Media
သီတင်းကျွတ်လပြည့်နေ့တွင် မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်သို့ ဘုရားဖူးပြည်သူ အများအပြားလာရောက်ဖူးမြော်၊ စတုဒိသာ အလှူများ ကျွေးမွေးလှူဒါန်း
ရန်ကုန်၊ အောက်တိုဘာ ၆ ရက် (ဆင်ဟွာ)
သီတင်းကျွတ်လပြည့်နေ့တွင် မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်သို့ ဘုရားဖူးပြည်သူ အများအပြားလာရောက်ဖူးမြော်ကြပုံနှင့် စတုဒိသာ အလှူများ ကျွေးမွေးလှူဒါန်းပုံ မြင်ကွင်းများကို အောက်တိုဘာ ၆ ရက်က ရိုက်ကူးတင်ဆက်ထားခြင်း ဖြစ်သည်။ မြန်မာနိုင်ငံတွင် သီတင်းကျွတ်ပွဲတော်ကို သီတင်းကျွတ်လပြည့်မတိုင်မီ အဖိတ်နေ့၊ သီတင်းကျွတ်လပြည့်နေ့နှင့် သီတင်းကျွတ်လပြည့်ကျော်တစ်ရက်တို့တွင် ၃ ရက်တိုင်တိုင် ကျင်းပခြင်းဖြစ်ရာ ၂၀၂၅ ခုနှစ်၏ သီတင်းကျွတ်လပြည့်နေ့သည် အောက်တိုဘာ ၆ ရက်၌ ကျရောက်ခြင်းဖြစ်သည်။ (Xinhua)