Connect with us

International Organizations

ကမ္ဘာ့စနူကာတိုး နိုင်ငံတကာချန်ပီယံရှစ်ဗိုလ်လုပွဲတွင် ဟစ်ဂင်းစ်နှင့် ဝူရီကျယ် ရင်ဆိုင်ကစားမည်

တရုတ်နိုင်ငံအရှေ့ပိုင်း ကျန်းရှီးပြည်နယ်၊ Yushan မြို့၌ ကျင်းပခဲ့သည့် ကမ္ဘာ့အလွတ်တန်း စနူကာပြိုင်ပွဲတွင် အင်္ဂလန်နိုင်ငံမှ မာ့ခ်ဒေးဗီးစ်နှင့် ထိုးခဲ့သည့် ဒုတိယအဆင့်ပွဲစဥ်တွင် စကော့တလန် စနူကာကစားသမား ဂျွန်ဟစ်ဂင်းစ် စနူကာထိုးနေပုံကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

နန်ကျင်း၊ နိုဝင်ဘာ ၉ ရက် (ဆင်ဟွာ)

၂၀၂၅ ခုနှစ် ကမ္ဘာ့စနူကာတိုး နိုင်ငံတကာချန်ပီယံရှစ်ပြိုင်ပွဲ၏ နိုဝင်ဘာ ၈ ရက်ကကျင်းပခဲ့သည့် ဆီမီး ဖိုင်နယ်ပွဲစဥ်တွင် ဂျွန်ဟစ်ဂင်းစ်က စတီဖင်မက်ဂွိုင်းယားကို ၉-၂ ပွဲရလဒ်ဖြင့်အနိုင်ရခဲ့ပြီးနောက် ဗိုလ်လု ပွဲတွင် တရုတ်နိုင်ငံမှ စနူကာကစားသမား ဝူရီကျယ်နှင့် ရင်ဆိုင်ကစားရတော့မည်ဖြစ်သည်။ဗိုလ်လုပွဲသို့မည်သူတက်ရောက်မည်ဆိုသည်ကို အဆုံးအဖြတ်ပေးမည့် အဆိုပါ ဆီမီးဖိုင်နယ်ပွဲစဥ်ကို တစ်ရက်တည်းအတွင်း ၂ ပိုင်းခွဲကာ ပွဲငယ်ပေါင်း ၁၇ ပွဲအထိ အဆုံးအဖြတ်ကစားရန် သတ်မှတ်ထား ခြင်းဖြစ်သည်။

တရုတ်နိုင်ငံမှ ဝူရီကျယ် ပြိုင်ပွဲအတွင်း စနူကာထိုးနေပုံကို တွေ့ရစဥ် (ဆင်ဟွာ)

ပွဲအတွင်း အသက် ၅၀ ပြည့်နှစ်အရွယ်ရှိ ဟစ်ဂင်းစ်က တက်ကြွသောပုံံစံကောင်းရရှိခဲ့ပြီး ရာကျော်အမှတ် ၂ ကြိမ်ထိုးယူနိုင်ခဲ့မှုအပါအဝင် အမှတ် ၅၀ မှတ်နှင့်အထက် အသာရပြီး နိုင်ပွဲရယူမှု ၅ ပွဲအထိ ရရှိခဲ့ကာ ပထမပိုင်းအတွင်းကစားသည့်ပွဲငယ်များတွင် ပထမဆုံး ၆ ပွဲဆက်တိုက် အနိုင်ရကာ ဦးဆောင်နိုင်ခဲ့သည်။ မက်ဂွိုင်းယားက ၇ ပွဲ မြောက်ပွဲငယ်တွင် ၁၁၄ မှတ်အထိ ထိုးကာ တုံ့ပြန်နိုင်ပွဲပြန်လည်ရယူနိုင်ခဲ့သလို ၈ ပွဲမြောက်ပွဲငယ်ကို ဆက်လက်အနိုင်ရခဲ့သော်လည်း ပထမပိုင်းတွင် ကစားခဲ့သည့်ပွဲငယ်များအပြီးတွင် ၆-၂ ပွဲရလဒ်ဖြင့် ဟစ်ဂင်းစ်၏ ဦးဆောင်ကစားခြင်းကို ခံခဲ့ရသည်။
ပထမပိုင်းပွဲစဥ်များအပြီး ပြန်လည်ကစားခဲ့ရာ၌လည်း ဟစ်ဂင်းစ်ကပင် ဆက်လက်လွှမ်းမိုးဦးဆောင် ကစားခဲ့ပြီး နောက်ဆုံးတွင် ၉-၂ ပွဲအနိုင်ရလဒ်ဖြင့် ဗိုလ်လုပွဲသို့တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။
ဟစ်ဂင်းစ်က ၎င်းအနေဖြင့် တာထွက်ကောင်းစွာကစားနိုင်ခဲ့သလို ကောင်းစွာကစားနိုင်ရန် ရည်မှန်းခဲ့ ကြောင်း၊ လွယ်ကူသောအခွင့်အရေးများစွာကို လွဲချော်ခဲ့ခြင်းမရှိဟု ခံစားခဲ့ရသလို မက်ဂွိုင်းယားကို လည်း အခွင့်အရေးများစွာ ပေးခဲ့ခြင်းမရှိကြောင်း၊ ယင်းဆီမီးဖိုင်နယ်ပွဲမှာ ၎င်းအတွက် အလွန်ကောင်း သည့်ပွဲဖြစ်ခဲ့ကြောင်း မှတ်ချက်ချပြောကြားခဲ့သည်။

ဗိုလ်လုပွဲကို နိုဝင်ဘာ ၉ ရက်၌ကျင်းပမည်ဖြစ်ကာ ပွဲငယ် ၁၉ ပွဲကစားရမည့်ပုံစံဖြင့် အဆုံးအဖြတ်ကစားရန် သတ်မှတ်ထားပြီး ဟစ်ဂင်းစ်မှာ တရုတ်နိုင်ငံမှ အသက် ၂၂ နှစ်အရွယ်သာရှိသေးသည့် ဝူရီကျယ်နှင့် ကစားရမည်ဖြစ်သည်။

“ကျွန်တော့်ရဲ့ အကောင်းပုံစံနဲ့ပဲ ကစားသွားမှာပါ။ ကျွန်တော့်ရဲ့ စနူကာကစားသမားဘဝမှာ ဗိုလ်လုပွဲ တွေ ဘယ်လောက်များများ ထပ်ပြီးကစားရဦးမလဲဆိုတာကို မသိပါဘူး။ ဒီတော့လည်း အခုလို ဗိုလ်လုပွဲ တက်လာတာကို ပျော်ရွှင်သင့်တာပေါ့” ဟု ဟစ်ဂင်းစ်က ပြောခဲ့သည်။

အခြားသောဆီမီးဖိုင်နယ်ပွဲစဥ်ကို နိုဝင်ဘာ ၇ ရက်ကကျင်းပခဲ့ပြီး ဝူရီကျယ်က ကမ္ဘာ့ချန်ပီယံဆုကို ပူပူနွေးနွေးဆွတ်ခူးထားသည့် တစ်နိုင်ငံတည်းသား စနူကာကစားသမား ကျောက်ရှင်းထုန်ကို ၉-၆ ပွဲရလဒ်ဖြင့် အနိုင်ရခဲ့ကာ ဗိုလ်လုပွဲသို့ တက်ရောက်ခဲ့ခြင်းဖြစ်သည်။

” ကျွန်တော် ကောင်းကောင်းအနားရထားတော့ ကျွန်တော့်ရဲ့ပုံစံကောင်းကို ဆက်ပြီးထိန်းသိမ်းသွားဖို့ ကြိုးစားသွားမှာပါ” ဟု ဝူရီကျယ်က ပြောကြားထားသည်။
အဆိုပါ ကမ္ဘာ့စနူကာတိုး နိုင်ငံတကာချန်ပီယံရှစ်ပြိုင်ပွဲတွင် စုစုပေါင်း ဆုကြေး ပေါင် ၈၂၅,၀၀၀ (အမေရိ ကန်ဒေါ်လာ ၁.၀၉ သန်း) ချီးမြှင့်မည်ဖြစ်ပြီး ချန်ပီယံဆုရှင်က ပေါင် ၁၇၅,၀၀၀ ရရှိမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

————————————
(English Version)
Higgins, Wu to clash in World Snooker Tour International Championship final
NANJING, Nov. 8 (Xinhua)
John Higgins defeated Stephen Maguire 9-2 in the semifinals of the 2025 World Snooker Tour International Championship on Saturday, setting up a final clash with China’s Wu Yize.
The best-of-17-frame semifinal was played over two sessions in a single day to decide who would advance to the final.
During the match, Higgins, 50, was in scorching form, producing two century breaks and five 50-plus breaks, and the veteran surged into a commanding lead by winning the first six frames. Although Maguire responded with a 114 break in the seventh frame and clawed back two more, he still trailed 2-6 at the end of the first session. After the interval, Higgins continued his dominance, ultimately sealing a resounding 9-2 victory to advance to the final.
Higgins said he got off to a good start, aimed to play well, and felt he hadn’t missed many easy chances or given Maguire many opportunities, calling it a great performance for him.
The final will be held on Sunday, adopting a best-of-19-frame format, in which Higgins will take on Wu, 22.
“I’m going to play my best,” Higgins said. “I don’t know how many more finals I will compete in during my career, so I should really enjoy it.”
In the other semifinal held the previous day, Wu secured a spot in the final with a 9-6 victory over newly crowned world champion compatriot Zhao Xintong.

“I will have a good rest and just try to maintain my form,” said Wu.
The tournament features a total prize pot of 825,000 pounds (1.09 million U.S. dollars), with the champion set to pocket 175,000 pounds. ■
Photo1:
John Higgins of Scotland plays a shot during the round 2 match against Mark Davis of England at Snooker World Open in Yushan, east China’s Jiangxi Province, Feb. 23, 2025. (Xinhua/Zhou Mi)
Photo2:
Wu Yize of China takes a shot during the match. (Xinhua/Liu Zhenrui)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.