China
ဝမ်ရိနှင့် တောင်ကိုရီးယားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Cho Hyun ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေး

ပေကျင်း၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် တောင်ကိုရီးယားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Cho Hyun နှင့် ဖိတ်ကြားချက်အရ အောက်တိုဘာ ၇ ရက်တွင် ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့သည်။
ထိုသို့ဆွေးနွေးရာတွင် ဝမ်ရိက တရုတ်-တောင်ကိုရီးယားသည် အရေးကြီးသည့် အိမ်နီးချင်းနှင့် နီးကပ်သည့် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်များ ဖြစ်ကြကြောင်း၊ တရုတ်နိုင်ငံသည် တရုတ်-တောင်ကိုရီးယား ဆက်ဆံရေးကို အစဉ်သဖြင့် အလေးထားရာ တောင်ကိုရီးယားနိုင်ငံနှင့်အတူ အပြန်အလှန်ယုံကြည်မှု တိုးမြှင့်ရန်၊ အတားအဆီးများ ဖယ်ရှားရန်၊ ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရန်၊ အပြန်အလှန် အောင်မြင်ဖြစ်ထွန်းစေရန်၊ ဒေသတွင်း တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အတူတကွ အကျိုးဆောင်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံသည် ယခုနှစ်နှင့် လာမည့်နှစ်တွင် အာရှ ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (APEC) ခေါင်းဆောင်များ အလွတ်သဘောအစည်းအဝေးကို ဆက်တိုက်ကြီးမှူးကျင်းပမည် ဖြစ်ရာ နှစ်ဖက်အနေဖြင့် အပြန်အလှန်ထောက်ခံအားပေးရန်၊ ဘက်ပေါင်းစုံ သဘောတူညီချက်များကို တစ်ဆင့်တိုး စုစည်းရန်၊ စည်းလုံးညီညွတ်စွာ ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်၊ နိုင်ငံတကာကုန်သွယ်ရေးယန္တရားအား ကာကွယ်ထိန်းသိမ်းရန်၊ နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်ရေးဝါဒ အယူအဆကို အခိုင်အမာလက်ကိုင်ထားကာ အာရှ-ပစိဖိတ် လွတ်လပ်သော ကုန်သွယ်ရေးဇုန်လုပ်ငန်းစဉ်ကို တွန်းအားပေး၍ အာရှ-ပစိဖိတ် အသိုက်အဝန်း တည်ဆောက်ရေးသို့ ဦးတည်ကာ တက်ကြွစွာ ကြိုးပမ်းရန် မျှော်လင့်ကြောင်း ဝမ်ရိက ထောက်ပြပြောကြားခဲ့သည်။
Cho Hyun က တောင်ကိုရီးယားနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် ဆက်ဆံရေးကို အထူးအလေးထားပြီး တိုးတက်အောင် အစွမ်းကုန် ဆောင်ရွက်မည် ဖြစ်ကြောင်း၊ အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (APEC) ခေါင်းဆောင်များ အလွတ်သဘော အစည်းအဝေးကို အခွင့်အလမ်းအဖြစ် ထားရှိကာ နှစ်နိုင်ငံ အဆင့်မြင့်အလွှာ ကူးလူးဖလှယ်ရေးကို မြှင့်တင်ရန်၊ ကူးလူးဖလှယ် ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းစေရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)
———————–
(Chinese Version)
王毅同韩国外长赵显通电话
新华社北京10月7日电 2025年10月7日,中共中央政治局委员、外交部长王毅应约同韩国外长赵显通电话。
王毅表示,中韩是重要近邻和紧密合作伙伴。中方始终重视中韩关系,愿同韩方增进互信,排除干扰,深化合作,相互成就,共同为地区和平稳定与发展繁荣作出贡献。
王毅指出,中韩将于今明两年接连主办亚太经合组织领导人非正式会议,希望双方相互支持,进一步凝聚各方共识,加强团结协作,维护国际贸易体制,坚持多边主义理念,推动亚太自贸区进程,朝着构建亚太共同体的方向作出积极努力。
赵显表示,韩方高度重视并将竭尽所能发展对华关系,期待以举办亚太经合组织领导人非正式会议为契机,促进两国高层交往,深化交流合作。(完)
1. 9月17日,中共中央政治局委员、外交部长王毅在北京同韩国外长赵显举行会谈。 新华社记者 姚大伟 摄