Connect with us

China

ကမ္ဘာလုံးဆိုင်ရာ ဒစ်ဂျစ်တယ်ကုန်သွယ်ရေး ကုန်စည်ပြပွဲ အရေးပါသော သဘောတူစာချုပ် ချုပ်ဆိုမှုများဖြင့် ပြီးစီး

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲကျန့်ပြည်နယ် မြို့တော်ဟန်ကျိုး၌ စတုတ္ထအကြိမ်မြောက် ကမ္ဘာလုံးဆိုင်ရာ ဒစ်ဂျစ်တယ်ကုန်သွယ်ရေး ကုန်စည်ပြပွဲ၌ ပိုးလမ်းမ e-commerce ဇုန်အား လာရောက်ကြည့်ရှုလေ့လာသူများကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဟန်ကျိုး၊ စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ)
စတုတ္ထအကြိမ်မြောက် ကမ္ဘာလုံးဆိုင်ရာ ဒစ်ဂျစ်တယ်ကုန်သွယ်ရေး ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲကျန့်ပြည်နယ် မြို့တော်ဟန်ကျိုး၌ စက်တင်ဘာ ၂၉ ရက်က ကျင်းပပြီးစီးခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုရည်ရွယ်ချက်ဖြင့် စာချုပ် ချုပ်ဆိုမှုတန်ဖိုး ယွမ် ၁၆၁.၉၈ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂၂.၇၉ ဘီလီယံခန့်) ရှိခဲ့သည်။
ကုန်စည်ပြပွဲက ပြသသူ ၁,၈၁၂ ဦးနှင့် လာရောက်ကြည့်ရှုသူ ၂၅၇,၀၀၀ ကျော်ကို ဆွဲဆောင်ခဲ့ပြီး ဒစ်ဂျစ်တယ်ဖျော်ဖြေရေး၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် စမတ်အိမ်ကဏ္ဍများတွင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ပွဲဦးထွက်ပြပွဲ ၃၈၂ ပွဲ ပါဝင်ကြောင်း ပွဲစီစဉ်သူများထံမှ သိရသည်။
ပြပွဲဧရိယာ၏ သုံးပုံတစ်ပုံနီးပါးတွင် AI နည်းပညာများနှင့် တက်ကြွသော စက်ရုပ်သရုပ်ပြမှုများကို သီးသန်ပြသခြင်းဖြင့် ဒစ်ဂျစ်တယ်ကုန်သွယ်မှုနှင့် AI ၏ နက်ရှိုင်းစွာ ပေါင်းစပ်မှုကို ထိုကုန်စည်ပြပွဲက အထူးအလေးပေးခဲ့သည်။
နိုင်ငံပေါင်း ၁၅၄ နိုင်ငံနှင့် နိုင်ငံတကာအဖွဲ့အစည်း ၃၃ ခုမှ တက်ရောက်လာသူများနှင့်အတူ နိုင်ငံတကာ၏ ပူးပေါင်းပါဝင်မှု သိသိသာသာ တိုးတက်လာခဲ့သည်။ ဥရောပနှင့် အမေရိကန် ကုမ္ပဏီပေါင်း ၁၃၀ ကျော် အပါအဝင် နိုင်ငံတကာမှ ပြသသူ ၂၀ ရာခိုင်နှုန်းကျော် ရှိပြီး နိုင်ငံခြား ကုန်သည်များ တက်ရောက်မှု ၆၄ ရာခိုင်နှုန်း တိုးလာခဲ့သည်။
အဆိုပါကုန်စည်ပြပွဲ၏ အဓိကအကျိုးရလဒ်များတွင် “၂၀၂၅ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ ဒစ်ဂျစ်တယ်ကုန်သွယ်ရေး ဖွံ့ဖြိုးတိုးတက်မှုအစီရင်ခံစာ” နှင့် အထင်ကရပွဲပေါင်း ၄၆ ခုကို လက်ခံကျင်းပခြင်းကဲ့သို့သော အစီရင်ခံစာနှင့် စံနှုန်း ၁၀၂ ခုကို ထုတ်ပြန်ခြင်းလည်း ပါဝင်ကြောင်း သိရသည်။ (Xinhua)
………………
(English Version)
Global Digital Trade Expo concludes with major deal signings
HANGZHOU, Sept. 29 (Xinhua) — The 4th Global Digital Trade Expo concluded on Monday in Hangzhou, capital of east China’s Zhejiang Province, achieving investment and trade intention signing value of 161.98 billion yuan (about 22.79 billion U.S. dollars).
The expo attracted 1,812 exhibitors and over 257,000 visits, featuring 382 global debuts in digital entertainment, healthcare, and smart home sectors, according to the organizers.
The expo had a strong focus on the deep integration of digital trade and AI, with nearly one third of the exhibition area dedicated to AI technologies and dynamic robot demonstrations.
International participation expanded significantly, with attendees from 154 countries and 33 international organizations. Over 20 percent of exhibitors were international, including more than 130 European and American companies, while foreign merchant attendance surged 64 percent.
Key outcomes included the release of 102 reports and standards, such as the “Global Digital Trade Development Report 2025,” and the hosting of 46 flagship events. ■
English Caption
People visit the Silk Road e-commerce zone at the 4th Global Digital Trade Expo in Hangzhou, east China’s Zhejiang Province, Sept. 25, 2025. (Xinhua/Xu Yu)