International Organizations
မြောက်အိုင်ယာလန်နှင့် ပွဲစဉ်မတိုင်မီ ရွေးချယ်စရာ တိုက်စစ်မှူး နည်းပါးနေခြင်းက ဂျာမနီအတွက် ဖိအားဖြစ်ပေါ်စေ

ဘာလင်၊ အောက်တိုဘာ ၁၃ ရက် (ဆင်ဟွာ)
အောက်တိုဘာ ၁၃ ရက်တွင် မြောက်အိုင်ယာလန်အသင်းနှင့် ယှဉ်ပြိုင်ကစားမည့် ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလား ခြေစစ်ပွဲမတိုင်မီ ဂျာမနီအသင်းမှာ တိုက်စစ်မှူး မလုံလောက်မှုနှင့် ရင်ဆိုင်နေရကာ ထိုအခြေအနေက ၂၀၁၄ ခုနှစ် ဖီဖာကမ္ဘာ့ဖလား ချန်ပီယံအသင်း၏ လူအင်အား တောင့်တင်းမှုရှိမရှိကို အကဲစမ်းလျက်ရှိသည်။
နယူးကာဆယ်မှ နစ်ခ် ဝေါ်လ်တမ်မာဒီ၊ ဖရန့်ဖွတ်မှ ဂျိုနသန် ဘာကာ့ဒ်နှင့် ဒေါမွန်မှ မက်စီမီလီယန် ဘိုင်ယာတို့မှာ နိုင်ငံအသင်းအတွက် ပထမဆုံးသွင်းဂိုး ရရှိရန် ကြိုးပမ်းနေရဆဲအချိန်တွင် ဒဏ်ရာပြဿနာများနှင့် စိန်ခေါ်မှုများက နည်းပြ ဂျူလီယန် နာဂယ်စ်မန်းအတွက် ကစားသမားရွေးချယ်ရာတွင် အကန့်အသတ်ဖြစ်စေခဲ့သည်။
“ကျွန်တော်တို့မှာ စိတ်ကြိုက်ရွေးချယ်နိုင်တဲ့ ထိပ်တန်းလူစာရင်းကို အမြဲတမ်းမရပါဘူး” ဟု အဆိုပါ ဂျာမနီနည်းပြက ဆိုသည်။ နစ်ကလက်စ် ဖူးလ်ခရွတ်၊ ကိုင်ဟားဗက်ဇ်၊ ဂျမားလ် မူစီယာလာ၊ တင်မ် ကလိုင်းဒင့်စ်နှင့် ဒန်းနစ်ဇ် အွန်ဒက်ဗ်တို့မှာလည်း ဘဲလ်ဖက်စ်မြို့သို့ ထွက်ခွာမည့် ခရီးစဉ်မတိုင်မီအထိ ဒဏ်ရာကြောင့် အနားယူနေရဆဲဖြစ်သည်။
နာဂယ်စ်မန်း ကိုင်တွယ်ခဲ့သည့် ၂၅ ပွဲတွင် ဂျာမနီအသင်း ရရှိခဲ့သည့် သွင်းဂိုး ၅၁ ဂိုးအနက် ၂၈ ဂိုးအား လက်ရှိ ပါဝင်ကစားနိုင်ခြင်းမရှိသေးသည့် တိုက်စစ်ကစားသမားများက သွင်းယူခဲ့ခြင်းဖြစ်သည်။ မကြာမီက လူဇင်ဘတ်အား အနိုင်ရရှိခဲ့သည့် ပွဲစဉ်တွင် သွင်းဂိုးလေးဂိုးအနက် သုံးဂိုးအား တည်ကန်ဘောများမှ ရရှိခဲ့ခြင်းက ဂျာမနီ၏ ပကတိအခြေအနေကို လှစ်ဟပြနေကာ ပြိုင်ဘက်ဂိုးဧရိယာထဲတွင် စိုးမိုးထားနိုင်သည့် တိုက်စစ်မှူးများဖြင့် တည်ဆောက်ခဲ့သော ဂျာမနီ၏ ရွှေခေတ်မှာ မှေးမှိန်လာပုံရပြီး အဆိုပါ သုံးဂိုးလုံးကို နောက်ခံလူများက သွင်းယူခဲ့ခြင်းဖြစ်သည်။
ကလိုင်းဒင့်စ်မှာ ဂျာမနီအတွက် နောက်ဆုံးဂိုးသွင်းယူထားသည့် အထောင်တိုက်စစ်မှူးဖြစ်ကာ ၂၀၂၅ ခုနှစ် မတ်လက အီတလီနှင့် ၃ ဂိုးစီ သရေကျခဲ့သည့်ပွဲစဉ်၌ ဂိုးသွင်းယူခဲ့ခြင်းဖြစ်သည်။
မီရိုဆလက်ဗ် ကလိုဆေး၊ ရူဒီဗောင်လာနှင့် ယာဂန် ကလင်းစ်မန်းတို့မှသည် ဂ့ါဒ်မူလာနှင့် ကားလ်-ဟိန့်ဇ် ရွမ်မန်နစ်ဂီတို့အထိ ထိတ်ထိတ်ကြဲ တိုက်စစ်မှူးများစွာ ထွက်ပေါ်ခဲ့သည့် နိုင်ငံအဖြစ် တစ်ချိန်က လူသိများခဲ့သည့် ဂျာမနီအသင်းမှာ ယခုအခါ တိုက်စစ်မှူးရှားပါးမှုနှင့် မကြုံစဖူး ရင်ဆိုင်နေရပြီဖြစ်သည်။
အသက် ၂၃ နှစ်အရွယ် ဝေါ်လ်တမ်မာဒီမှာ ၎င်း၏ကလပ်အသင်းဖြစ်သည့် နယူးကာဆယ်တွင် ခြေစွမ်းပြနေပြီး ခြောက်ပွဲတွင် လေးဂိုးသွင်းယူခဲ့သော်လည်း နိုင်ငံအသင်းအတွက် ငါးပွဲကစားခဲ့ရာတွင် ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိပေ။ ထို့အတူ ဘာကာ့ဒ်နှင့် ဘိုင်ယာတို့မှာလည်း သက်ဆိုင်ရာ ကလပ်အသင်းများတွင် ဂိုးမြူးနေသော်လည်း နိုင်ငံအသင်းတွင်မူ ဂိုးပေါက်ပျောက်နေဆဲဖြစ်သည်။
“ဂျာမနီဟာ အကန့်အသတ်တွေနဲ့ ရင်ဆိုင်နေရပြီ” ဟု ဂျာမန်သတင်းစာတစ်စောင်ဖြစ်သည့် Welt က ရေးသားခဲ့သလို အပျော်ဖတ်သတင်းစာဖြစ်သည့် Bild ကလည်း ဂျာမနီအသင်း၏ အခြေအနေအား ဂိုးသွင်းမုဆိုး အလွန်ရှားပါးနေခြင်းဟု သုံးနှုန်းဖော်ပြခဲ့သည်။
သို့ဖြစ်၍ နာဂယ်စ်မန်း၏ မျှော်လင့်ချက်များမှာ လက်ရှိခြေစွမ်းပြနေသည့် တစ်ဦးတည်းသော တိုက်စစ်ကစားသမားဖြစ်သည့် ဆာ့ဂျ် နာဘရီ၊ ဝေါ်လ်တမ်မာဒီ၊ ဘာကာ့ဒ်နှင့် ဘိုင်ယာတို့အပြင် ဘရန့်ဖို့ဒ်ကစားသမား ကယ်ဗင် ရှာဒယ်၊ ဒေ့ါမွန်ကစားသမား ကာရင်မ် အဒီယီမီ စသည့် ကစားသမားများပေါ်တွင် မူတည်နေပြီဖြစ်သည်။
ပြီးခဲ့သည့် စက်တင်ဘာလက မြောက်အိုင်ယာလန်နှင့် ပွဲစဉ်တွင် ဖရီးကစ်မှတစ်ဆင့် ဂိုးသွင်းယူခဲ့သည့် လီဗာပူးလ် တိုက်စစ်ကစားသမား ဖလော်ရီယန် ဗက်ဇ်မှာလည်း လေဗာကူဆင်အသင်းမှ ထွက်ခွာသွားပြီးနောက် ၎င်း၏ပုံမှန်ခြေစွမ်းကို မရရှိသေးပေ။ (Xinhua)

ဂျာမနီနိုင်ငံ ဆင်န်ရှိုင်းမြို့တွင် ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၀ ရက်က ဂျာမနီအသင်းနှင့် လူဇင်ဘတ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလား ဥရောပဇုန်ခြေစစ်ပွဲစဉ်၌ ဂျာမနီအသင်းနည်းပြချုပ် ဂျူလီယန် နာဂယ်စ်မန်း အောင်ပွဲခံနေစဉ် (ဆင်ဟွာ)

ဂျာမနီနိုင်ငံ ဆင်န်ရှိုင်းမြို့တွင် ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၀ ရက်က ဂျာမနီအသင်းနှင့် လူဇင်ဘတ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလား ဥရောပဇုန်ခြေစစ်ပွဲစဉ်၌ ဂျာမနီအသင်းမှ နစ်ခ် ဝေါ်လ်တမ်မာဒီ (ယာ) ဂိုးသွင်းယူရန် ကြိုးပမ်းနေစဉ် (ဆင်ဟွာ)
………………
(English Version)
Germany burdened by striker shortage ahead of duel in Northern Ireland
BERLIN, Oct. 12 (Xinhua) — Ahead of its 2026 World Cup qualifier against Northern Ireland on Monday, Germany faces a striker shortage that is testing the depth of the 2014 FIFA World Cup champion.
While Newcastle’s Nick Woltemade, Frankfurt’s Jonathan Burkardt and Dortmund’s Maximilian Beier continue to search for their first national team goals, a series of injuries and setbacks have limited coach Julian Nagelsmann’s options.
“We don’t always have a top squad to our disposal,” the German coach said, as Niclas Fullkrug, Kai Havertz, Jamal Musiala, Tim Kleindienst and Deniz Undav remain sidelined ahead of the trip to Belfast.
Twenty-eight of the 51 goals Germany has scored in Nagelsmann’s 25 games in charge came from the missing forwards. That three of the four goals in the recent win over Luxembourg came from set pieces tells its own story, as Germany’s golden era of box-striker dominance appears to be fading. All three goals were scored by defenders.
Kleindienst was the last traditional striker to score for Germany, finding the net in a 3-3 draw with Italy in March 2025.
Once known as a country of prolific strikers — from Miroslav Klose, Rudi Voller and Jurgen Klinsmann to Gerd Muller and Karl-Heinz Rummenigge — Germany now appears caught in a rare drought.
Woltemade has been in form for Newcastle with four goals in six club matches, but the 23-year-old has yet to score in five appearances for the national team. Burkardt (three) and Beier (four) have also been productive at club level but remain goalless internationally.
“Germany is meeting its limits,” newspaper Welt wrote, while tabloid Bild called the situation a fatal shortage of a “goal puncher.”
Nagelsmann’s hopes now rest on the shoulders of available options such as Serge Gnabry — the only forward currently in form — Brentford’s Kevin Schade and Dortmund’s Karim Adeyemi, alongside Woltemade, Burkardt and Beier.
Despite scoring a free-kick goal against Northern Ireland in September, Liverpool forward Florian Wirtz has yet to rediscover his rhythm following his move from Bayer Leverkusen.
English Caption 1
Players of Germany celebrate scoring during the 2026 World Cup European Qualifiers football match between Germany and Luxembourg in Sinsheim, Germany, Oct. 10, 2025. (Photo by Ulrich Hufnagel/Xinhua)
English Caption 2
Julian Nagelsmann, head coach of Germany, celebrates during the 2026 World Cup European Qualifiers football match between Germany and Luxembourg in Sinsheim, Germany, Oct. 10, 2025. (Photo by Ulrich Hufnagel/Xinhua)
English Caption 3
Nick Woltemade (R) of Germany shoots during the 2026 World Cup European Qualifiers football match between Germany and Luxembourg in Sinsheim, Germany, Oct. 10, 2025. (Photo by Ulrich Hufnagel/Xinhua)