည်နယ် အနောက်မြောက်ပိုင်းရှိ ကြွယ်ဝသော ခရီးသွားအရင်းအမြစ်များကိုလည်း ချိတ်ဆက်သီကုံးနိုင်ခဲ့ပေသည်။ လမ်းကြောင်းတစ်လျှောက် ဂေဟပတ်ဝန်းကျင် သာယာလှပမှု၊ လူမှုယဉ်ကျေးမှုသမိုင်းရှည်ကြာမှုရှိရာ ခရီးသွားပုံစံမှာ “ခရီးသွားရှုခင်းသာနေရာ၌ လည်ပတ်ခြင်း” မှသည် “ဒေသတစ်ခုလုံး လည်ပတ်ခြင်း” ဆီသို့ ပြောင်းလဲမှုကို ဖော်ဆောင်လာနိုင်ခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံ စီချွမ်းပြည်နယ် ကျိုကျိုက်ကိုး-မြန်ယန် အမြန်လမ်းမကြီးရှိ ကျိုကျိုက်ကိုးခရိုင် ကျာဝုဟိုင် လမ်းအပိုင်းအား ၂၀၂၅ ခုနှစ် စက်တင်ဘာ ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
———————-
(Chinese Version)
四川九绵高速全线通车 成都至九寨沟4个小时可达
新华社照片,成都,2025年9月29日
9月29日,历时9年建设的G8513线九寨沟至绵阳高速公路建成通车,世界自然遗产九寨沟至我国西部中心城市成都的车程从8小时缩短至4小时。这是首条通往九寨沟的高速公路,同时也结束了四川绵阳平武、北川不通高速公路的历史,成为连接四川、甘肃、青海、新疆的大通道。 九绵高速全长245.809公里,采用双向四车道标准建设,设计时速80公里,主线桥梁131座,隧道45座,桥隧比达82.15%。九绵高速的全线通车让九寨沟步入高铁、高速的“双高”时代,旅行更加便捷安全。九绵高速还将串联起川西北丰富的旅游资源。沿线生态环境优美、人文历史悠久,旅游模式实现从“景点游”到“全域游”的转变。
1. 这是九绵高速九寨沟出口(9月25日摄,无人机照片)。新华社记者 江宏景 摄
2. 这是九绵高速九寨沟县甲勿海段(9月25日摄,无人机照片)。新华社记者 江宏景 摄