Connect with us

Politics, Law & Military

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် မိန့်ခွန်းအပေါ် ဖိလစ်ပိုင်နိုင်ငံ ဒုတိယ သမ္မတ ချီးကျူး

ဖိလစ်ပိုင်နိုင်ငံ ဒုတိယ သမ္မတ Jejomar Binay အားမြင်တွေ့ရစဉ် (ဆင်ဟွာ)

မနီလာ၊ နိုဝင်ဘာ ၁၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းေ ဆာင်ရွက်မှု (APEC) ထိပ်သီး အစည်းအဝေး၌ ပြောကြားခဲ့သည့် မိန့်ခွန်းသည် ကောင်းမွန်သည့် မိန့်ခွန်းဖြစ်ကြောင်း ချီးကျူး ဂုဏ်ပြု လိုက်ပြီး အဆိုပြုလွှာများ သည်လည်း လက်ဆုတ် လက်ကိုင် ပြနိုင်သော ရလဒ်များ ထွက်ပေါ် လာနိုင်ပါစေကြောင်း ဖိလစ်ပိုင်နိုင်ငံ ဒုတိယ သမ္မတ Jejomar Binay က ဆန္ဒပြု လိုက်သည်။

ကမ္ဘာ့စီးပွားရေးသည် အကျဘက်သို့ ရောက်နေကြောင်းနှင့် တရုတ်နိုင်ငံ၏ ဂျီဒီပီသည် လာမည့် ကာလများတွင် ပြန်လည် ကောင်းမွန်လာမည် ဟူသည့် ရှီ၏ မှတ်ချက်အား Binay က သဘောတူကြောင်း ပြောဆိုခဲ့သည်။

“ပြဿနာတွေ ဖြေရှင်းမှုတွေ ကတော့ အမြဲပဲ ရှိနေမှာပဲ၊ တရုတ်နိုင်ငံ ဟာလဲ ဂျီဒီပီ တိုးတက်မှု နှုန်းကို ပြန်လည် ထိန်းသိမ်း နိုင်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်” ဟု ဒုတိယ သမ္မတက နိုဝင်ဘာလ ၁၈ ရက်နေ့တွင် ပြောသည်။

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် အေပက် စီအီးအို ထိပ်သီး အစည်းအဝေးတွင် အာရှ-ပစိဖိတ် ဒေသတွင်း ချိတ်ဆက်မှုအား မြှင့်တင်အားထုတ်မှုနှင့် အာရှ-ပစိဖိတ် လွတ်လပ်သော ကုန်သွယ်ဒေသ တည်ဆောက်ခြင်း အား အရှိန်မြှင့်တင်ခြင်းနှင့် ဆိုင်သည့် မိန့်ခွန်းအား ပြောကြားခဲ့သည်။

ထို့ပြင် ရှီက အာရှ-ပစိဖိတ် ဒေသတွင်း စီးပွားရေး ပွင့်လင်းမှုနှင့် ဘက်စုံ ကုန်သွယ်ရေး ဆိုင်ရာ အုပ်ချုပ်ပုံ စနစ်အား ထိန်းသိမ်းရန်လည်း ရှီက ထပ်လောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၏ အာရှ အခြေခံ အဆောက်အအုံ ရင်းနှီးမြှပ်နံှမှု ဘဏ် (AIIB) စီမံကိန်းတွင် ဖိလစ်ပိုင်နိုင်ငံမှ ပါဝင် ရန်ရှိသလို ၎င်းမှ အကျိုးအမြတ်များစွာ ရရှိနိုင်လိမ့်မည် ဖြစ်ကြောင်း Binay ကပြောသည်။

ဖိလစ်ပိုင်နိုင်ငံ အနေဖြင့်လည်း တရုတ် အပါအဝင် နိုင်ငံခြားတိုင်းပြည်များမှ ရင်းနှီးမြှုပ်နှံမှုများအား ဆွဲဆောင် လျက်ရှိသည်။ တရုတ် လုပ်ငန်းရှင်များအား သတ္တုလုပ်ငန်း၊ ခရီးသွားလုပ်ငန်းနှင့် စိုက်ပျိုးရေး စသည့် ကဏ္ဍ များတွင် ရင်းနှီးမြှုပ်နှံကြရန် Binay က အကြံပြုထားသည်။

ဒေသတွင်းနှင့် အနီးဝန်းကျင် နိုင်ငံများမှ ကိုယ်စားလှယ် ၈၀၀ ကျော် စီအီးအို ထိပ်သီး အစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၊ အမေရိကန် နိုင်ငံ သမ္မတ ဘားရတ် အိုဘားမားနှင့် ရုရှားနိုင်ငံ ဝန်ကြီးချုပ် ဒီမီထရီ မက်ဗီးဒက်ဗ် အပါအဝင် အေပက် ခေါင်းဆောင် ၁၁ ဦးတို့က အစည်းအဝေး၌ မိန့်ခွန်း ပြောကြား ခဲ့သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117