Eastern Europe
ယူကရိန်း၏ စစ်ရေးနှင့်ဆက်နွှယ်သော စွမ်းအင်နှင့် သယ်ယူပို့ဆောင်ရေးအဆောက်အအုံများကို ရုရှား တိုက်ခိုက်
မော်စကို၊ နိုဝင်ဘာ ၁၀ ရက် (ဆင်ဟွာ)
ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ၎င်း၏တပ်ဖွဲ့များသည် ယူကရိန်း၏ စစ်ရေးနှင့်ဆက်စပ်သော စွမ်းအင်နှင့် သယ်ယူပို့ဆောင်ရေးအခြေခံအဆောက်အအုံများကို ညှိနှိုင်းတိုက်ခိုက်မှုတစ်ခုအား စတင်လိုက်ကြောင်း နိုဝင်ဘာ ၉ ရက်၌ ထုတ်ပြန်ခဲ့သည်။
ရုရှားစစ်တပ်မှ နည်းဗျူဟာမြောက် စစ်လေယာဉ်များ၊ တိုက်ခိုက်ရေးဒရုန်းများ၊ ဒုံးလက်နက်တပ်ဖွဲ့များနှင့် အမြောက်တပ်များသည် ၁၄၃ နေရာရှိ ပစ်မှတ်များကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဝန်ကြီးဌာန၏ ကြေညာချက်တွင် ဖော်ပြထားသည်။ ၎င်းတို့တွင် ယူကရိန်း၏ စစ်ဘက်-စက်မှုလုပ်ငန်းမျိုးစုံကို ပံ့ပိုးပေးသော စွမ်းအင်အဆောက်အအုံများ၊ ယူကရိန်းတပ်ဖွဲ့များ အသုံးပြုသည့် သယ်ယူပို့ဆောင်ရေးအခြေခံအဆောက်အအုံများအပြင် ယူကရိန်းလက်နက်ကိုင်တပ်ဖွဲ့များနှင့် နိုင်ငံခြားကြေးစားစစ်သားများ ယာယီတပ်ဖြန့်လှုပ်ရှားရာ နေရာများလည်း ပါဝင်သည်။
ထို့အပြင် ရုရှားလေကြောင်းကာကွယ်ရေးတပ်ဖွဲ့များသည် လွန်ခဲ့သည့် ၂၄ နာရီအတွင်း Neptune တာဝေးပစ်ခရုဇ်ဒုံးကျည်တစ်စင်း၊ အမေရိကန်လုပ် HIMARS ဒုံးကျည်ခုနစ်စင်းနှင့် ယူကရိန်းဒရုန်း ၂၄၇ စင်းကို ပစ်ချခဲ့ကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ ဝန်ကြီးဌာန၏ အဆိုအရ ၎င်း၏ အထူးစစ်ဆင်ရေးစတင်ချိန်မှစ၍ ယူကရိန်းဒရုန်း စုစုပေါင်း ၉၅,၈၀၁ စင်းကို ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။ (Xinhua)
………………….
(English Version)
Russia strikes Ukrainian energy, transport facilities linked to military
MOSCOW, Nov. 9 (Xinhua) — The Russian Defense Ministry said Sunday that its forces have launched a coordinated strike against Ukraine’s military-linked energy and transport infrastructure.
In a statement, the ministry said Russian tactical aviation, strike drones, missile troops, and artillery units from the Russian Armed Forces have hit targets in 143 areas. These include energy facilities supporting Ukraine’s military-industrial complex, transport infrastructure used by Ukrainian troops, as well as temporary deployment sites of Ukrainian armed formations and foreign mercenaries.
Additionally, the ministry said that over the past 24 hours, Russian air defense forces shot down one Neptune long-range cruise missile, seven U.S.-made HIMARS rockets and 247 Ukrainian drones. According to the ministry, a total of 95,801 Ukrainian drones have been destroyed since the start of its special military operation. ■
English Caption
Staff members of the State Service for Emergencies of Ukraine conduct search and clearance operations at the site of an air strike in Kiev, Ukraine, on June 23, 2025. (Photo by Peter Druk/Xinhua)
