China
ထျယ်ရှန့်ကျောင်းအနီး ရေပိုင်နက်အတွင်း တရားမဝင် ဝင်ရောက်လာသည့် ဖိလစ်ပိုင်သင်္ဘောကို တရုတ်ကမ်းခြေစောင့်တပ် နှင်ထုတ်

ပေကျင်း၊ အောက်တိုဘာ ၁၃ ရက် (ဆင်ဟွာ)
တရုတ်ကမ်းခြေစောင့်တပ် (CCG) သည် တောင်တရုတ်ပင်လယ်ရှိ ထျယ်ရှန့်ကျောင်းသောင်အနီး ရေပြင်အတွင်းသို့ တရားမဝင် ကျူးကျော်ဝင်ရောက်လာသည့် ဖိလစ်ပိုင်တရားဝင်သင်္ဘောများကို အောက်တိုဘာ ၁၂ ရက်က တရားဥပဒေနှင့်လျော်ညီစွာ နှင်ထုတ်ခဲ့ကြောင်း CCG ပြောရေးဆိုခွင့်ရှိသူ၏ ပြောကြားချက်အရ သိရသည်။
သင်္ဘောကိုယ်ထည်နံပါတ် ၃၀၀၂ နှင့် ၃၀၀၃ ပါ ဖိလစ်ပိုင်တရားဝင်ရေယာဉ်များသည် တရုတ်အစိုးရ၏ခွင့်ပြုချက်မရှိဘဲ တရုတ်နိုင်ငံ နန်ရှားချွင်သောင်ကျွန်းစု၏ ထျယ်ရှန့်ကျောင်းသောင်အနီး ရေပြင်အတွင်းသို့ တရားမဝင် ဝင်ရောက်ခဲ့ကြောင်း CCG ပြောရေးဆိုခွင့်ရှိသူ လျိုတယ်ကျွင်းက ပြောကြားခဲ့သည်။
လျိုက နံနက် ၉ နာရီ ၁၉ မိနစ်တွင် ဖိလစ်ပိုင်အများပိုင်ရေယာဉ် ၃၀၀၃ သည် တရုတ်ဘက်ခြမ်းမှ သတိပေးချက်အများအပြားကို လျစ်လျူရှုခဲ့ပြီး ပုံမှန်တရားဥပဒေစိုးမိုးရေးဆိုင်ရာ လှုပ်ရှားမှုများ လုပ်ဆောင်နေသည့် CCG ရေယာဉ် ၂၁၅၅၉ အနီးသို့ အန္တရာယ်ရှိစွာ ချဉ်းကပ်ခဲ့သဖြင့် ရေယာဥ်ချင်းတိုက်မိသွားခဲ့ကြောင်း ပြောကြားသည်။
“ဖိလစ်ပိုင်ဘက်က တာဝန်အပြည့်ရှိပါတယ်” ဟု လျိုက အဆိုပါရေယာဥ်ချင်းတိုက်မိမှုနှင့်ပတ်သက်၍ အလေးအနက် ပြောကြားခဲ့သည်။
CCG သည် ထိုဖိလစ်ပိုင်ရေယာဉ်များကို ဥပဒေနှင့်အညီ ထိန်းချုပ်မှုအစီအမံများလုပ်ဆောင်ခဲ့ပြီး ၎င်းတို့အား ပြတ်ပြတ်သားသား နှင်ထုတ်ခဲ့ကြောင်း၊ လုပ်ငန်းဆောင်ရွက်မှုများမှာ ပရော်ဖက်ရှင်နယ်ဆန်ပြီး စံချိန်စံညွှန်းနှင့်အညီဖြစ်ကာ ကျိုးကြောင်းဆီလျော်၍ တရားဥပဒေနှင့်လည်း ကိုက်ညီမှုရှိကြောင်း လျိုက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံတွင် ထျယ်ရှ့န်ကျောင်းသောင်နှင့် ကပ်လျက်ရေပိုင်နက်အပါအဝင် နန်ရှားချွင်သောင်ကျွန်းစုနှင့်ပတ်သက်၍ ငြင်းပယ်မရနိုင်သော အချုပ်အခြာအာဏာရှိသည်။ဖိလစ်ပိုင်ဘက်ခြမ်း၏ လုပ်ရပ်များသည် တရုတ်နိုင်ငံ၏ နယ်မြေပိုင်နက်အချုပ်အခြာအာဏာကို ပြင်းပြင်းထန်ထန် ချိုးဖောက်သလို တောင်တရုတ်ပင်လယ် နိုင်ငံများ အပြုအမူဆိုင်ရာ ကြေညာစာတမ်းကို ချိုးဖောက်ကာ တောင်တရုတ်ပင်လယ်အတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိခိုက်စေကြောင်း ၎င်းပြောရေးဆိုခွင့်ရှိသူက အလေးအနက် ပြောကြားခဲ့သည်။
“ဖိလစ်ပိုင်အနေနဲ့ သူ့ရဲ့ချိုးဖောက်မှုတွေနဲ့ ရန်စတဲ့လုပ်ရပ်တွေကို ချက်ချင်းရပ်တန့်ဖို့ ကျွန်တော်တို့ ပြင်းပြင်းထန်ထန်သတိပေးလိုက်ပါတယ်။ ကျွန်တော်တို့ CCG အနေနဲ့ တရုတ်နိုင်ငံရဲ့ တရားစီရင်ပိုင်ခွင့်ရေပိုင်နက်အတွင်း အခွင့်အရေးတွေကို အကာအကွယ်ပေးဖို့အတွက် ဥပဒေစိုးမိုးရေးလုပ်ငန်းစဉ်တွေကို ဆောင်ရွက်သွားမှာပါ” ဟုလည်း လျိုက ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)
………………
(English Version)
Chinese Coast Guard expels Philippine vessel illegally entering waters near Tiexian Jiao
BEIJING, Oct. 12 (Xinhua) — Chinese Coast Guard (CCG) lawfully expelled Philippine official vessels that illegally intruded into the waters near Tiexian Jiao in the South China Sea on Sunday, according to a CCG spokesperson.
Philippine official vessels with the hull number of 3002 and 3003 illegally entered the waters near Tiexian Jiao of China’s Nansha Qundao without the permission of the Chinese government, said CCG spokesperson Liu Dejun.
Liu added that, at 9:19 a.m., Philippine public vessel 3003 ignored multiple warnings from the Chinese side and dangerously approached CCG vessel 21559, which was conducting normal law enforcement activities for rights protection, resulting in a collision.
“The full responsibility lies with the Philippine side,” Liu stressed.
The CCG took control measures according to law against the Philippine vessels and resolutely expelled them. The operations were professional, standardized, reasonable and lawful, Liu said.
China has indisputable sovereignty over the Nansha Qundao, including Tiexian Jiao and the adjacent waters. The Philippine side’s actions have seriously violated China’s territorial sovereignty, breached the Declaration on the Conduct of Parties in the South China Sea, and undermined peace and stability in the South China Sea, the spokesperson stressed.
“We sternly warn the Philippines to immediately cease its infringements and provocative acts. The CCG will conduct law enforcement activities for rights protection in China’s jurisdiction waters in accordance with the law,” Liu said. ■
English Caption
Philippine public vessel 3003 illegally intrudes into the waters near Tiexian Jiao in the South China Sea on Oct. 12, 2025. (CCG/Handout via Xinhua)