Connect with us

China

ရှီနှင့် မက်ခရွန် တရုတ်-ပြင်သစ် စီးပွားရေးကောင်စီ၏ သတ္တမအကြိမ်မြောက် အစည်းအဝေး ပိတ်ပွဲအခမ်းအနား တက်ရောက်

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က မြို့တော် ပေကျင်းတွင် တရုတ်-ပြင်သစ် စီးပွားရေးကောင်စီ၏ သတ္တမအကြိမ်မြောက် အစည်းအဝေး ပိတ်ပွဲအခမ်းအနား၌ မိန့်ခွန်းပြောကြားနေသည်ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဒီဇင်ဘာ ၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ပြင်သစ်နိုင်ငံ သမ္မတ အီမန်နျူရယ် မက်ခရွန်တို့သည် တရုတ်နိုင်ငံ မြို့တော်ပေကျင်းတွင် ဒီဇင်ဘာ ၄ ရက်က ကျင်းပခဲ့သော တရုတ်-ပြင်သစ် စီးပွားရေးကောင်စီ၏ သတ္တမအကြိမ်မြောက် အစည်းအဝေး ပိတ်ပွဲအခမ်းအနားကို တက်ရောက်ကာ မိန့်ခွန်းပြောကြားခဲ့ကြကြောင်း သိရသည်။
နှစ်နိုင်ငံအနေဖြင့် တရုတ်-ပြင်သစ် တည်ငြိမ်သောဆက်ဆံရေးဖြင့် ယနေ့မျက်မှောက်ခေတ် ကမ္ဘာကြီး၏ မသေချာမရေရာမှုများကို တုံ့ပြန်ရမည်ဖြစ်ကြောင်း ရှီက မှတ်ချက်ပြုပြောကြားခဲ့သည်။
နှစ်ဖက်အနေဖြင့် နှစ်နိုင်ငံစီးပွားရေးနှင့် ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်သစ်များကို စဉ်ဆက်မပြတ် တိုးချဲ့ရန်၊ တရုတ်နိုင်ငံနှင့် ဥရောပသမဂ္ဂ (EU) ကြား အပြန်အလှန် အကျိုးဖြစ်ထွန်းသော ပူးပေါင်းဆောင်ရွက်မှုတွင် တိုးတက်မှုအသစ်များ ဆက်လက်တွန်းအားပေးရန်၊ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု ကောင်းမွန်ပြည့်စုံအောင် ပြုပြင်ပြောင်းလဲရာတွင် သစ်လွင်သော အကျိုးထမ်းဆောင်မှုများ ပူးတွဲလုပ်ဆောင်ရန် သမ္မတ ရှီက ပြောကြားခဲ့သည်။

ထို့ပြင် ယခုနှစ်သည် တရုတ်-ပြင်သစ်ဆက်ဆံရေး နောင်နှစ် ၆၀ အစပြုခြင်းအထိမ်းအမှတ်လည်း ဖြစ်ရာ နှစ်နိုင်ငံ ကုန်သွယ်စီးပွားပူးပေါင်းဆောင်ရွက်မှုကို စဉ်ဆက်မပြတ် တိုးချဲ့လျက် ပိုမိုကြံ့ကြံ့ခံနိုင်မှုကို ဖော်ပြလျက်ရှိကြောင်း၊ နှစ်နိုင်ငံ ကုန်သွယ်မှုမှာ ၂၀၂၅ ခုနှစ် ပထမ ၁၀ လအတွင်း အမေရိကန်ဒေါ်လာ ၆၈.၇၅ ဘီလီယံအထိ ရောက်ရှိခဲ့ကာ အပြန်အလှန် ရင်းနှီးမြှုပ်နှံမှုအနေဖြင့်မူ အမေရိကန်ဒေါ်လာ ၂၇ ဘီလီယံ ကျော်လွန်ခဲ့ကြောင်း ရှီက ထည့်သွင်းပြောကြားခဲ့သည်။
တရုတ်နိုင်ငံနှင့် ပြင်သစ်နိုင်ငံတို့သည် အခွင့်အလမ်းများအား ဖမ်းဆုပ်လျက် ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေကာ နှစ်နိုင်ငံဆက်ဆံရေး တည်ငြိမ်၍ စဉ်ဆက်မပြတ်တိုးတက်မှုကို သေချာစေသင့်ကြောင်းနှင့် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု၏ ပိုမိုတောက်ပသောအနာဂတ်ကို ပူးတွဲရေးသားရမည်ဖြစ်ကြောင်း ရှီက ဆိုသည်။
တရုတ်နိုင်ငံအနေဖြင့် ပြင်သစ်နိုင်ငံအား ကုန်သွယ်စီးပွားရေးရာ၌ အရေးပါ၍ မရှိမဖြစ်မိတ်ဖက်အဖြစ် ရှုမြင်သလို တရုတ်နိုင်ငံ၏ ခေတ်မီအသွင်ပြောင်းမှုတွင် ပြင်သစ်နိုင်ငံ၏ ပါဝင်မှုကို တရုတ်နိုင်ငံက ကြိုဆိုကြောင်း၊ ပြင်သစ်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် စွမ်းဆောင်မှုနှင့် သဘောဆန္ဒရှိသော တရုတ်စီးပွားရေးလုပ်ငန်းများကိုလည်း ပံ့ပိုးလျက်ရှိပါကြောင်း ရှီက ပြောကြားခဲ့သည်။

ထို့ပြင် နှစ်နိုင်ငံလုံးက ဉာဏ်ရည်တု၊ အစိမ်းရောင်၊ ဒစ်ဂျစ်တယ်စီးပွားရေး၊ ဇီဝဆေးဝါးနှင့် ငွေရောင်စီးပွားရေး စသည့် ထွန်းသစ်စနယ်ပယ်များရှိ ပူးပေါင်းဆောင်ရွက်မှုအလားအလာကို ထုတ်ဖော်ရမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံနှင့် ပြင်သစ်နိုင်ငံတို့အနေဖြင့် စက်မှုလုပ်ငန်းနှင့် ထောက်ပံ့ကွင်းဆက်များ၌ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ နှစ်နိုင်ငံ စီးပွားရေးကုမ္ပဏီများအတွက် မျှတ၍ ပွင့်လင်းမြင်သာမှုရှိကာ ခွဲခြားဆက်ဆံမှုမရှိဘဲ ကြိုတင်ခန့်မှန်းနိုင်သည့် စီးပွားရေးပတ်ဝန်းကျင်တစ်ရပ်ကိုလည်း ပံ့ပိုးပေးရမည်ဖြစ်ကြောင်း သမ္မတ ရှီကျင့်ဖိန်က ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)

သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/8CE
………………….
(English Version)
Xi, Macron attend closing ceremony of seventh meeting of China-France Business Council
BEIJING, Dec. 4 (Xinhua) — Chinese President Xi Jinping and French President Emmanuel Macron attended and addressed the closing ceremony of the seventh meeting of China-France Business Council on Thursday in Beijing.
Xi noted that the two sides should respond to uncertainties in today’s world with the stability of China-France relations.
Xi called on both sides to continuously expand new areas of bilateral economic and trade cooperation, keep fostering new progress in mutually beneficial cooperation between China and the European Union (EU), and jointly make fresh contributions to the reform and improvement of global governance.
Noting that this year marks the start of a fresh 60-year cycle for China-France relations, Xi said the bilateral economic and trade cooperation has been continuously expanding and demonstrating greater resilience, with bilateral trade reaching 68.75 billion U.S. dollars in the first ten months of 2025 and cumulative mutual investment exceeding 27 billion U.S. dollars.
China and France should seize opportunities, deepen cooperation, ensure the steady and sustained growth of bilateral relations, and jointly write an even brighter chapter for bilateral cooperation, Xi said.
China views France as a significant and indispensable partner in economic and trade affairs, Xi said, noting that China welcomes France’s participation in China’s modernization and support capable and willing Chinese enterprises in investing in France.
The two sides should tap the potential for cooperation in emerging fields such as artificial intelligence, green and digital economies, biomedicine, and the silver economy, Xi said, adding that China and France should continue to promote cooperation in industrial and supply chains and provide a fair, transparent, non-discriminatory and predictable business environment for companies from both countries.
Read update: xhtxs.cn/8CE
Photo: Chinese President Xi Jinping addresses the closing ceremony of the seventh meeting of China-France Business Council in Beijing, capital of China, Dec. 4, 2025. (Xinhua/Xie Huanchi)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.