Connect with us

Social

၂၀၂၅ ခုနှစ် တရုတ်ပုံရိပ်ရုပ်ရှင်သီတင်းပတ်နှင့် တရုတ်-မြန်မာ သံတမန်ဆက်ဆံရေးထူထောင်ခြင်း ၇၅ နှစ်ပြည့် အထိမ်းအမှတ် ရုပ်ရှင်ပွဲတော် ဖွင့်ပွဲအခမ်းအနား ကျင်းပ

ရန်ကုန်၊ နို၀င်ဘာ ၁၇ ရက် (ဆင်ဟွာ)

၂၀၂၅ ခုနှစ် တရုတ်ပုံရိပ်ရုပ်ရှင်သီတင်းပတ်နှင့် တရုတ်-မြန်မာ သံတမန်ဆက်ဆံရေးထူထောင်ခြင်း ၇၅ နှစ်ပြည့် အထိမ်းအမှတ် ရုပ်ရှင်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ရန်ကုန်မြို့ရှိ နေပြည်တော်ရုပ်ရှင်ရုံတွင် ကျင်းပခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်သောသတင်းအရ သိရသည်။မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး ၊ China Media Group (CMG) နှင့် China Film Administration တို့ ပူးပေါင်းကြီးမှူးကျင်းပသည့် “၂၀၂၅ ခုနှစ် တရုတ်ပုံရိပ်ရုပ်ရှင်သီတင်းပတ်နှင့် တရုတ်-မြန်မာ သံတမန်ဆက်ဆံရေး ထူထောင်ခြင်း ၇၅ နှစ်ပြည့် အထိမ်းအမှတ် ရုပ်ရှင်ပွဲတော် ဖွင့်ပွဲအခမ်းအနား” ကို နိုဝင်ဘာလ ၁၆ ရက်က ရန်ကုန်မြို့ရှိ နေပြည်တော်ရုပ်ရှင်ရုံတွင် ကျင်းပခဲ့ပြီး သံအမတ်ကြီး Ms. Ma Jia နှင့် မြန်မာနိုင်ငံ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းတို့မှ အဖွင့်မိန့်ခွန်းများ ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် သံအမတ်ကြီး Ms. Ma Jia က ရုပ်ရှင်သည် မတူညီသည့်နိုင်ငံများနှင့် ဒေသများအကြား စိတ်နှလုံးချင်း ဆက်နေသော ပေါင်းကူးတံတားများကို တည်ဆောက်ပေးကြောင်း၊ ရုပ်ရှင်မှတစ်ဆင့် တရုတ်နိုင်ငံ၏ လက်တွေ့ကျပြီး သက်ဝင်လှုပ်ရှားသည့် ပုံရိပ်ကို မြန်မာနိုင်ငံပြည်သူများ ပေါ်လွင်ထင်ရှားစွာ မြင်တွေ့နိုင်စေရန် မျှော်လင့်ကြောင်း ပြောကြားသည်။

၂၀၂၅ ခုနှစ် တရုတ်ပုံရိပ်ရုပ်ရှင်သီတင်းပတ်နှင့် တရုတ်-မြန်မာ သံတမန်ဆက်ဆံရေးထူထောင်ခြင်း ၇၅ နှစ်ပြည့် အထိမ်းအမှတ် ရုပ်ရှင်ပွဲတော် ဖွင့်ပွဲအခမ်းအနား ကျင်းပစဥ် (ဆင်ဟွာ)

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက မြန်မာပြည်သူများသည် တရုတ်ရုပ်ရှင်များကို နှစ်သက်ကြကြောင်း၊ မြန်မာ့ဂန္ထဝင် ခေတ်ဟောင်း ရုပ်ရှင်များအား ဒစ်ဂျစ်တယ်နည်းပညာဖြင့် ပြန်လည်မွမ်းမံပေးခဲ့သည့်အတွက် တရုတ်နိုင်ငံအား အထူးကျေးဇူးတင်ပါကြောင်း၊ ရုပ်ရှင်ပွဲတော်သည် မြန်မာ-တရုတ် ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးကို ပိုမိုနက်ရှိုင်းစွာ မြှင့်တင်ပေးမည်ဟု ယုံကြည်ကြောင်း ပြောကြားသည်။ယင်းပွဲသို့ တက်ရောက်လာကြသည့် ဧည့်သည်တော်များသည် “ဝူခုန်း” ရုပ်ရှင်ကို အတူတကွ ကြည့်ရှုခံစားခဲ့ကြကြောင်း သိရသည်။

အဆိုပါရုပ်ရှင်ပွဲတော်ကို ၄ ရက်ကြာ ကျင်းပသွားမည်ဖြစ်ပြီး “မင်္ဂလာပါမေမေ”၊ “လကမ္ဘာစွန့်စားခန်း”၊ “သူရဲကောင်းရှစ်ရာ”၊ “ချစ်သောဇာတိမြေ”၊ “စာဆိုတော်နှင့်ကြောင်နက်ရှင်”၊ “ကန္တာရဓားသမား”နှင့် “အလွဲများနှင့်ဘဝ” စသည့် ရုပ်ရှင် ၇ ကားကို ထပ်မံပြသသွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

#တရုတ်ပုံရိပ်ရုပ်ရှင်သီတင်းပတ် #သံတမန်ဆက်ဆံရေးထူထောင်ခြင်း #ရုပ်ရှင်ပွဲတော်


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117