China
တိုင်ဖွန်း Matmo အတွက် လိမ္မော်ရောင်သတိပေးချက်ကို တရုတ်နိုင်ငံ ထုတ်ပြန်

ပေကျင်း၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ)
ယခုနှစ်၏ ၂၁ ခုမြောက် တိုင်ဖွန်းမုန်တိုင်း Matmo က အားကောင်းလာကာ တရုတ်နိုင်ငံ တောင်ပိုင်းကမ်းရိုးတန်းဘက်သို့ ဦးတည်သွားသောကြောင့် ၎င်းတိုင်ဖွန်း Matmo အန္တရာယ်အား သတိပြုကြရန် တရုတ်နိုင်ငံ၏ အမျိုးသားစောင့်ကြည့်ရေးဌာနက ၎င်း၏ အဆင့်လေးဆင့်စနစ်တွင် ဒုတိယအမြင့်ဆုံးဖြစ်သည့် လိမ္မော်ရောင်သတိပေးချက်ကို ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
မြောက်လတ္တီကျု ၁၈ ဒီဂရီနှင့် အရှေ့လောင်ဂျီကျု ၁၁၇.၇ ဒီဂရီ၌ တွေ့ရှိရသည့် ယင်းတိုင်ဖွန်းမုန်တိုင်းသည် အောက်တိုဘာ ၄ ရက် နံနက် ၅ နာရီတွင် အနောက်မြောက်ဘက်သို့ တစ်နာရီလျှင် ၂၅-၃၀ ကီလိုမီတာ အရှိန်ဖြင့် ရွေ့လျားနေကြောင်း အမျိုးသားမိုးလေဝသဌာန (NMC) ၏ ထုတ်ပြန်ချက်အရ သိရသည်။
ထိုတိုင်ဖွန်းမုန်တိုင်းသည် အောက်တိုဘာ ၅ ရက် နေ့အချိန်အတွင်း တရုတ်နိုင်ငံ တောင်ပိုင်းရှိ ကွမ်တုန်းပြည်နယ် တျန့်ပိုင်ခရိုင်မှ ဟိုင်နန်ပြည်နယ် ဝမ့်နင်မြို့အထိ ကမ်းရိုးတန်းဒေသများတစ်လျှောက် ကုန်းတွင်းပိုင်းသို့ ဝင်ရောက်နိုင်ကြောင်း NMC က ထုတ်ပြန်ခဲ့သည်။
တိုင်ဖွန်းမုန်တိုင်းကြောင့် အောက်တိုဘာ ၄ ရက် နံနက်မှ အောက်တိုဘာ ၅ ရက် နံနက်အထိ တရုတ်နိုင်ငံတောင်ပိုင်း ကမ်းရိုးတန်းဒေသများ၌ လေပြင်းများ တိုက်ခတ်ပြီး မိုးသည်းထန်စွာ ရွာသွန်းမည်ဟု ခန့်မှန်းရသည်။
အဆိုပါတိုင်ဖွန်းမုန်တိုင်းအတွက် အရေးပေါ်တုံ့ပြန်ဆောင်ရွက်မှုများ လုပ်ဆောင်ရန်နှင့် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ကျရေများနှင့် ဘူမိဗေဒဆိုင်ရာ ဘေးအန္တရာယ်များအတွက် သတိရှိကြရန် အမျိုးသားစောင့်ကြည့်ရေးဌာနက ဒေသဆိုင်ရာအာဏာပိုင်များကို တိုက်တွန်းထားသည်။
တရုတ်နိုင်ငံတွင် တိုင်ဖွန်းမုန်တိုင်းများအတွက် အရောင်ဖြင့် အဆင့်သတ်မှတ်ထားသော ရာသီဥတုသတိပေးစနစ်ဖြစ်သည့် အဆင့်လေးဆင့်ရှိပြီး ယင်းအဆင့်လေးဆင့်တွင် အနီရောင်က အပြင်းထန်ဆုံးသတိပေးချက်ကို ကိုယ်စားပြုကာ လိမ္မော်ရောင်က ဒုတိယအပြင်းထန်ဆုံး၊ အဝါရောင်က တတိယအပြင်းထန်ဆုံးနှင့် အပြာရောင်က စတုတ္ထအပြင်းထန်ဆုံးဖြစ်ကြောင်း သိရသည်။ (Xinhua)
…………………….
(English Version)
China issues orange alert for Typhoon Matmo
BEIJING, Oct. 4 (Xinhua) — China’s national observatory on Saturday issued an orange alert, the second-highest in its four-tier system, for Typhoon Matmo, the 21st typhoon of the year, as it strengthens and heads toward the country’s southern coast.
The typhoon, observed at 18 degrees north latitude and 117.7 degrees east longitude at 5 a.m. on Saturday, is moving northwestward at a speed of 25-30 km per hour, according to the National Meteorological Center (NMC).
It is anticipated to make landfall along coastal areas ranging from Dianbai in Guangdong Province to Wanning in Hainan Province, both located in south China, during the daytime on Sunday, the NMC said.
From Saturday morning to Sunday morning, the typhoon is expected to bring strong winds and heavy rain to China’s southern coastal regions.
The national observatory has urged local authorities to activate emergency response measures for the typhoon and stay alert for mountain torrents and geological disasters triggered by heavy rainfall.
China has a four-tier, color-coded weather warning system for typhoons, with red representing the most severe warning, followed by orange, yellow and blue. ■
English Caption
A citizen holding an umbrella walks across the street in Yangjiang City, south China’s Guangdong Province, Sept. 8, 2025. (Xinhua/Tian Jianchuan)