Connect with us

Asia

အင်ဒိုနီးရှားနိုင်ငံတွင် စွန့်ပစ်ပစ္စည်းများမှစွမ်းအင်ထုတ်လုပ်ရေးစီမံကိန်း စတင်လုပ်ဆောင်မည်

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ မြောက်ပိုင်း Muara Angke တံငါရွာ ပင်လယ်ကမ်းခြေတွင် ပလတ်စတစ်စွန့်ပစ်အမှိုက်များကို ၂၀၂၁ ခုနှစ် ဇွန် ၈ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

ဂျကာတာ၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ)
အင်ဒိုနီးရှားနိုင်ငံတွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်မြှင့်တင်မှုနှင့် စွန့်ပစ်ပစ္စည်းတိုးပွားလာမှုကို ဖြေရှင်းသည့် လုပ်ဆောင်မှု တစ်စိတ်တစ်ပိုင်းအဖြစ် အောက်တိုဘာနှောင်းပိုင်းတွင် စွန့်ပစ်ပစ္စည်းများမှစွမ်းအင်ထုတ်လုပ်‌ရေး (WTE) စီမံကိန်း အဆင့်လိုက် အစပြုလုပ်ဆောင်မည်ဖြစ်ကြောင်း အစိုးရရင်းနှီးမြှုပ်နှံမှုရန်ပုံငွေ Danantara က စက်တင်ဘာ ၃၀ ရက်၌ ပြောကြားခဲ့သည်။
ပထမအဆင့်အဖြစ် အောက်တိုဘာလ‌နှောင်းပိုင်းတွင် WTE စက်ရုံ ရှစ်ရုံ စတင်လုပ်ဆောင်မည်ဖြစ်သည်။ အင်ဒိုနီးရှားနိုင်ငံသည် နိုင်ငံတစ်ဝန်းတွင် စက်ရုံတစ်ရုံလျှင် နေ့စဥ် စွန့်ပစ်ပစ္စည်း တန် ၁,၀၀၀ ကိုင်တွယ်လုပ်ဆောင်နိုင်မည့် စက်ရုံ ၃၃ ရုံ တည်ဆောက်မည်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ရူပီးယား ၃ ထရီလီယံ (အမေရိကန်ဒေါ်လာ သန်း ၁၈၀ ခန့်) အထိ ရည်ရွယ်ထားကြောင်း နိုင်ငံတော်ရင်းနှီးမြှုပ်နှံမှုအေဂျင်စီ အကြီးအကဲ Rosan Roeslani က ပြောကြားခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံတွင် နှစ်စဥ် စွန့်ပစ်ပစ္စည်းတန်ချိန် ၃၅ သန်းအထိ ထွက်ရှိကြောင်း လက်ရှိအချိန်တွင် ၆၀ ရာခိုင်နှုန်းကိုသာ စီမံလုပ်ဆောင်နိုင်ကြောင်း Rosan က ပြောကြားခဲ့သည်။ စွမ်းအင်သစ်နှင့် ပြည့်ဖြိုးမြဲစွမ်းအင် အရင်းအမြစ်များ ဖွံဖြိုးရေးကူးပြောင်းမှုတွင် WTE အစီအစဥ်သည် နိုင်ငံ၏စွန့်ပစ်ပစ္စည်းပြဿနာအတွက် ရေရှည်ဖြေရှင်းချက်တစ်ခုဖြစ်မည်ဟု မျှော်လင့်ရကြောင်း ၎င်းကထပ်မံ၍ပြောကြားခဲ့သည်။
Rosan ၏အဆိုအရ WTE စီမံကိန်းများသည် နိုင်ငံ၏ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုကို ၈၀ ရာခိုင်နှုန်းအထိ ဖြတ်တောက်နိုင်မည်ဟုမျှော်လင့်ရပြီး စက်ရုံတစ်ရုံလျှင် လျှပ်စစ်ဓာတ်အား ၁၅ မီဂ္ဂါဝပ် ထုတ်လုပ်နိုင်ကာ မြေအသုံးပြုမှုကို ၉၀ ရာခိုင်နှုန်းလျှော့ချနိုင်မည်ဖြစ်ကြောင်းသိရသည်။ (Xinhua)
……………….
(English Version)
Indonesia to launch waste-to-energy projects
JAKARTA, Sept. 30 (Xinhua) — Indonesia will inaugurate a batch of waste-to-energy (WTE) projects in late October as part of efforts to tackle mounting waste and boost renewable energy, the country’s sovereign wealth fund Danantara said Tuesday.
Rosan Roeslani, chief of state investment agency Danantara, said in the first stage, eight WTE plants will be launched later next month. Indonesia ultimately aims to build 33 WTE plants across the country, each with a daily capacity of handling 1,000 tonnes of waste and an investment value of up to 3 trillion rupiah (about 180 million U.S. dollars).
Indonesia produces around 35 million tonnes of waste annually, with only about 60 percent currently managed, Rosan said, adding that the WTE program is expected to provide a long-term solution to the country’s waste problem while catalyzing the development of new and renewable energy sources.
According to Rosan, the WTE projects are expected to cut national greenhouse gas emissions by up to 80 percent, generate as much as 15 megawatts of electricity per plant, and reduce land use by 90 percent.
Photo : Plastics waste seen on the seaside in Muara Angke fishing village of North Jakarta, Indonesia on June 8, 2021. (Xinhua/Veri Sanovri)