Connect with us

North America

ထရမ့်နှင့် ဆီးရီးယားအာဏာပိုင်အကြီးအကဲ တံခါးပိတ် တွေ့ဆုံဆွေးနွေး

အမေရိကန် သမ္မတ ထရမ့်က ဆီးရီးယားအာဏာပိုင်အကြီးအကဲ al-Sharaa နှင့် အမေရိကန်နိုင်ငံ အိမ်ဖြူတော်၌ နိုဝင်ဘာ ၁၀ ရက်က တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ နိုဝင်ဘာ ၁၁ ရက် (ဆင်ဟွာ)

အမေရိကန် သမ္မတ ထရမ့်နှင့် ဆီးရီးယားအာဏာပိုင်အကြီးအကဲ al-Sharaa တို့သည် အိမ်ဖြူတော်၌ နိုဝင်ဘာ ၁၀ ရက်တွင် တံခါးပိတ် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့သည်။ နိုင်ငံခြားခေါင်းဆောင်များ ပုံမှန်ဧည့်ခံပွဲများနှင့်မတူဘဲ ထရမ့်သည် အိမ်ဖြူတော် ဝင်ပေါက်တံခါးဝတွင် ဆီးကြိုခြင်းမပြုခဲ့သလို al-Sharaa သည်လည်း နိုင်ငံတော်အလံ တန်ဆာဆင်ထားသော မော်တော်ယာဉ် စီးလာခြင်းမရှိဘဲ ဘေးတံခါးပေါက်မှ အိမ်ဖြူတော်သို့ သိုသိုသိပ်သိပ် ဝင်သွားခဲ့သည်။ ဘဲဥပုံရုံးခန်း၌ တံခါးပိတ်တွေ့ဆုံဆွေးနွေးမှု မပြုလုပ်မီ နှစ်ဦးစလုံးသည် မီဒီယာများအား မေးမြန်းခွင့်၊ ဓာတ်ပုံရိုက်ကူးခွင့် မပြုခဲ့ပေ။

တွေ့ဆုံဆွေးနွေးမှုအပြီးတွင် ထရမ့်က al-Sharaa သည် “အားကောင်းတဲ့ ခေါင်းဆောင်” တစ်ဦးဖြစ်သည်ဟု ချီးမွမ်းခဲ့ပြီး အမေရိကန်အစိုးရအနေဖြင့် နိုင်ငံရေးအသွင်ကူးပြောင်းမှု လုပ်ငန်းစဉ်၌ရှိသော ဆီးရီးယားနိုင်ငံအား “အောင်မြင်မှု” ရရှိရန် ကူညီသွားမည်ဟု ပြောကြားခဲ့သည်။
ဆီးရီးယားနိုင်ငံ စီပွားရေးနှင့် ပြည်ပဆက်ဆံရေး ပြန်လည်ထူထောင်ရေးကို ပံ့ပိုးကူညီရန် “ဆီဇာဥပဒေမူကြမ်း (Caesar Act)” အရ ဆီးရီးယားအပေါ် ချမှတ်ထားသော ပိတ်ဆို့အရေးယူမှုများကို ယာယီရပ်တန့်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက အဆိုပါနေ့တွင် ကြေညာချက်ထုတ်ပြန်၍ ကြေညာခဲ့သည်။ ယခုနှစ် မေလတွင် ထရမ့်ထုတ်ပြန်ခဲ့သော ဆီးရီးယားအပေါ် ပိတ်ဆို့အရေးယူမှုများ ကင်းလွတ်ခွင့်ပေးသည့် အမိန့်ကြေညာစာကို ရက် ၁၈၀ ထပ်မံသက်တမ်းတိုးမည်ဖြစ်ကြောင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနကလည်း အဆိုပါနေ့တွင် ကြေညာခဲ့သည်။
အကြမ်းဖက်တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုသည် အမေရိကန်၏ အဓိကစိုးရိမ်မှုဖြစ်ပြီး ဆီးရီးယားအာဏာပိုင်သည် အမေရိကန်နှင့် ပူးပေါင်းဆောင်ရွက်၍ IS အဖွဲ့ကို တိုက်ဖျက်ရန် သဘောတူညီခဲ့သည်။

ဆီးရီးယားသည် လတ်တလောတွင် IS အဖွဲ့ကို တိုက်ဖျက်သည့် နိုင်ငံတကာမဟာမိတ်အဖွဲ့ နှင့် နိုင်ငံရေးပူးပေါင်းဆောင်ရွက်မှုကြေညာချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ပြီး အကြမ်းဖက်ဝါဒတိုက်ဖျက်ရေးနှင့် ဒေသတည်ငြိမ်မှုထိန်းသိမ်းရေးတွင် ဆီးရီးယား၏ မိတ်ဖက်အနေအထားကို အတည်ပြုခဲ့ကြောင်း ဆီးရီးယားအာဏာပိုင် ပြန်ကြားရေးဝန်ကြီးဌာနတာဝန်ခံ Hamza al-Mustafa က နိုဝင်ဘာ ၁၀ ရက်တွင် လူမှုကွန်ရက်၌ ရေးသားဖော်ပြခဲ့သည်။
မကြာသေးမီရက်က ဆီးရီးယားအာဏာပိုင်သည် ဆီးရီးယားနေရာအများအပြားတွင် IS အဖွဲ့တိုက်ဖျက်ရေး လှုပ်ရှားမှုများ စတင်ခဲ့ပြီး သံသယရှိသူ ၇၀ ကျော်ကို ဖမ်းဆီးခဲ့ကြောင်း မီဒီယာများ၏ သတင်းဖော်ပြမှုအရ သိရသည်။
အမေရိကန် တွန်းအားပေးဆောင်ရွက်သော ဆီးရီးယားနှင့် အစ္စရေး လုံခြုံရေးဆိုင်ရာ စေ့စပ်ညှိနှိုင်းမှုနှင့်စပ်လျဉ်း၍ al-Sharaa က အစ္စရေးအနေဖြင့် အာဆတ်အာဏာပိုင် ကျဆုံးပြီးနောက် သိမ်းပိုက်ထားသော ဆီးရီးယားနယ်မြေများကို မဖြစ်မနေ ပြန်လည်ပေးအပ်ရမည်ဟု နိုဝင်ဘာ ၁၀ ရက်နှောင်းပိုင်းတွင် The Washington Post ၏ မေးမြန်းခန်းတွင် ပြောကြားခဲ့သည်။
အမေရိကန်သည် ဆီးရီးယားကို ရေရှည် ပိတ်ဆို့အရေးယူခဲ့သည်။ ၂၀၁၁ ခုနှစ် ဆီးရီးယားပြည်တွင်းစစ်ဖြစ်ပွားပြီးနောက် အမေရိကန်၊ အီးယူး စသည်တို့သည် ဆီးရီးယားအား ပိုမိုပြင်းထန်သော ပိတ်ဆို့အရေးယူမှုများ ဖော်ဆောင်ခဲ့သည်။ အမေရိကန်က ၂၀၁၉ ခုနှစ်တွင် “ဆီဇာဥပဒေမူကြမ်း” တင်သွင်းခဲ့ပြီး ဆီးရီးယားစီးပွားရေး ပိတ်ဆို့မှုကို ပိုမိုအားကောင်းစေခဲ့သည်။ သက်ဆိုင်ရာ ပိတ်ဆို့အရေးယူများသည် ဆီးရီးယားနိုင်ငံ စီးပွားရေးနှင့် ပြည်သူလူထုဘဝအပေါ် ပြင်းထန်သော ဖျက်ဆီးမှု ဖြစ်စေခဲ့သည်။ လွန်ခဲ့သောနှစ် ဒီဇင်ဘာလတွင် ဆီးရီးယားနိုင်ငံရေးအခြေအနေ ရုတ်တရက်ပြောင်းလဲခဲ့ရာ အာဆတ်အာဏာပိုင်ကို ဖြုတ်ချခဲ့ပြီးနောက် ဆီးရီးယားသည် ပိတ်ဆို့အရေးယူများ ဖယ်ရှားပေးရန် အမေရိကန်အား ကြိမ်ဖန်များစွာ တောင်းဆိုခဲ့သည်။ (Xinhua)

……………………..
(Chinese Version)
特朗普与叙政权领导人闭门会谈
新华社华盛顿11月10日电(记者徐剑梅)美国总统特朗普10日在白宫与叙利亚政权领导人沙拉举行闭门会谈。与通常接待外国领导人不同,特朗普未在白宫正门迎接,沙拉亦未乘坐装饰国旗的车辆,从侧门低调进入白宫。两人在椭圆形办公室进行闭门会谈之前,未允许媒体提问和拍照。
会谈后,特朗普向媒体称赞沙拉是一位“强有力的领导人”,表示美国政府将帮助正处于政治过渡进程中的叙利亚取得“成功”。
美国国务卿鲁比奥当天发表声明,宣布暂停根据“凯撒法案”对叙利亚实施的制裁,以支持叙利亚重建经济和对外交往。美国财政部当天也宣布,将今年5月特朗普颁布的免除对叙制裁的行政令再延长180天。
进行反恐合作是美方主要关切,叙政权同意与美国合作打击“伊斯兰国”。叙政权新闻部门负责人穆斯塔法10日在社交媒体上发文说,叙利亚近期与打击“伊斯兰国”的国际联盟签署一份政治合作宣言,确认叙利亚在打击恐怖主义和维护地区稳定方面的伙伴地位。据媒体报道,叙政权近日在叙多地发起打击“伊斯兰国”行动,逮捕70多名嫌疑人。
针对美国推动的叙利亚和以色列安全谈判,沙拉10日晚些时候接受《华盛顿邮报》采访时说,以色列须归还阿萨德政权倒台后占领的叙领土。
美国长期制裁叙利亚。2011年叙内战爆发后,美国、欧盟等对叙施加更严厉的制裁。美国2019年推出“凯撒法案”,加强对叙经济封锁。相关制裁对叙利亚经济和民生造成严重破坏。去年12月叙政局剧变、阿萨德政权被推翻后,叙方多次呼吁美方解除制裁。(完)
图说:11月10日,美国总统特朗普在白宫会见叙利亚政权领导人艾哈迈德·沙拉。新华社/美联社