Connect with us

Media

ယူနန်ပြည်နယ် လျန်ဟယ်က ယဉ်ကျေးမှုခရီးသွားပွဲတော်ကြီးဖြင့် နှစ်သစ်ကူး နွေဦးပွဲတော် ဆင်နွှဲ

လျန်ဟယ်၊ ဖေဖော်ဝါရီ ၂၃ ရက် (ဆင်ဟွာ)

၂၀၂၆ ခုနှစ် နွေဦးပွဲတော်တွင် ယူနန်ပြည်နယ် လျန်ဟယ်ခရိုင်၌ ဘူးပလွေ ယဉ်ကျေးမှုခရီးသွားပွဲတော်နှင့် မနောပွဲတော်ကြီးကို ကျင်းပခဲ့သည်။
ဖေဖော်ဝါရီ ၁၉ ရက် ညပိုင်းတွင် အနုပညာဖျော်ဖြေပွဲ ဖွင့်ပွဲအခမ်းအနား၌ တေးသံသာ အကအလှများ၊ တူရိယာဖျော်ဖြေမှုများဖြင့် ဘူးပလွေယဉ်ကျေးမှု၏ ဆွဲဆောင်မှုကို မြိုင်မြိုင်ဆိုင်ဆိုင် ပြသခဲ့ကြသည်။ ဖေဖော်ဝါရီ ၂၀ ရက်တွင် သွေးချင်းတိုင်းရင်းသားပေါင်း တစ်သောင်းကျော်က မနောပွဲတော်ကြီးကို အတူပျော်ရွှင်စွာ ဆင်နွှဲကာ မိသားစုပမာ ချစ်ကြည်ရင်းနှီးသည့် တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို သက်ဝင်ထင်ရှားစွာ ပြသခဲ့ကြသည်။
ပွဲတော်ကာလတွင် ဘူးပလွေပြိုင်ပွဲ၊ သဲသောင်ပြင်ဂီတဖျော်ဖြေပွဲ စသည့် အခမ်းအနားများကို ကျင်းပကာ လျန်ဟယ်၏ ယဉ်ကျေးမှုခရီးသွားကဏ္ဍ၏ တက်ကြွမှုကို ဘက်စုံဖော်ပြခဲ့သည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117