International Organizations
ဖီဖာ၏ ပထမဆုံး အမျိုးသမီးဖူဆယ်ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ဒိုင်လူကြီးစာရင်း ထုတ်ပြန်

ဂျီနီဗာ၊ အောက်တိုဘာ ၂၃ ရက် (ဆင်ဟွာ)
ဖိလစ်ပိုင်နိုင်ငံတွင် နိုဝင်ဘာ ၂၁ ရက်မှ ဒီဇင်ဘာ ၇ ရက်အထိ ကျင်းပမည့် ဖီဖာ၏ ပထမဆုံး အမျိုးသမီး ဖူဆယ် ကမ္ဘာ့ဖလားအတွက် ဒိုင်လူကြီးစာရင်းကို အောက်တိုဘာ ၂၁ ရက်၌ ဖီဖာက ကြေညာခဲ့သည်။
ဥရောပ၊ အာရှ၊ မြောက်အမေရိကနှင့် တောင်အမေရိကအဖွဲ့ချုပ်များ၏ ကိုယ်စားလှယ်လောင်းများအနက်မှ ဒိုင်လူကြီး ၂၆ ဦးနှင့် အကူဒိုင်လူကြီးတစ်ဦး ပါဝင်သည့် ဖီဖာဒိုင်လူကြီးကော်မတီက အဖွဲ့ဝင် ၂၇ ဦးပါ စာရင်းကို ဖော်ပြခဲ့ခြင်းဖြစ်သည်။
ပထမဦးဆုံး ပွဲဦးထွက်အမျိုးသမီးဖူဆယ်ပြိုင်ပွဲတွင် ၁၆ သင်းပါဝင်မည်ဖြစ်သည်။
တရုတ်နိုင်ငံမှ ဒိုင်လူကြီးနှစ်ဦး ဖြစ်သည့် Liang Qingyun နှင့် Zhu Xin တို့လည်း အဆိုပါ စာရင်းတွင်ပါဝင်ခဲ့သည်။ (Xinhua)
…………………..
(English Version)
FIFA reveals referee list for first Futsal Women’s WC
GENEVA, Oct. 21 (Xinhua) — FIFA announced Tuesday the list of referees of the first-ever FIFA Futsal Women’s World Cup to be held in the Philippines from November 21 to December 7, 2025.
The FIFA Referees Committee made the 27-member list, comprising 26 referees and one support referee, from candidates of European, Asian, North American and South American confederations.
16 teams will play in the FIFA’s maiden futsal competition for women.
Two Chinese referees, Liang Qingyun and Zhu Xin, are on the list.
Photo : Australia’s Gisella Pipino (R) vies with China’s Su Jiahong during the group A match between China and Australia of the AFC Women’s Futsal Asian Cup in Hohhot, north China’s Inner Mongolia Autonomous Region, on May 6, 2025. (Xinhua/Bei He)