China
တရုတ်နိုင်ငံမှ မြောင်လူမျိုး ပန်းချည်ထိုးသူ လုံလုယဉ်က ပန်းချည်ထိုးမှုဖြင့် သာယာလှပသောဘဝဖန်တီး

ကွေ့ယန်၊ အောက်တိုဘာ ၁၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ် စီးပင်ခရိုင်မှ မြောင်လူမျိုး ပန်းချည်ထိုးသူ လုံလုယဉ်သည် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် မြောင်ပန်းချည်ထိုးနည်း၏ ပြည်နယ်အဆင့် ကိုယ်စားပြုနိုင်သော လက်ဆင့်ကမ်းသူဖြစ်သည်။
၎င်းသည် ယခင်နှစ်များက ပြင်ပ၌ သွားရောက် အလုပ်လုပ်ကိုင်ခဲ့ပြီး နောက်ပိုင်းတွင် ဇာတိရွာသို့ ပြန်ရောက်ရှိလာကာ မြောင်ပန်းချည်ထိုး လုပ်ငန်းကုမ္ပဏီ ဖန်တီးထူထောင်ခဲ့သည်။ ထို့အပြင် ဒေသတွင်းအမျိုးသမီးများအတွက် ပန်းချည်ထိုးမှု လက်မှုပညာ လေ့ကျင့်ရေး အခမဲ့လုပ်ဆောင်ပေးခဲ့ရာ ကျေးလက်အမျိုးသမီးပေါင်း ၁,၂၀၀ ကျော် လုပ်ငန်းခွင်ဝင်၍ ဝင်ငွေတိုးရန် လုပ်ဆောင်ပေးနိုင်ခဲ့သည်။
လတ်တလောနှစ်ပိုင်းတွင် လုံလုယဉ်သည် မြောင်ပန်းချည်ထိုးနည်းအား ဆန်းသစ်တီထွင်စွာ ပြောင်းလဲအသုံးပြုမှုအတွက် ကြိုးပမ်းစူးစမ်းဖော်ဆောင်လျက်ရှိသည်။ ၎င်းသည် စမတ်မြောင်ပန်းချည်ထိုးထုတ်လုပ်ရေးစက်ပစ္စည်းများ ရင်းနှီးဝယ်ယူ၍ မြောင်လူမျိုး ဓလေ့ပါဝင်သည့် ပန်းချည်ထိုးလက်ရာများအား ထုတ်လုပ်ဖန်တီးခဲ့ရာ အဓိကအားဖြင့် နံရံချိတ်ပိတ်ရှည်၊ ပန်းချီကား၊ အဝတ်အထည် စသည့်ထုတ်ကုန်များ၌ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုထားသည်။ အမျိုးသမီးများက ၎င်းတို့ လက်တစ်စုံဖြင့် ပန်းချည်ထိုးကာ သာယာလှပသောဘဝကို ဖန်တီးနိုင်ခဲ့ပြီ ဖြစ်ပေသည်။ (Xinhua)

တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ် စီးပင်ခရိုင် ဝူဆွေယွင်ထိုင် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် အလုပ်ရုံ၌ ပန်းချည်ထိုးဖန်တီးမှု လုပ်ဆောင်နေသော လုံလုယဉ်အား ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ် စီးပင်ခရိုင် ဝူဆွေယွင်ထိုင် စမတ်ပန်းချည်ထိုးစက်ခန်းအတွင်း၌ ဝန်ထမ်းများ စက်ပစ္စည်းထိန်းချုပ်ရန် ညွှန်ကြားနေသည့် လုံလုယဉ်အား ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
——————
(Chinese Version)
苗族绣娘龙禄颖:巧手绣出锦绣天地
新华社照片,贵阳,2025年10月12日
贵州省施秉县苗族绣娘龙禄颖,是非遗苗绣省级代表性传承人。她早年外出打工,后来返乡创办苗绣企业并免费给当地妇女开展刺绣技能培训,带动1200余名农村妇女就业增收。
近年来,龙禄颖致力于探索苗绣的创造性转化应用。她投入智能化苗绣生产设备,生产苗家风格的绣品,广泛应用于墙布、挂画、服装等产品。妇女们用自己的双手绣出了一片锦绣天地。
图说1、2:龙禄颖在位于贵州省施秉县的舞水云台非遗工坊进行刺绣创作(10月10日摄)。 新华社记者 陶亮 摄
图说3:龙禄颖在位于贵州省施秉县的舞水云台智能绣花车间指导工人操作设备(10月10日摄)。新华社记者 陶亮 摄