Connect with us

Europe

အဇာဘိုင်ဂျန်လေကြောင်းလိုင်း ခရီးသည်တင်လေယာဉ် ပျက်ကျရသည့် အကြောင်းရင်းနှင့် စပ်လျဉ်း၍ ပြောကြားရာတွင် ရုရှားအနေဖြင့် လျော်ကြေးပေးရန် ဆန္ဒရှိကြောင်း ပူတင် ပြောကြား

ကာဇက်စတန်နိုင်ငံ Aktau မြို့အနီး လေယာဉ်ပျက်ကျရာနေရာကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ)
ရုရှားသမ္မတ ပူတင်က အဇာဘိုင်ဂျန် သမ္မတ Ilham Aliyev နှင့် အောက်တိုဘာ ၉ ရက် တွေ့ဆုံဆွေးနွေးရာတွင် လွန်ခဲ့သည့်နှစ် ဒီဇင်ဘာလ အဇာဘိုင်ဂျန်လေကြောင်းလိုင်း ခရီးသည်တင်လေယာဉ် ပျက်ကျမှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှု အခြေအနေကို အသေးစိတ် ထုတ်ပြန်ပြောကြားခဲ့ပြီး ယင်းလေယာဉ် ပျက်ကျရသည့် အကြောင်းရင်းမှာ ရုရှားဒုံးကျည် ပေါက်ကွဲပြီးနောက် အပိုင်းအစများထိမှန်ခြင်းကြောင့် ဖြစ်နိုင်ကြောင်း၊ ရုရှားအနေဖြင့် လျော်ကြေးပေးရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်ဟု ရုရှားသမ္မတ ဝက်ဘ်ဆိုက်က အဆိုပါနေ့တွင် ဖော်ပြခဲ့သည်။
ပူတင်သည် အဆိုပါနေ့တွင် တာဂျစ်ကစ္စတန်နိုင်ငံ မြို့တော် ဒူရှန်ဘီ၌ Aliyev နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ ပူတင်က လေယာဉ်ပျက်ကျမှု ဖြစ်ပွားပြီးနောက် ၎င်းသည် ချက်ချင်းပင် Aliyev နှင့် ဖုန်းပြောဆိုမှုတွင် တောင်းပန်ခဲ့ပြီး သေဆုံးသူ၏ မိသားစုဝင်များအပေါ် စိတ်ရင်းမှန်ဖြင့် ဝမ်းနည်းကြောင်း ပြောကြားခဲ့သည်။ လက်ရှိတွင် စုံစမ်းစစ်ဆေးမှုသည် ပြီးဆုံးခါနီးပြီဖြစ်ကာ ဤကြေကွဲဖွယ်ဖြစ်ရပ်၏ အကြောင်းရင်းများကို ဆွေးနွေးနိုင်မည်ဖြစ်ကြောင်း၊ လေယာဉ်ပျက်ကျမှုသည် အကြောင်းရင်းများစွာကြောင့် ဖြစ်ပွားခဲ့ကြောင်း၊ ပထမဦးစွာ ထိုညတွင် ရုရှား-ယူကရိန်းနယ်စပ်ကို ကျော်ဖြတ်လာသည့် ယူကရိန်း ဒရုန်းသုံးစင်းကို ရုရှားဘက်က ခြေရာခံမိခဲ့ကြောင်း၊ ဒုတိယအနေဖြင့် ရုရှား လေကြောင်းရန်ကာကွယ်ရေးစနစ်သည်လည်း နည်းပညာဆိုင်ရာ ချို့ယွင်းမှု ဖြစ်ခဲ့ကြောင်း၊ ရုရှားဘက်မှ ပစ်လွှတ်ခဲ့သည့် ဒုံးကျည်နှစ်စင်းသည် ခရီးသည်တင်လေယာဉ်မှ မီတာ ဒါဇင်ခန့်အကွာတွင် ပေါက်ကွဲခဲ့ရာ ယင်းမှာ အလိုအလျောက် ဖျက်ဆီးသော ယန္တရားကြောင့် ဖြစ်နိုင်ကြောင်း၊ ဒုံးကျည် ပေါက်ကွဲပြီးနောက် အပိုင်းအစများက ခရီးသည်တင်လေယာဉ်ကို ထိမှန်ခြင်းကြောင့် ဖြစ်နိုင်ခြေရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
ယင်းမှာ ခရီးသည်တင် လေယာဉ်ကို “ငှက်အုပ် ဝင်တိုက်မိကြောင်း” လေယာဉ်မှူးများက ရုရှားလေကြောင်းထိန်းသိမ်းရေးဝန်ထမ်းများထံ အကြောင်းကြားရသည့် အကြောင်းရင်းဖြစ်ကြောင်း၊ ပျက်ကျခဲ့သော ခရီးသည်တင်လေယာဉ်၏ “Black Box” မှတ်တမ်းအချက်အလက်များအရ လေယာဉ်မှူးသည် လေယာဉ်နှင့် ငှက်အုပ် တိုက်မိသည်ဟု အထင်မှားကာ ရုရှားလေကြောင်းထိန်းသိမ်းရေးဝန်ထမ်းများထံ အကြောင်းကြားခဲ့ကြောင်း၊ ရုရှားလေကြောင်းထိန်းသိမ်းရေးဝန်ထမ်းများက ခရီးသည်တင်လေယာဉ်အား ရုရှားနိုင်ငံ Makhachkala မြို့တွင် ဆင်းသက်ရန် အကြံပြုခဲ့သော်လည်း လေယာဉ်မှူးက မူလထွက်ခွာခဲ့သည့်နေရာသို့ ပြန်သွားပြီး ကာဇက်စတန်နိုင်ငံသို့ ပျံသန်းရန် ဆုံးဖြတ်ခဲ့ကြောင်း ပူတင်က ပြောကြားခဲ့သည်။
ရုရှားသည် လက်ရှိအချိန်အထိ ရရှိထားသည့် အခြေအနေအားလုံးကို အဇာဘိုင်ဂျန်ထံ ယေဘုယျအားဖြင့် အသိပေးထားပြီးဖြစ်ကြောင်း၊ လျော်ကြေးပေးခြင်းအပါအဝင် လုပ်ဆောင်ရမည့် တာဝန်ဝတ္တရားအားလုံးကို ရုရှားဘက်က ထမ်းဆောင်လိုက်နာသွားမည်ဖြစ်ပြီး သက်ဆိုင်ရာအရာရှိများ၏ လုပ်ရပ်များအပေါ် ဥပဒေကြောင်းအရ အကဲဖြတ်မှုများ ပြုလုပ်မည်ဖြစ်ကြောင်း ပူတင်က ပြောကြားခဲ့သည်။
ရုရှားသမ္မတ ဝက်ဘ်ဆိုက်သတင်းအရ Aliyev က တွေ့ဆုံဆွေးနွေးမှုအတွင်း ရုရှားဘက်မှ စုံစမ်းစစ်ဆေးမှု အသေးစိတ် အချက်အလက် ပံ့ပိုးပေးခြင်းနှင့် ပူတင် ကိုယ်တိုင် စုံစမ်းစစ်ဆေးမှုအား ကြီးကြပ်ပေးခြင်းအတွက် ကျေးဇူးတင်ကြောင်း၊ “စုံစမ်းစစ်ဆေးမှုက ကိစ္စရပ်အားလုံးကို ဓမ္မဓိဋ္ဌာန်ကျကျ ကိုင်တွယ်ဖြေရှင်းနိုင်မယ်လို့ ယုံကြည်ကြောင်း” ပြောကြားခဲ့သည်။
၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၅ ရက်တွင် အဇာဘိုင်ဂျန်မြို့တော် ဘာကူမြို့မှ ရုရှားနိုင်ငံ Grozny မြို့သို့ ပျံသန်းသော အဇာဘိုင်ဂျန်လေကြောင်းလိုင်းကုမ္ပဏီ၏ ခရီးသည်တင်လေယာဉ်တစ်စင်းသည် ကာဇက်စတန်အနောက်ပိုင်းမြို့ Aktau မြို့အနီး ဆင်ခြေဖုံးတွင် ပျက်ကျခဲ့သည်။ လေယာဉ်ပေါ်တွင် စုစုပေါင်း ခရီးသည် ၆၇ ဦး ပါရှိပြီး ယင်းတို့အနက် ၃၈ ဦးသေဆုံးခဲ့သည်။ (Xinhua)

ရုရှားနိုင်ငံ သမ္မတ ပူတင်က ၂၀၂၅ ခုနှစ် စက်တင်ဘာ ၅ ရက်တွင် ရုရှားနိုင်ငံ ဗလာဒီဗော့စ်တော့ခ်မြို့၌ ၁၀ ကြိမ်မြောက် အရှေ့တိုင်းစီးပွားရေးဖိုရမ် မျက်နှာစုံညီအစည်းအဝေးသို့ တက်ရောက်၍ အမှာစကား‌ ပြောကြားနေစဉ် (ဆင်ဟွာ)

………………………
(Chinese Version)
普京谈阿塞拜疆客机失事原因 说俄方愿意赔偿
新华社莫斯科10月9日电(记者黄河)俄罗斯总统网站9日说,俄总统普京当天与阿塞拜疆总统阿利耶夫会谈时,详细介绍了去年12月阿塞拜疆航空公司客机坠毁的调查情况,表示客机失事的原因可能是被俄方导弹爆炸后的碎片击中。俄方愿意赔偿。
普京当天在塔吉克斯坦首都杜尚别与阿利耶夫举行会谈。普京表示,空难发生后,他第一时间在与阿利耶夫的通话中表达了歉意,并向遇难者家属致以诚挚慰问。目前,调查已接近尾声,此时可以讨论这一悲剧的原因。空难由几个因素造成。首先,当晚,俄方追踪到三架越过俄乌边境的乌克兰无人机。其次,俄防空系统本身也出现技术故障。俄方发射的两枚导弹在距客机十余米的位置发生爆炸,可能是因为自毁机制。击中客机的很可能是导弹爆炸后的碎片。
普京表示,这正是飞行员向俄空管人员汇报客机“遭遇鸟群撞击”的原因。据失事客机“黑匣子”记录的信息,飞行员误以为客机与鸟群相撞,并向俄空管人员报告。俄空管人员建议客机在俄罗斯马哈奇卡拉降落,而飞行员决定返回起始地,再飞往哈萨克斯坦。
普京表示,总体上,俄方已将目前掌握的所有情况告知阿方。俄方将履行一切应尽义务,包括赔偿,并对所有相关官员的行为进行法律评估。
据俄总统网站消息,阿利耶夫在会谈中感谢俄方提供详细调查信息以及普京亲自监督调查,表示“相信调查能够客观解决所有问题”。
2024年12月25日,阿塞拜疆航空公司一架从阿首都巴库飞往俄罗斯城市格罗兹尼的客机在哈萨克斯坦西部城市阿克套近郊坠毁。机上共有67人,其中38人丧生。(完)
图说:这是2024年12月25日在哈萨克斯坦阿克套市附近拍摄的坠机现场(无人机照片)。新华社发(阿扎马特·萨尔先巴耶夫摄)
图说:9月5日,俄罗斯总统普京在符拉迪沃斯托克出席第十届东方经济论坛全体会议时发表讲话。新华社发(郭飞洲摄)