Connect with us

Business

မြန်မာ့ရေထွက်ကုန် တန်ချိန် ၂၀၀,၀၀၀ ဝန်းကျင် ပထမနှစ်ဝက်အတွင်း တင်ပို့ထား

မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ ဆိပ်ကမ်းတစ်ခုတွင် ငါးအမျိုးအစားခွဲခြားနေသော အလုပ်သမားတစ်ဦးကို ၂၀၂၃ ခုနှစ် မတ် ၃၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ အောက်တိုဘာ ၂၉ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံသည် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပထမနှစ်ဝက်တွင် ရေထွက်ကုန်ပစ္စည်း တန်ချိန် ၁၉၀,၅၆၇ ခန့် တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၂၇၉ သန်းကျော် နိုင်ငံခြားဝင်ငွေရရှိခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးညွန့်ဝင်းက ဆင်ဟွာသို့ အောက်တိုဘာ ၂၉ ရက်တွင် ပြောသည်။

“မြန်မာနိုင်ငံအနေနဲ့ ရေထွက်ကုန်ပစ္စည်းတွေကို ရေကြောင်း၊ လေကြောင်းနဲ့ နယ်စပ်လမ်းကြောင်းကနေ တင်ပို့နေပါတယ်။ တရုတ်နိုင်ငံကို ရေငန်ငါးနဲ့ ပုစွန်တွေကို တင်ပို့ပါတယ်။ အရှင်တွေကိုတော့ လေကြောင်းနဲ့ ပို့ပါတယ်။ တင်ပို့မှုမှာကတော့ လေကြောင်းကတော့ နည်းနည်းပိုပြီးတင်ပို့နိုင်ပါတယ်။ တခြားနယ်စပ်နဲ့ ပင်လယ်ရေကြောင်းတင်ပို့မှုကတော့ မနှစ်က ကာလတူနဲ့ နှိုင်းယှဉ်ရင် လျော့သွားပါတယ်” ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံမှ ထွက်ရှိသည့်ရေထွက်ကုန်များကို တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံတို့ကို အဓိက တင်ပို့နေရကြောင်း ၎င်းက ဆိုသည်။
“ကျွန်တော်တို့ ပွင့်လင်းရာသီမှာ ရေထွက်ကုန်တွေ ပိုမိုတင်ပို့နိုင်ဖို့ကိုတော့ ကြိုးပမ်းဆောင်ရွက်နေပါတယ်” ဟု ၎င်းက ဖြည့်စွက်ပြောကြားသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117