Connect with us

China

အစ္စရေး၏ ဇန်နဝါရီမှ စက်တင်ဘာလအတွင်း ကားရောင်းချရမှု၌ တရုတ်လျှပ်စစ်ကား ထိပ်ဆုံးမှရပ်တည်

အစ္စရေးနိုင်ငံ တဲလ်အဗစ်မြို့ရှိ ဆိုင်တစ်ဆိုင်၌ BYD ၏ Atto 3 ကားကို ၂၀၂၃ ခုနှစ် ဇူလိုင် ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျေရုဆလမ်၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ)
တရုတ်ကားထုတ်လုပ်သူ Chery မှထုတ်လုပ်သည့် plug-in hybrid compact crossover SUV အမျိုးအစားဖြစ်သော Jaecoo 7 သည် ၂၀၂၅ ခုနှစ် ပထမသုံးလပတ်အတွင်း အစ္စရေးနိုင်ငံ၌ အရောင်းရဆုံးကားဖြစ်ခဲ့ကြောင်း အစ္စရေးကားတင်သွင်းသူအသင်းမှ အောက်တိုဘာ ၃ ရက်၌ ထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။
ကိုးလတာကာလအတွင်း Jaecoo 7 plug-in မော်ဒယ်၏ စုစုပေါင်း အစီးရေ ၁၁,၁၁၆ စီးရောင်းချခဲ့ရပြီး အခြား ဓာတ်ဆီသုံး၊ ဟိုက်ဘရစ်နှင့် လျှပ်စစ် မော်ဒယ်များ အားလုံးထက် သာလွန်ခဲ့သည်။
ထို့အပြင် Jaecoo 7 ၏ ဓာတ်ဆီအသုံးပြုဗားရှင်းအနေဖြင့် အဆိုပါကာလအတွင်း အစ္စရေးတွင် အစီးရေ ၁,၉၅၉ စီး ရောင်းချခဲ့ရသည်။
အစ္စရေး၌ အလုံးစုံကားရောင်းအားကို တရုတ်အမှတ်တံဆိပ်များက ဦးဆောင်ခဲ့ပြီး ဇန်နဝါရီလမှ စက်တင်ဘာလအတွင်း အစီးရေ ၈၁,၇၁၁ စီး ရောင်းချခဲ့ရသည်။ တောင်ကိုရီးယားအမှတ်တံဆိပ်များက အလုံးရေ ၄၃,၅၂၀ ဖြင့် ဒုတိယနေရာ၌ ရပ်တည်နေပြီး ဂျပန်အမှတ်တံဆိပ်များက ၃၄,၂၄၂ ယူနစ်ဖြင့် ရောင်းချခဲ့သည်။
လျှပ်စစ်ကားစျေးကွက်၌လည်း တရုတ်နိုင်ငံ၏ BYD Auto က မော်ဒယ်ခုနစ်ခုတွင် အစီးရေ ၇,၆၅၉ စီး ရောင်းချခြင်းဖြင့် ထိပ်တန်းနေရာကို ရရှိခဲ့သည်။
Chery က အစီးရေ ၆,၂၃၆ စီး ရောင်းချရပြီး ဒုတိယနေရာ၌ ရပ်တည်ခဲ့ကာ အခြားတရုတ်ထုတ်လုပ်သူ XPeng Motors က အစီးရေ ၅,၄၉၉ စီး ရောင်းချရပြီး တတိယနေရာကို သိမ်းပိုက်ခဲ့သည်။
Geely၊ Lynk & Co နှင့် Dongfeng အပါအဝင် အခြားသော တရုတ်အမှတ်တံဆိပ်များကလည်း ရောင်းအားကောင်းခဲ့ကြသည်။ ခြုံငုံကြည့်လျှင် တရုတ်ကားထုတ်လုပ်သူများသည် ထိုကာလအတွင်း အစ္စရေးနိုင်ငံ၏ လျှပ်စစ်ကားစျေးကွက်၏ ၈၁.၅ ရာခိုင်နှုန်းကို သိမ်းပိုက်ခဲ့ပြီး စုစုပေါင်း အစီးရေ ၄၀,၃၅၁ ရောင်းချခဲ့ရကြောင်း သိရသည်။ (Xinhua)
………………….
(English Version)
Chinese electric model tops Israel’s car sales in Jan.-Sept.
JERUSALEM, Oct. 3 (Xinhua) — The Jaecoo 7, a plug-in hybrid compact crossover SUV from the Chinese carmaker Chery, was the top-selling car in Israel in the first three quarters of 2025, according to data released by the Israel Vehicle Importers Association on Friday.
A total of 11,116 units of the Jaecoo 7 plug-in model were sold throughout the nine months, outpacing all other gasoline-powered, hybrid, and full electric models.
Additionally, the gasoline version of the Jaecoo 7 sold 1,959 units in Israel during the period.
Chinese brands led overall car sales in Israel, with 81,711 units sold between January and September. South Korean brands ranked second with 43,520 units, followed by Japanese brands, which sold 34,242 units.
In the electric car market, China’s BYD Auto secured the top position by selling 7,659 units across seven models.
Chery followed with 6,236 units sold, while another Chinese manufacturer, XPeng Motors, took the third spot with 5,499 units sold.
Other Chinese brands, including Geely, Lynk & Co, and Dongfeng, also performed strongly. Overall, Chinese automakers captured 81.5 percent of Israel’s electric car market in the period, with a total of 40,351 units sold. ■
English Caption
This photo taken on July 17, 2023 shows BYD’s Atto 3 at a shop in Tel Aviv, Israel. (Xinhua/Chen Junqing)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.