International Organizations
ပေါ်တူဂီက အာမေးနီးယားကို ဂိုးမိုးရွာကာ အနိုင်ရခဲ့ပြီး ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်
ဘာလင်၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ)
နိုဝင်ဘာ ၁၆ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ၂၀၂၆ ခုနှစ် ဖီဖာကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်၌ ပေါ်တူဂီက အာမေးနီးယားကို ၉-၁ ဂိုးဖြင့် ဂိုးပြတ်အနိုင်ရရှိကာ ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်သွားပြီဖြစ်ပြီး ထိုပွဲစဉ်၌ ဂျာအို နဲဗက်စ်နှင့် ဘရူနို ဖာနန်ဒက်စ်တို့ ဟက်ထရစ်သွင်းယူနိုင်ခဲ့သည်။အသင်းခေါင်းဆောင် ခရစ္စတီယာနို ရော်နယ်ဒို ပွဲပယ်ခံထားရသည့်အတွက် ပေါ်တူဂီအသင်းက တိုက်စစ်ပိုင်း အပြောင်းအလဲပြုလုပ်ထားသော်လည်း ပေါ်တိုမြို့တွင် ယှဉ်ပြိုင်ကစားခဲ့သည့် အဆိုပါပွဲစဉ်၌ ပေါ်တူဂီက ပွဲကို အလျင်အမြန် ထိန်းချုပ်ထားနိုင်ခဲ့သည်။ ပထမပိုင်းပွဲကစားချိန် ၇ မိနစ်တွင် ရီနာတို ဗီရယ်ဂါက အဖွင့်ဂိုးသွင်းယူခဲ့ပြီး အိမ်ရှင်ပေါ်တူဂီကပင် ဘောလုံးပိုင်ဆိုင်မှု အသာစီးယူနိုင်ခဲ့သဖြင့် ပွဲကိုဖိအားကင်းကင်းနှင့် စတင်နိုင်ခဲ့သည်။

အာမေးနီးယားအသင်းက ပွဲချိန် ၁၈ မိနစ်တွင် ရရှိခဲ့သည့် ပထမဆုံး ထိထိမိမိအခွင့်အရေးမှတစ်ဆင့် ချေပဂိုးသွင်းယူခဲ့သော်လည်း ပေါ်တူဂီက မြန်မြန်ဆန်ဆန်တုံ့ပြန်နိုင်ခဲ့သည်။ ဂွန်ကာလို ရာမို့စ်က ၁၀ မိနစ်အကြာတွင် ဦးဆောင်ဂိုးပြန်လည်သွင်းယူခဲ့သလို နဲဗက်စ်က နှစ်ဂိုးဆက်တိုက် သွင်းယူခဲ့ပြီး ဖာနန်ဒက်စ်က အနိုင်ဂိုးတစ်ဂိုး ထပ်မံသွင်းယူခဲ့ရာ ရောဘတ်တို မာတီနက်ဇ်၏အသင်းမှာ ပထမပိုင်းတွင် ၅-၁ ဂိုးဖြင့် ဦးဆောင်ထားနိုင်ခဲ့သည်။

ပွဲချိန်ဒုတိယပိုင်းတွင်လည်း ပေါ်တူဂီက ပွဲ၏အရှိန်အဟုန်ကို ဆက်လက်ထိန်းချုပ်ထားကာ အာမေးနီးယား တိုက်စစ်ဆင်ခွင့်မရအောင် ဖိအားပေးနိုင်ခဲ့သလို နေရာလွတ်များကို အသုံးချကာ ဂိုးဧရိယာတစ်ဝိုက်တွင် တိကျသေသပ်သော တွဲလုံးများဖြင့် ကစားကွက်ဖော်ဆောင်ခဲ့သည်။ ဖာနန်ဒက်စ်က တည်တည်ငြိမ်ငြိမ် အဆုံးသတ်၍ သွင်းဂိုးနှစ်ဂိုး ထပ်မံသွင်းယူနိုင်ခဲ့သဖြင့် ဟက်ထရစ်ရခဲ့သလို နဲဗက်စ်ကလည်း ပွဲပြီးခါနီးတွင် ၎င်း၏တတိယမြောက်ဂိုးကို သွင်းယူခဲ့ပြီး နာကျင်အချိန်ပိုတွင် ဖရန်ဆစ်စကို ကွန်ဆေကာအိုက ပွဲသိမ်းအနိုင်ဂိုး သွင်းယူခဲ့သည်။

အုပ်စု-F ၏ အခြားပွဲစဉ်တွင် အိုင်ယာလန်က ဟန်ဂေရီကို အဝေးကွင်းတွင် ၃-၂ ဂိုးဖြင့် အနိုင်ရခဲ့ပြီး အုပ်စုဒုတိယရရှိခဲ့ကာ ထရွိုင်း ပါရော့က နာကျင်အချိန်ပိုတွင် ၎င်းအတွက် ဟက်ထရစ်ရစေမည့် အနိုင်ဂိုးကိုသွင်းယူခဲ့သည်။
အုပ်စု-I တွင် နော်ဝေက အီတလီကို ၄-၁ ဂိုးဖြင့် ဂိုးပြတ်အနိုင်ရခဲ့ပြီး ၁၉၉၈ ခုနှစ်နောက်ပိုင်းတွင် ကမ္ဘာ့ဖလားပြိုင်ပွဲဆီသို့ ပထမဆုံးအကြိမ် တက်လှမ်းနိုင်ခဲ့သလို ၈ ပွဲကစားရာတွင် ၈ ပွဲလုံး အနိုင်ရခဲ့ပြီး ပြီးပြည့်စုံသော အနိုင်ရလဒ်ကို ရယူနိုင်ခဲ့သော်လည်း အီတလီအသင်းမှာမူ ကမ္ဘာ့ဖလားဝင်ခွင့်အတွက် playoff အဆင့်ကို ကျော်ဖြတ်ရမည်ဖြစ်သည်။ အစ္စရေးက မော်လ်ဒိုဗာကို ၄-၁ ဂိုးဖြင့် အနိုင်ရခဲ့သည်။

အုပ်စု-D တွင် ယူကရိန်းက အိုလက်ဇန်းဒါး ဇူကော့ဗ်၊ အိုလက်စီး ဟူဆူလီယက်တို့၏ နောက်ကျသွင်းဂိုးများဖြင့် အိုက်စ်လန်ကို ၂-၀ ဂိုးဖြင့် အနိုင်ရခဲ့သည့်အတွက် playoff ကစားခွင့်ရရှိခဲ့သလို ပြင်သစ်ကလည်း အဇာဘိုင်ဂျန်ကို နောက်မှလိုက်ကစားကာ ၃-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး အုပ်စုဗိုလ်နေရာကို ရယူနိုင်ခဲ့သည်။
အုပ်စု-K တွင် အင်္ဂလန်က အယ်လ်ဘေးနီးယားကို ၂-၀ ဂိုးဖြင့် အနိုင်ရခဲ့ပြီး ကမ္ဘာ့ဖလားခြေစစ်ပွဲရှစ်ပွဲတွင် ပေးဂိုးလုံးဝမရှိသည့် မှတ်တမ်းကောင်းကို ပိုင်ဆိုင်နိုင်ခဲ့သည်။ ဆားဘီးယားက လတ်ဗီးယားကို နောက်မှလိုက်ကစားကာ ၂-၁ ဂိုးဖြင့် အနိုင်ယူခဲ့ပြီး အလက်ဇန်းဒါး ကာတိုင်နှင့် အလက်ဇန်းဒါး စတန်ကိုဗစ်တို့၏ ဒုတိယပိုင်းသွင်းဂိုးများဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ (Xinhua)
#Sports #Portugal #WorldCupQualification #အားကစား #ပေါ်တူဂီ #ကမ္ဘာ့ဖလားခြေစစ်ပွဲ
……………………………………………….
(English Version)
Portugal routs Armenia to clinch World Cup berth
BERLIN, Nov. 17 (Xinhua) — Joao Neves and Bruno Fernandes hit a hat-trick apiece as Portugal routed Armenia 9-1 on Sunday to seal qualification for the 2026 FIFA World Cup.
With captain Cristiano Ronaldo suspended, Portugal fielded a reshaped front line but quickly took control in Porto. Renato Veiga opened the scoring in the seventh minute, settling any early nerves as the hosts dominated possession.
Armenia equalized in the 18th minute with its first real chance, but Portugal responded swiftly. Goncalo Ramos restored the lead 10 minutes later, before Neves struck twice and Fernandes added another to send Roberto Martinez’s side into halftime 5-1 ahead.
Portugal continued to dictate the tempo after the break, pinning Armenia deep and exploiting gaps with sharp combination play around the box. Fernandes completed his hat-trick with two composed finishes, Neves claimed his third late on, and Francisco Conceicao capped the win with a stoppage-time strike.
Also in Group F, Ireland secured second place with a 3-2 victory away to Hungary, as Troy Parrott completed his hat-trick with a stoppage-time winner.
Norway reached the World Cup for the first time since 1998 after cruising past Italy 4-1 to complete a perfect Group I campaign with eight wins from eight, leaving Italy to face the playoffs. Israel beat Moldova 4-1.
In Group D, Ukraine booked a playoff berth with a 2-0 win over Iceland thanks to late goals from Oleksandr Zubkov and Oleksii Hutsuliak, while France came from behind to beat Azerbaijan 3-1 and secure top spot.
In Group K, England wrapped up a perfect campaign with a 2-0 victory over Albania, extending its run to eight qualifying matches without conceding a goal. Serbia came from behind to defeat Latvia 2-1, with second-half goals from Aleksandar Katai and Aleksandar Stankovic.
English Caption 1
Joao Cancelo (2nd L) of Portugal celebrates after scoring during the 2026 World Cup European Qualifiers football match between Hungary and Portugal in Budapest, Hungary on Sept. 9, 2025. (Photo by Attila Volgyi/Xinhua)
English Caption 2
Players of Norway celebrate after during the 2026 World Cup European Qualifiers match between Italy and Norway in Milan, Italy, Nov. 16, 2025. (Photo by Alberto Lingria/Xinhua)
English Caption 3
Mateo Retegui of Italy reacts during the 2026 World Cup European Qualifiers match between Italy and Norway in Milan, Italy, Nov. 16, 2025. (Photo by Alberto Lingria/Xinhua)
