International Organizations
ခြေထောက်ဒဏ်ရာကြောင့် ဂူဟီ အင်္ဂလန်အသင်းမှ နုတ်ထွက်
လန်ဒန်၊ နိုဝင်ဘာ ၁၅ ရက် (ဆင်ဟွာ)
ခရစ္စတယ်ပဲလေ့စ် နောက်ခံလူ မာ့ခ်ဂူဟီသည် ခြေထောက်ဒဏ်ရာကြောင့် အင်္ဂလန်အသင်းမှ နုတ်ထွက်လိုက်ပြီဖြစ်သည်။လွန်ခဲ့သည့်သီတင်းပတ်က ကွန်ဖရင့်လိဂ်ပွဲစဉ်တွင် AZ Alkmaar နှင့် ယှဉ်ပြိုင်ကစားရင်း ရရှိခဲ့သော ခြေထောက်ဒဏ်ရာ ပြန်လည်ကောင်းမွန်လာစေရန် ၎င်း၏ကလပ်အသင်းထံသို့ ပြန်လာမည်ဖြစ်သည်။နိုဝင်ဘာ ၁၃ ရက်က ဆားဘီးယားအသင်းကို ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သော အင်္ဂလန်အသင်း၏ ပွဲစဉ်တွင် ပါဝင်ကစားခြင်းမရှိခဲ့သည့် အသက် ၂၅ နှစ်အရွယ် ကစားသမား ဂူဟီသည် အယ်လ်ဘေးနီးယားအသင်းနှင့် အဝေးကွင်း၌ကစားရမည့် ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားခြေစစ်ပွဲ နောက်ဆုံးပွဲစဉ်ကိုလည်း လွဲချော်မည်ဖြစ်သည်။
ဂူဟီက ၎င်း၏ ပြင်းထန်သော အရိုးပွန်းပဲ့ဒဏ်ရာကြောင့် နိုဝင်ဘာ ၉ ရက်က ဘရိုက်တန်နှင့် ဂိုးမရှိသရေကျခဲ့သည့် ပဲလေ့စ်အသင်း၏ ပွဲစဥ်တွင် ဝင်မကစားဘဲ အနားယူနေခဲ့သော်လည်း အင်္ဂလန်အသင်းနှင့်အတူ ပါဝင်ကစားရန်ကိုမူ ယခုသီတင်းပတ်အစောပိုင်းတွင် သတင်းပို့ဆဲဖြစ်သည်။
ယခုအခါ အင်္ဂလန်အသင်းမန်နေဂျာ သောမတ်စ်တူချယ်က ကစားသမားအရေအတွက် ၂၄ ဦးသို့ လျော့နည်းနေသည့် အသင်းနှင့်အတူ နိုဝင်ဘာ ၁၆ ရက်၌ အယ်ဘေးနီးယားနိုင်ငံ မြို့တော်တီရာနာသို့ သွားရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်နေမည်ဖြစ်သည်။
အင်္ဂလန်အသင်းသည် လက်ရှိတွင် အုပ်စု K ၏ ထိပ်ဆုံး၌ ရပ်တည်နေပြီး ၎င်း၏ပွဲစဉ် ခုနစ်ပွဲစလုံးကို အနိုင်ရပြီးနောက် အမေရိကန်၊ ကနေဒါနှင့် မက္ကဆီကိုနိုင်ငံတို့တွင် ကျင်းပမည့် လာမည့်နွေရာသီ ကမ္ဘာ့ဖလားအတွက် ခြေစစ်ပွဲအောင်မြင်ထားကြောင်း သိရသည်။ (Xinhua)
……………………………………………………………..
(English Version)
Guehi withdraws from England squad through foot injury
LONDON, Nov. 14 (Xinhua) — Crystal Palace defender Marc Guehi has pulled out of the England squad due to foot injury.
He will return to his club to continue rehabilitation on the foot problem he picked up against AZ Alkmaar in last week’s Conference League match.
The 25-year-old, who was absent for England’s 2-0 win over Serbia on Thursday, will also miss the Three Lions’ final 2026 World Cup qualifier away to Albania.
Guehi still reported for duty with the England squad earlier this week, despite having been sidelined for Palace’s goalless draw with Brighton on Sunday because of a severe bone bruise.
England manager Thomas Tuchel will now prepare for Sunday’s trip to Tirana with a squad reduced to 24 players.
England currently sits top of Group K and has already secured qualification for next summer’s World Cup in the USA, Canada, and Mexico after winning all seven of its matches so far. ■
