Connect with us

China

တရုတ်နိုင်ငံ၏ စက်မှုလုပ်ငန်းထွက်ကုန်က ပထမနှစ်လတာအတွင်း ၆.၃ ရာခိုင်နှုန်း မြင့်တက်

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်းဆူးပြည်နယ် ယန်ကျိုးမြို့ ကျန်းတူးခရိုင်ရှိ ကားကုမ္ပဏီ၏ ထုတ်လုပ်ရေးလိုင်းတစ်ခုတွင် အလုပ်သမားများကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၁၇ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ အရေးကြီးသော စီးပွားရေးညွှန်းကိန်းဖြစ်သည့် တန်ဖိုးမြှင့်စက်မှုလုပ်ငန်းထွက်ကုန်မှာ ၂၀၂၆ ခုနှစ် ပထမနှစ်လတာအတွင်း ယခင်နှစ်အလားတူလာကထက် ၆.၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း အမျိုးသားစာရင်းအင်းဗျူရို (NBS) မှ မတ် ၁၆ ရက်၌ ထုတ်ပြန်သည့်အချက်အလက်များက ဖော်ပြခဲ့သည်။
အဆိုပါမြင့်တက်နှုန်းမှာ လွန်ခဲ့သည့်နှစ် ဒီဇင်ဘာလကထက် ၁.၁ ရာခိုင်နှုန်း ပိုမိုမြန်ဆန်ခဲ့ကြောင်း၊ ဖေဖော်ဝါရီတစ်လတည်း၌ပင် စက်မှုလုပ်ငန်းထွက်ကုန်မှာ ဇန်နဝါရီလကထက် ၀.၈၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း NBS ၏ အဆိုအရ သိရသည်။
စက်မှုလုပ်ငန်းထွက်ကုန်အား ကြီးမားသောလုပ်ငန်းများ၏ လှုပ်ရှားမှုကို တိုင်းတာရန် အသုံးပြုပြီး တစ်ခုချင်းစီတွင် အနည်းဆုံး ယွမ် သန်း၂၀ ထက်မနည်း (အမေရိကန်ဒေါ်လာ ၂.၉ သန်းခန့်) နှစ်စဉ် အဓိကစီးပွားရေးလည်ပတ်ငွေ ရှိသည်။
ထိုနှစ်လတာကာလအတွင်း သတ္တုတွင်းကဏ္ဍ၏ တန်ဖိုးမြှင့်ထွက်ကုန်မှာ ယခင်နှစ်ကာလတူကထက် ၆.၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ကုန်ထုတ်လုပ်ရေးကဏ္ဍ၏ တန်ဖိုးမြှင့်ထွက်ကုန်မှာမူ ၆.၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ကာ လျှပ်စစ်၊ အပူ၊ ဓာတ်ငွေ့နှင့် ရေထုတ်လုပ်မှုနှင့် ထောက်ပံ့ရေးကဏ္ဍများ၏ တန်ဖိုးမြှင့်ထုတ်လုပ်မှုအနေဖြင့်လည်း ၄.၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း အဆိုပါအချက်အလက်များအား ခွဲခြမ်းစိတ်ဖြာမှုအရ သိရသည်။ (Xinhua)
………………
(English Version)
China’s industrial output up 6.3 pct in first two months
BEIJING, March 16 (Xinhua) — China’s value-added industrial output, an important economic indicator, went up 6.3 percent year on year in the first two months of 2026, data from the National Bureau of Statistics (NBS) showed on Monday.
The pace was 1.1 percentage points faster than the level in December last year, according to the NBS. In February alone, the industrial output grew 0.83 percent from January.
The industrial output is used to measure the activity of large enterprises, each with an annual main business turnover of at least 20 million yuan (about 2.9 million U.S. dollars).
A breakdown of the data showed that the mining sector’s value-added output increased by 6.1 percent year on year in the two-month period, while that of the manufacturing sector grew by 6.6 percent. The value-added output of the electricity, heat, gas, and water production and supply sectors rose by 4.7 percent. ■
English Caption
Workers are seen on a production line of an auto company in Jiangdu District of Yangzhou, east China’s Jiangsu Province, Jan. 29, 2026. (Photo by Ren Fei/Xinhua)