Connect with us

China

တရုတ်နိုင်ငံက ဂြိုဟ်တုအုပ်စုသစ် အောင်မြင်စွာ လွှတ်တင်

တရုတ်နိုင်ငံ မြောက်ပိုင်း ဆန်ရှီးပြည်နယ်ရှိ ထိုက်ယွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ ဂြိုဟ်တုအုပ်စုသစ်တစ်ခု တင်ဆောင်ထားသည့် ပြုပြင်မွမ်းမံထားသော Long March-6 သယ်ဆောင်ရေးဒုံးပျံကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၇ ရက်က လွှတ်တင်စဉ် (ဆင်ဟွာ)

ထိုက်ယွမ်၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ မြောက်ပိုင်း ဆန်းရှီးပြည်နယ်ရှိ ထိုက်ယွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ ဂြိုဟ်တုအုပ်စုသစ်တစ်ခုကို အောက်တိုဘာ ၁၇ ရက်က အာကာသထဲသို့ လွှတ်တင်ခဲ့သည်။
တရုတ်နိုင်ငံ၏ ဂြိုဟ်ပတ်လမ်းကြောင်းနိမ့် စီးပွားဖြစ်ဂြိုဟ်တုကွန်ရက်ဖြစ်သော Spacesail ဂြိုဟ်တုအစုအဝေး ပါဝင်သည့် အဆိုပါဂြိုဟ်တုအုပ်စုကို ပြုပြင်မွမ်းမံထားသော Long March-6 သယ်ဆောင်ရေးဒုံးပျံဖြင့် (ပေကျင်းစံတော်ချိန်) မွန်းလွဲ ၃ နာရီ ၈ မိနစ်၌ လွှတ်တင်ခဲ့ခြင်းဖြစ်ပြီး ယင်းဂြိုဟ်တုအုပ်စုမှာ ကြိုတင်သတ်မှတ်ထားသော ဂြိုဟ်ပတ်လမ်းကြောင်းထဲသို့ အောင်မြင်စွာ ဝင်ရောက်ခဲ့သည်။
ထိုလွှတ်တင်မှုမှာ Long March သယ်ဆောင်ရေးဒုံးပျံစီးရီး၏ ၆၀၁ ကြိမ်မြောက် ပျံသန်းရေးမစ်ရှင်ဖြစ်ကြောင်း သိရသည်။ (Xinhua)


…………………..
(English Version)
China successfully launches new satellite group
TAIYUAN, Oct. 17 (Xinhua) — China sent a new satellite group into space on Friday from the Taiyuan Satellite Launch Center in north China’s Shanxi Province.
The satellite group, which will constitute the Spacesail Constellation — a commercial Chinese low-orbit satellite network, was launched at 3:08 p.m. (Beijing Time) aboard a modified Long March-6 carrier rocket and entered its preset orbit successfully.
This launch marked the 601st flight mission of the Long March carrier rocket series. ■
English Caption
A modified Long March-6 carrier rocket carrying a new satellite group blasts off from the Taiyuan Satellite Launch Center in north China’s Shanxi Province on Oct. 17, 2025. (Photo by Wang Yapeng/Xinhua)