International Organizations
၂၀၂၅ ရှန်ဟိုင်းမာစတာ တင်းနစ်ပြိုင်ပွဲတွင် Vacherot သမိုင်းဝင်အောင်ပွဲရရှိ

ရှန်ဟိုင်း၊ အောက်တိုဘာ ၁၃ ရက် (ဆင်ဟွာ)
ကမ္ဘာ့အဆင့် ၂၀၄ ရှိသည့် မိုနာကိုနိုင်ငံမှ Valentin Vacherot သည် ပြင်သစ်နိုင်ငံမှ Arthur Rinderknech ကို ၄-၆ ၊ ၆-၃၊ ၆-၃ ရလဒ်ဖြင့် အောက်တိုဘာ ၁၂ ရက်က အနိုင်ရရှိကာ ၂၀၂၅ ရှန်ဟိုင်းမာစတာ တင်းနစ်ပြိုင်ပွဲ ချန်ပီယံ ဖြစ်လာခဲ့သည်။
အဆိုပါပွဲစဥ်သည် သမိုင်းတွင် အဆင့်အနိမ့်ဆုံး ATP Masters 1000 ဗိုလ်လုပွဲ ဖြစ်ခဲ့သည်။ ပုံမှန်မဟုတ်သောအဆင့်သတ်မှတ်ချက်များရှိသော်လည်း Vacherot သည် ပထမတစ်ပွဲတွင်ရှုံးနိမ့်ခဲ့ပြီးနောက် ပြန်လည်တိုက်စစ်ဆင်နိုင်ခဲ့သောကြောင့် ဗိုလ်လုပွဲစဥ်သည် အံ့သြဖွယ်ရာအရှိန်အဟုန်ဖြင့် အပြောင်းအလဲများရှိခဲ့ပြီး အဆင့်မြင့်တင်းနစ်အရည်အသွေးကို ထုတ်ဖော်ပြသနိုင်ခဲ့သည်။
“ရှုံးနိမ့်နေတဲ့အချိန်မှာ အကောင်းဆုံးစွမ်းဆောင်ရည်ကို ယူဆောင်နိုင်ဖို့ ကျွန်တော့်မှာရွေးချယ်စရာ မရှိခဲ့ဘူး” ဟု နောက်ကျန်နေတဲ့အခြေအနေမှ ပြန်လည်စံချိန်ရယူနိုင်မှုကို ပြန်ပြောင်းပြောဆိုခဲ့သည်။ “ပထမပွဲမှာ ဘာမှ မလုပ်နိုင်ခဲ့ဘူး၊ သူကကျွန်တော့်ထက် ပိုကောင်းအောင်ကစားခဲ့တယ်။ ကျွန်တော့်ရဲ့ ပထမဆုံး ချိုးဖျက်နိုင်ဖို့ အခွင့်အရေးကို ဒုတိယပွဲမှာ ရယူနိုင်ခဲ့တယ်၊ အဲဒီအချိန်ကစပြီး ပရိသတ် စိတ်ဝင်စားမှု ပိုအားကောင်းလာခဲ့တယ်၊ ပွဲစဥ်ဒုတိယပိုင်းမှာ ကျွန်တော်တို့ ပိုကောင်းတဲ့ကစားပွဲပုံဖော်နိုင်ခဲ့တယ်” ဟု Vacherot က ပြောခဲ့သည်။
Rinderknech နှင့် ရင်ဆိုင်ရသည့်စိန်ခေါ်မှုကို ဖော်ပြရာတွင် “ပိုက်တစ်ဖက်ကလူကို အနိုင်ရရှိဖို့ပဲ ကျွန်တော် ကြိုးစားခဲ့တာပါ” ဟု ၎င်းက ထပ်မံပြောကြားခဲ့သည်။
ကစားသမားနှစ်ဦးသည် မိခင်ဘက်မှတော်စပ်သည့် ဝမ်းကွဲညီအစ်ကိုများဖြစ်ကြပြီး ပြင်သစ်နိုင်ငံတောင်ပိုင်းတွင် အတူ တင်းနစ်ကစားရင်းကြီးပြင်းခဲ့ကြသူများဖြစ်သည်။ ပြိုင်ပွဲအနိုင်ရရှိပြီးနောက် Vacherot က ကင်မရာမှန်ဘီလူးပေါ်တွင် အဘိုးနဲ့အဘွား ဂုဏ်ယူကြလိမ့်မည် ဟု ရေးသားခဲ့သည်။
“ညီအစ်ကိုဝမ်းကွဲဆိုတာနဲ့ အတူလေ့ကျင့်ကြီးပြင်းခဲ့သူ ဆိုတာကို ဘေးဖယ်ထားဖို့ ကျွန်တော် ကြိုးစားခဲ့တယ်၊ ဒါက အတော်ခက်ပါတယ်၊ ပထမပွဲမှာ ဖိအားတွေကိုရင်ဆိုင်ရာမှာ သူက ကျွန်တော့်ထက် ပိုကောင်းခဲ့ပါတယ်၊ ဒါပေမဲ့လည်း ပြောင်းလဲနိုင်မယ့်နည်းလမ်းကို ရှာတွေ့ခဲ့တာပါ” (Xinhua)

ပြိုင်ပွဲအတွင်းအမှတ်ရယူပြီးအောင်ပွဲခံနေသည့် Vacherot ကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၂ ရက်က တွေ့ရစဥ် (ဆင်ဟွာ)
………………….
(English Version)
Vacherot claims historic victory at 2025 Shanghai Masters
SHANGHAI, Oct. 12 (Xinhua) — Valentin Vacherot of Monaco, ranked No. 204 in the world, defeated France’s Arthur Rinderknech 4-6, 6-3, 6-3 to claim the 2025 Shanghai Masters title on Sunday.
The match marked the lowest-ranked ATP Masters 1000 final in history. Despite the unusual rankings, it delivered high-quality tennis and dramatic momentum shifts as Vacherot fought back after dropping the first set.
“I feel that when I am down, I have no choice but to bring my A-game,” Vacherot said, reflecting on his record of rallying from behind. “In the first set, I didn’t do that, and he was playing better than me. I took my first chance to break in the second set, and from that point, the crowd got more involved, and we put on a better show in the second part of the match.”
“I was just trying to beat the guy on the other side of the net,” he added, describing the challenge of facing Rinderknech.
The two players are cousins, connected through their mothers, and grew up playing tennis together in southern France. After sealing the victory, Vacherot wrote on the camera lens: “Grandma and grandpa would be proud.”
“I tried to put aside the fact that he’s my cousin and the guy I’ve been training and growing up with. It was very tough, and he did a better job than me in the first set, coping with the pressure. But I just found a way to turn it around.”
Photo (1) Vacherot defeats Rinderknech to claim the men’s singles title at the 2025 ATP Shanghai Tennis Masters, Oct. 12, 2025. (Xinhua/Ding Ting)
Photo (2) Vacherot celebrates a point during the match, Oct. 12, 2025. (Xinhua/Chen Haoming)