Asia
ကဘူးလ်မြို့တွင် အိန္ဒိယသံရုံးပြန်ဖွင့်မည်ဟု အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ပြောကြား

နယူးဒေလီ၊ အောက်တိုဘာ ၁၁ ရက် (ဆင်ဟွာ)
အိန္ဒိယနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး S. Jaishankar က အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့တွင် အိန္ဒိယသံရုံး ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း အောက်တိုဘာ ၁၀ ရက်က ကြေညာခဲ့သည်။
နယူးဒေလီသို့ ခရီးစဉ်ရောက်ရှိနေသည့် အာဖဂန်နစ္စတန် နိုင်ငံခြားရေးဝန်ကြီး Mawlawi Amir Khan Muttaqi နှင့်တွေ့ဆုံပွဲ၌ အဖွင့်အမှာစကားပြောကြားစဥ် Jaishankar က အဆိုပါကြေညာချက်ကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
Muttaqi သည် နှစ်နိုင်ငံဆက်ဆံရေးအားပေးမြှင့်တင်ရန်နှင့် သံတမန်အသိအမှတ်ပြုမှု သေချာစေမည့် ဆွေးနွေးပွဲများ ပြုလုပ်ရန် ရည်ရွယ်၍ အိန္ဒိယနိုင်ငံသို့ တစ်ပတ်ကြာခရီးစဉ်အဖြစ် အောက်တိုဘာ ၉ ရက်က ရောက်ရှိခဲ့ခြင်းဖြစ်သည်။
၎င်းသည် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးနှင့် သံတမန်ရေးရာများ၊ ကုန်သွယ်ရေးနှင့် စီးပွားရေးဆက်ဆံရေးကိစ္စရပ်များ ဆွေးနွေးကြမည် ဖြစ်သည်။
အာဖဂန်နစ္စတန် ကိုယ်စားလှယ်အဖွဲ့သည် အိန္ဒိယ စီးပွားရေးအသိုင်းအဝိုင်းမှ ကိုယ်စားလှယ်များနှင့်လည်း တွေ့ဆုံသွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)
…………………..
(English Version)
India FM says New Delhi to reopen its embassy in Kabul
NEW DELHI, Oct. 10 (Xinhua) — India’s External Affairs Minister S. Jaishankar on Friday announced the reopening of India’s embassy in Kabul.
Jaishankar made the announcement during his opening remarks at the meeting with visiting Afghan counterpart Mawlawi Amir Khan Muttaqi in New Delhi.
Muttaqi arrived in India on Thursday for a week-long visit to hold talks aimed at fostering bilateral ties and securing diplomatic recognition.
He will be discussing diplomatic, trade and economic ties with the Indian counterparts.
The Afghan delegation will also meet representatives of the Indian business community.
Photo : India’s External Affairs Minister S. Jaishankar (R) meets with his Afghan counterpart Mawlawi Amir Khan Muttaqi in New Delhi, India, Oct. 10, 2025. (UNI/Handout via Xinhua)