Connect with us

Politics, Law & Military

ဝမ်ရိနှင့် ဘရူနိုင်း နိုင်ငံခြားရေးဝန်ကြီး (၂) Dato Erywan Pehin Yusof တွေ့ဆုံဆွေးနွေး

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ဘရူနိုင်း နိုင်ငံခြားရေးဝန်ကြီး (၂) Dato Erywan Pehin Yusof တို့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်က ပေကျင်းမြို့၌ တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ဘရူနိုင်း နိုင်ငံခြားရေးဝန်ကြီး (၂) Dato Erywan Pehin Yusof တို့ ဒီဇင်ဘာ ၁၁ ရက်က ပေကျင်းမြို့၌ တွေ့ဆုံဆွေးနွေးခဲ့သည်။ထိုသို့တွေ့ဆုံရာတွင် ဝမ်ရိက တရုတ်နိုင်ငံအနေဖြင့် ဘရူနိုင်းဘက်နှင့်အတူ နှစ်နိုင်ငံအကြီးအကဲများ၏ အရေးကြီး သဘောတူညီချက်အား အရင်းခံလိုက်နာချက်အဖြစ် သဘောထားကာ အဆင့်မြင့်အလွှာ သွားလာဆက်ဆံမှုကို ထိန်းသိမ်းပြီး မဟာဗျူဟာချိတ်ဆက်ညှိနှိုင်းမှုကို တိုးမြှင့်သွားမည်ဖြစ်ကြောင်း၊ အပြန်အလှန် အကျိုးဖြစ်ထွန်းသော ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစွာဖော်ဆောင်ပြီး နိုင်ငံစုံ ညှိနှိုင်းပူးပေါင်းမှုကိုမြှင့်တင်ကာ တရုတ်-ဘရူနိုင်း အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်မှု ခြေလှမ်းအသစ် လှမ်းချီနိုင်ရန် တွန်းအားပေးသွားမည်ဖြစ်ကြောင်း၊ လာမည့်နှစ်သည် တရုတ်-အာဆီယံ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ထူထောင်ခြင်း ၅ နှစ်ပြည့်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အာဆီယံနှင့်အတူ ပူးပေါင်းဆောင်ရွက်မှု ထူးခြားချက်များကို ဆက်လက်ဖန်တီးသွားလိုကြောင်း ပြောကြားခဲ့သည်။

Dato Erywan Pehin Yusof က ဘရူနိုင်းဘက်အနေဖြင့် တရုတ်တစ်နိုင်ငံတည်းမူဝါဒအား ဆက်လက်ခိုင်မာစွာ လက်ကိုင်ကျင့်သုံးသွားမည်ဖြစ်ပြီး တရုတ်နိုင်ငံ၏ ပြန်လည်ပေါင်းစည်းရေးလုပ်ငန်းကြီးကို ထောက်ခံအားပေးသွားမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် အစဉ်အမြဲ ဒေသတွင်းစည်းလုံးညီညွတ်မှုနှင့် တည်ငြိမ်မှုကို မြှင့်တင်ပေးသည့် အရေးကြီးဆုံးအင်အားဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

———————————————
(Chinese Version)
王毅同文莱外交主管部长艾瑞万会谈
新华社北京12月11日电 中共中央政治局委员、外交部长王毅11日在北京同文莱外交主管部长艾瑞万举行会谈。
王毅表示,中方愿同文方以两国元首重要共识为根本遵循,保持高层交往,增进战略沟通,深化互利合作,加强多边协作,推动中文命运共同体建设迈出新的步伐。明年是中国-东盟建立全面战略伙伴关系5周年,中国愿继续同东盟打造合作亮点。
艾瑞万表示,文方将继续坚定奉行一个中国政策,支持中国统一大业。中国始终是促进地区团结稳定的最重要力量。(完)
图说:12月11日,中共中央政治局委员、外交部长王毅在北京同文莱外交主管部长艾瑞万举行会谈。 新华社记者 李鑫 摄