Connect with us

International Organizations

မိန့်ဇ်အသင်းက နည်းပြချုပ် ဟန်းနရစ်ဆင်အား ထုတ်ပယ်ကာ ဟော့ဖ်မန်းအား ယာယီနည်းပြအဖြစ် ခန့်အပ်

ဂျာမနီနိုင်ငံ လေဗာကူဆင်မြို့တွင် ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁၄ ရက်က လေဗာကူဆင်နှင့် မိန့်ဇ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ဘွန်ဒက်စ်လီဂါပထမတန်း ဘောလုံးပွဲစဉ်၌ မိန့်ဇ်အသင်းနည်းပြချုပ် ဘိုဟန်းနရစ်ဆင်အား တွေ့ရစဉ် (ဆင်ဟွာ)

ဘာလင်၊ ဒီဇင်ဘာ ၅ ရက် (ဆင်ဟွာ)

ဘွန်ဒက်စ်လီဂါတွင် အချိန်ကြာမြင့်စွာ နိုင်ပွဲပျောက်ဆုံးနေကာ အမှတ်ပေးဇယား အောက်ဆုံးသို့ရောက်ရှိနေပြီး အရေးတကြီး တုံ့ပြန်ဆောင်ရွက်ရန် လိုအပ်နေသည့် မိန့်ဇ်အသင်းက နည်းပြချုပ်ဖြစ်သူ ဘိုဟန်းနရစ်ဆင်နှင့် လမ်းခွဲလိုက်ကြောင်း သိရသည်။
မိန့်ဇ်အသင်းမှာ လိဂ်ပြိုင်ပွဲတွင် ၈ ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးကာ ရုန်းကန်နေရပြီး ဂိုးမိုးခေါင်မှု၊ မကြာခဏ ရှုံးပွဲကြုံမှုတို့နှင့် ရင်ဆိုင်နေရသလို လွန်ခဲ့သောသီတင်းပတ်ကုန်က ၄ ဂိုးပြတ် အရေးနိမ့်ခဲ့ခြင်းကလည်း အသင်း၏ အားနည်းချက်များကို မီးမောင်းထိုးပြနေချိန်တွင် ကလပ်အသင်း၏အတွင်းပိုင်းတွင် ရက်အတန်ကြာ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးနောက် ယင်းဆုံးဖြတ်ချက်ကို အတည်ပြုခဲ့ခြင်းဖြစ်သည်။

မိန့်ဇ်အသင်းမှာ ၁၂ ပွဲကစားရာတွင် ၆ မှတ်သာရရှိထားပြီး အဆင့်-၁၈ ၌သာ တောက်လျှောက် ရပ်တည်နေခြင်းကြောင့် ယခုရာသီတွင် ရလဒ်ပိုင်းပြန်လည်တည်ငြိမ်အောင် လုပ်ဆောင်မည်ဆိုလျှင် အသင်းအား ပြန်လည်ချိန်ညှိမှုများ မဖြစ်မနေလုပ်ဆောင်ရမည်ဟု အသင်း၏ အကြီးတန်းတာဝန်ရှိသူများက ကောက်ချက်ချခဲ့သည်။ မိန့်ဇ် ယူ-၂၃ အသင်းနည်းပြအဖြစ် ကာလရှည်တာဝန်ယူခဲ့သည့် ဘန်ဂျမင် ဟော့ဖ်မန်းက အသင်း၏ လေ့ကျင့်ခန်းအစီအစဉ်များနှင့် ပွဲကြိုပြင်ဆင်မှုများကို ယာယီတာဝန်ယူကြီးကြပ်သွားမည်ဟု သိရသည်။

ကလပ်အသင်းအမှုဆောင်အရာရှိ ခရစ်ရှန် ဟိုင်ဒယ်လ်က ယခုဆုံးဖြတ်ချက်မှာ စိတ်မချမ်းမြေ့စရာ ဖြစ်သော်လည်း မဖြစ်မနေလိုအပ်ချက်အရ လုပ်ဆောင်ခဲ့ရခြင်းဖြစ်သည်ဟု ပြောကြားခဲ့ကာ ဟန်းနရစ်ဆင်အနေဖြင့် တစ်ချိန်က စိတ်ဓာတ်ယိုယွင်းနေသော ကစားသမားအစုအဖွဲ့အား စိတ်ဓာတ်ခွန်အား ပြန်လည်မြှင့်တင်ပေးခဲ့ပြီး တန်းဆင်းရရန် နီးစပ်ခဲ့သည့်အခြေအနေမှ ဥရောပဝင်ခွင့်ရရှိသည်အထိ ထင်မှတ်မထားလောက်အောင် ဦးဆောင်မှုပေးနိုင်ခဲ့သည်ဟု သတိတရဖြင့် ပြန်လည်ပြောဆိုခဲ့သည်။
“သူ့ရဲ့သက်ရောက်မှုက သိပ်ကိုကြီးမားတာမို့ ကျွန်တော်တို့ စိတ်ရင်းမှန်နဲ့ ကျေးဇူးတင်ပါတယ်” ဟု ဟိုင်ဒယ်လ်က ပြောကြားခဲ့သော်လည်း လတ်တလောစွမ်းဆောင်ရည်မှာ ပြိုင်ပွဲအတွက် ကလပ်အသင်း၏ မျှော်မှန်းချက်များနှင့် ကိုက်ညီမှုမရှိတော့ဟု ဝန်ခံခဲ့သည်။

အတိတ်ကိုအောက်မေ့သတိရလျက် နှုတ်ဆက်စကားပြောကြားရာတွင် ဟန်းနရစ်ဆင်က မိန့်ဇ်အသင်းတွင် ဖြတ်သန်းခဲ့သည့်ကာလကို တန်ဖိုးထားကြောင်း ပြောကြားခဲ့ပြီး အသင်းပရိသတ်များနှင့် သံယောဇဉ်၊ အဝတ်လဲခန်း၏ အရေးပါပုံတို့ကို ချီးကျူးခဲ့သည်။ သို့သော် ၎င်း၏အသင်းမှာ နောက်ဆုံးအချိန်အထိ မဆုတ်မနစ်ကြိုးစားခဲ့သော်လည်း ယခင်ရာသီများတွင် ၎င်းတို့၏တိုးတက်မှုကို အဓိပ္ပာယ်ဖွင့်ဆိုပေးခဲ့သည့် ဇွဲသတ္တိနှင့် နားလည်မှုတို့ကို ပြန်လည်တည်ဆောက်ရန် ရုန်းကန်ခဲ့ရသည်ဟု ဝန်ခံခဲ့သည်။
အားကစားဒါရိုက်တာ နစ်ကို ဘန်းဂတ်ထ်ကလည်း အသင်းအနေဖြင့် အဆုံးအဖြတ်ပေးမည့် အချိုးအကွေ့ကာလသို့ ရောက်ရှိနေကြောင်း၊ ဟော့ဖ်မန်းမှာ လူငယ်အကယ်ဒမီ၏ ဖွဲ့စည်းပုံ၊ နည်းစနစ်ပိုင်းဆိုင်ရာ မူဝါဒများနှင့် အကျွမ်းတဝင်ရှိခြင်းကြောင့် ကျိုးကြောင်းဆီလျော်သည့် ရေတိုဖြေရှင်းနည်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ မိန့်ဇ်အသင်းမှာ ပွဲဆက်များသည့်ကာလအတွက် ကြိုတင်ပြင်ဆင်နေချိန်တွင် ယာယီနည်းပြအနေဖြင့် အသင်းတည်ငြိမ်မှုရှိရေးနှင့် မြင့်တက်လာသော ဖိအားများကိုလျှော့ချနိုင်ရေးအတွက် လုပ်ဆောင်နိုင်မည်ဟု မျှော်လင့်ခံထားရသည်။

ဟော့ဖ်မန်းအနေဖြင့် ယုံကြည်မှုကျဆင်းနေသော်လည်း အရည်အသွေးရှိသော ကစားသမားအစုအဖွဲ့ကို ကိုင်တွယ်ရမည်ဖြစ်ရာ အယူအဆနှင့် ချဉ်းကပ်ပုံ အပြောင်းအလဲက လာမည့်သီတင်းပတ်များအတွင်း တန်းဆင်းဇုန်ထဲမှ ရုန်းထွက်နိုင်ရန် မိန့်ဇ်အသင်း လိုအပ်နေသော တိုက်ပွဲဝင်စိတ်ဓာတ်ကို ပြန်လည်အသက်သွင်းပေးနိုင်မည်ဟု ကလပ်အသင်း အကြီးအကဲများက မျှော်လင့်ထားကြသည်။ (Xinhua)

ဂျာမနီနိုင်ငံ ဖရန့်ဖွတ်မြို့တွင် ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၉ ရက်က ဖရန့်ဖွတ်နှင့် မိန့်ဇ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ဘွန်ဒက်စ်လီဂါပထမတန်း ဘောလုံးပွဲစဉ်၌ မိန့်ဇ်အသင်းနည်းပြချုပ် ဘိုဟန်းနရစ်ဆင် လက်ဟန်ခြေဟန်ဖြင့် ညွှန်ကြားနေစဉ် (ဆင်ဟွာ)

ဂျာမနီနိုင်ငံ မိန့်ဇ်မြို့တွင် ၂၀၂၅ ခုနှစ် မေ ၄ ရက်က မိန့်ဇ်အသင်းနှင့် ဖရန့်ဖွတ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ဘွန်ဒက်စ်လီဂါပထမတန်း ဘောလုံးပွဲစဉ်၌ မိန့်ဇ်အသင်းမှ ဂျိုနသန် ဘားကက်ထ် (ယာ-ဒုတိယ) ဂိုးသွင်းပြီးနောက် အောင်ပွဲခံနေပုံကို တွေ့ရစဉ် (ဆင်ဟွာ)

………………..
(English Version)
Mainz sacks head coach Henriksen with Hoffmann stepping in as interim coach
BERLIN, Dec. 3 (Xinhua) — Bundesliga club Mainz has parted ways with head coach Bo Henriksen following a prolonged stretch without a league victory, leaving the team at the bottom of the table and prompting urgent action.
The decision, confirmed after days of internal discussions on Wednesday, comes as Mainz struggles through eight consecutive league games without a win, marked by scarce scoring and frequent concessions, capped by a 4-0 defeat at the weekend that highlighted the squad’s vulnerabilities.
With only six points from 12 matches and firmly anchored in 18th position, senior officials concluded that a reset was unavoidable if the season was to be stabilized. Benjamin Hoffmann, long-time coach of the club’s under-23 side, will oversee training and match preparation on an interim basis.
Club executive Christian Heidel described the step as “painful but ultimately necessary,” recalling how Henriksen had once invigorated a demoralized group and steered them from deep relegation trouble to an unexpected European qualification.
“His impact was profound, and the gratitude we feel is genuine,” Heidel said, while acknowledging that recent performances no longer matched the club’s competitive targets.
In a reflective farewell message, Henriksen said he had cherished his time at Mainz, praising the bond with supporters and the spirit of the dressing room. He admitted, however, that his side had struggled to rediscover the relentlessness and clarity that had defined their surge in previous seasons, despite “working relentlessly until the very last day.”
Sporting director Niko Bungert noted that the club had reached “a decisive crossroads,” adding that Hoffmann’s familiarity with the academy structure and tactical principles made him a logical short-term solution. The interim coach is expected to bring stability and ease the mounting pressure as Mainz prepare for a demanding run of fixtures.
Hoffmann inherits a group low on confidence but not without potential, with club leaders hoping that a shift in tone and approach can reignite the competitive edge Mainz needs to climb out of the relegation zone in the weeks ahead.
English Caption 1
Bo Henriksen, head coach of 1.FSV Mainz 05, instructs during the first division of Bundesliga match between Bayer 04 Leverkusen and 1.FSV Mainz 05 in Leverkusen, Germany, Jan. 14, 2025. (Photo by Ulrich Hufnagel/Xinhua)
English Caption 2
Bo Henriksen, head coach of FSV Mainz 05, gestures during the German first division Bundesliga football match between Eintracht Frankfurt and FSV Mainz 05 in Frankfurt, Germany, Nov. 9, 2025. (Photo by Ulrich Hufnagel/Xinhua)
English Caption 3
Jonathan Burkardt (2nd R) of FSV Mainz 05 celebrates scoring with teammates during the German first division Bundesliga football match between FSV Mainz 05 and Eintracht Frankfurt in Mainz, Germany, May 4, 2025. (Photo by Ulrich Hufnagel/Xinhua)