Connect with us

Politics, Law & Military

တရုတ် နိုင်ငံမှ ဒေါက်တာ ဆွန်ယက်ဆင် မွေးနေ့ နှစ် ၁၅၀ ပြည့် အခမ်းအနားကို ကြီးကျယ် ခမ်းနားစွာ ကျင်းပ သွားမည် ဖြစ်ကြောင်း ထုတ်ပြန်

တရုတ်နိုင်ငံ ပေကျင်းမြို့ ထျန်းအန်းမင် ရင်ပြင်ရှိ ဒေါက်တာ ဆွန်ယက်ဆင် ၏ ပုံတူပန်းချီအား မြင်တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း ၊ နိုဝင်ဘာ ၈ ရက်(ဆင်ဟွာ)

တရုတ် နိုင်ငံ ၁၂ ကြိမ်မြောက် နိုင်ငံလုံးကျွတ် နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရန့် ၁၃ ကြိမ်မြောက် အစည်းအဝေး တွင် ဒေါက်တာ ဆွန်ယက်ဆင် မွေးနေ့ နှစ် ၁၅၀ ပြည့် အခမ်းအနားကို ကြီးကျယ် ခမ်းနားစွာ ကျင်းပ သွားမည်ကို တရားဝင် ထုတ်ပြန် ကြေညာ ခဲ့သည်။

၂၀၁၆ ခုနှစ် နိုဝင်ဘာ ၁၂ ရက်နေ့သည် တရုတ် နိုင်ငံ၏ အမျိုးသား အာဇာနည် ၊ မဟာ မျိုးချစ် နိုင်ငံရေး သမားကြီး ၊ ဒီမိုကရေစီ တော်လှန်ရေး ဦးဆောင် ပုဂ္ဂိုလ်ကြီး ဖြစ်သော ဒေါက်တာ ဆွန်ယက်ဆင်၏ နှစ် ၁၅၀ ပြည့်မြောက်သော နှစ်ဖြစ်သည်။

ထိုင်ဝမ် ရေလက်ကြား နှစ်ဘက် တည် ငြိမ် ဖွံ့ဖြိုး တိုးတက်ရေးနှင့် အတူတကွ အမိမြေ တစ်ခုတည်း ပူးပေါင်း နိုင်ရေးတို့ အတွက် တရုတ် နိုင်ငံ နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရန့်မှ ဒေါက်တာ ဆွန်ယက်ဆင် နှစ် ၁၅၀ ပြည့် အခမ်းအနားအား ကြီးကျယ်ခန်းနာစွာ ကျင်းပရန် ဆုံးဖြတ် ခဲ့ခြင်း ဖြစ်ကြောင်း ပြောကြား ခဲ့သည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117