International Organizations
မတ်လအတွင်း ယှဉ်ပြိုင်ကစားမည့် ဂျာမနီအသင်း၏ ခြေစမ်းပွဲစဉ်များအတွက် လူငယ်နှင့် အတွေ့အကြုံရှိ ကစားသမားများကို နာဂယ်စ်မန်း ပေါင်းစပ်ရွေးချယ်ထား
ဘာလင်၊ မတ် ၂၀ ရက် (ဆင်ဟွာ)
ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အကြိုပြင်ဆင်မှုများ ပြုလုပ်သည့်အနေဖြင့် ဆွစ်ဇာလန်၊ ဂါနာအသင်းတို့နှင့် ယှဉ်ပြိုင်ကစားမည့် ဂျာမနီအသင်း၏ ခြေစမ်းပွဲစဉ်များအတွက် ကစားသမား ၂၆ ဦးပါဝင်သော လူစာရင်းကို အသင်းနည်းပြချုပ် ဂျူလီယန် နာဂယ်စ်မန်းက ရွေးချယ်ခဲ့ရာ မျက်နှာသစ်ကစားသမားနှစ်ဦးကို ပထမဆုံးအကြိမ် ခေါ်ယူခဲ့သလို ဒဏ်ရာကြောင့် မပါဝင်နိုင်ခဲ့သည့် နာမည်ကျော် ကစားသမားအချို့မှာလည်း အသင်းနှင့် ပြန်လည်ပူးပေါင်းနိုင်ခဲ့ပြီဖြစ်သည်။
ဂျာမနီအသင်းအနေဖြင့် မတ် ၂၇ ရက်တွင် ဆွစ်ဇာလန်၌လည်းကောင်း၊ ထို့နောက် သုံးရက်အကြာတွင် စတုဂတ်၌လည်းကောင်း ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားမည်ဖြစ်ကာ အမေရိကန်၊ ကနေဒါနှင့် မက္ကဆီကိုနိုင်ငံတို့တွင် ကျင်းပမည့် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ပထမအဆင့်အနေဖြင့် အရှိန်မြှင့်ပြင်ဆင်မှုလည်းဖြစ်သည်။
နည်းပြ နာဂယ်စ်မန်းက ပြည်ပ၌ ကစားနေသည့် အတွေ့အကြုံရှိ ကစားသမားများနှင့် တက်သစ်စ လူငယ်ပါရမီရှင်များကို ပေါင်းစပ်အသုံးပြုရန် ဆုံးဖြတ်ခဲ့သည်။ ဘိုင်ယန်မြူးနစ်အသင်းမှ လန်းနက်ထ် ကားလ်နှင့် ယိုနက်စ် အာဘစ်တို့ကို ပထမဆုံးအကြိမ် ရွေးချယ်ခဲ့ခြင်းမှာ အသင်းကြီး၏ ကစားကွက်အခင်းအကျင်းထဲသို့ လူငယ်ကစားသမားများအား တဖြည်းဖြည်း ထည့်သွင်းအသုံးပြုလာသည်ကို ညွှန်ပြလျက်ရှိသည်။ အာဘစ်မှာ ယခုရာသီတွင် ဝါရင့်ဂိုးသမား မာနူအယ် နော်ယာ၏နောက် အားထားရသည့် ဒုတိယဦးစားပေးဂိုးသမားအဖြစ် လက်စွမ်းပြနိုင်ခဲ့ပြီးနောက် လက်ရွေးစင်အသင်းအတွက် ရွေးချယ်ခံခဲ့ရခြင်းဖြစ်သည်။
စတုဂတ်တိုက်စစ်မှူး ဒန်းနစ်ဇ် အွန်ဒက်ဗ်မှာလည်း ယခုရာသီတွင် ဘွန်ဒက်စ်လီဂါ၌ အခြား ဂျာမန်တိုက်စစ်မှူးများထက် သွင်းဂိုးပိုမိုသွင်းယူထားနိုင်ကာ တိုက်စစ်တွင် စွမ်းဆောင်ရည်ကောင်းများ ပြသခဲ့ပြီးနောက် ဂျာမနီအသင်းတွင် ပြန်လည်ပါဝင်လာခဲ့သည်။ ထို့အတူ အာဆင်နယ်တိုက်စစ်မှူး ကိုင်ဟာဗက်ဇ်သည်လည်း ဒဏ်ရာကြောင့် လက်ရွေးစင်အသင်းနှင့် ကာလအတော်ကြာ ကင်းကွာနေပြီးနောက် အသင်း၌ ပြန်လည်ပါဝင်လာခဲ့သလို ရီးရဲလ်မက်ဒရစ် နောက်ခံလူ အန်တိုနီယို ရူဒီဂါမှာလည်း ကြံ့ခိုင်မှုပြဿနာများကို ကျော်လွှားနိုင်ခဲ့ပြီးနောက် ဂျာမနီအသင်း၏ ခံစစ်အစုအဖွဲ့နှင့် ပြန်လည်ပူးပေါင်းသွားမည်ဖြစ်သည်။
လိဒ်စ်ယူနိုက်တက်အသင်းမှ အန်တန် စတက်ချ်အား ရွေးချယ်ခဲ့ခြင်းမှာလည်း အံ့အားသင့်စရာအကောင်းဆုံး ဆုံးဖြတ်ချက် ဖြစ်လာခဲ့သည်။ အဆိုပါ ကွင်းလယ်ကစားသမားအနေဖြင့် အမြင့်ဘောအားသာချက်နှင့် ကြံ့ခိုင်မှုအသားပေးသည့် ဘောလုံးလုယူမှုများကို အားပြုကစားခြင်းမရှိဘဲ ပွဲကိုကြိုတင်ဖတ်ရှုနိုင်စွမ်းရှိသော ကွင်းလယ်ဗဟိုနေရာနှင့် ကိုက်ညီသည့် အရည်အသွေးများကို ပိုင်ဆိုင်ထားသည်ဟု နာဂယ်စ်မန်းက အရိပ်အမြွက် ပြောဆိုထားသော်လည်း ရွေးချယ်စရာများပြားနေသည့် ကွင်းလယ်အစုအဖွဲ့အတွက် ယခုမတိုင်မီက ခေါ်ယူခဲ့ခြင်းမရှိပေ။
စတက်ချ်အနေဖြင့် ကွင်းလယ်တွင် လီယွန် ဂေ့ါဇ်ကာ၊ အလက်ဇန်းဒါး ပတ်ဗလိုဗစ်၊ ဖီးလစ်ဇ် အန်မက်ချာ၊ ပါစကယ် ဂရော့စ်တို့နှင့်အတူ ကွင်းလယ်အထိုင်နှစ်ဦးထားသည့် ကစားကွက်တွင် တွဲဖက်ကစားရမည်ဖြစ်သည်။ နည်းပြ နာဂယ်စ်မန်းက ကစားသမားရွေးချယ်သည့် ဆုံးဖြတ်ချက်အချို့အပေါ် ကျယ်ကျယ်ပြန့်ပြန့် အံ့အားသင့်မှုများ ရှိနိုင်သည်ဟု ကြိုတင်၍ အရိပ်အမြွက်ပြောဆိုခဲ့သော်လည်း ယခုထွက်ပေါ်လာသည့် အပြီးသတ်လူစာရင်းမှာမူ အံ့အားသင့်စရာ အနည်းငယ်သာရှိခဲ့သည်။
အပြီးသတ်လူစာရင်းတွင် ကစားသမားအချို့ကို ချန်လှပ်ခဲ့သည်။ ဂျမားလ် မူစီယာလာ၏ ကြံ့ခိုင်မှုအပေါ် စိုးရိမ်မှုနှင့် ၎င်း၏ နာလန်ပြန်ထူလာမှုနှင့် ပတ်သက်၍ စွန့်စားမှုမယူလိုသည့်အတွက် ကြိုတင်ကာကွယ်သည့်အနေဖြင့် ၎င်းအား ချန်လှပ်ထားခဲ့သည်။ အန်ဂျလို စတေလာ၊ မက်စီမီလီယန် မစ်တယ်စတက်ဒ်၊ နာဒီယမ် အာမီရီ၊ ဂျိုနသန် ဘာကာ့ဒ်နှင့် ဆာအစ်ဒ် အယ်မာလာတို့မှာလည်း အသင်းလူစာရင်း၌ ပါဝင်လာခဲ့ခြင်းမရှိပေ။
အသင်း၏ ခံစစ်ပိုင်းအတွက် နီကို ရှလော့တာဘက်ခ်၊ ဂျိုနသန်တားနှင့် ဒေးဗစ်ရောင်း စသည့် ကစားသမားများကို ရွေးချယ်ထားကာ ဘယ်နောက်ခံလူနေရာအတွက် နောက်ထပ်ရွေးချယ်စရာအဖြစ် နသန်နီရယ် ဘရောင်း ပါဝင်လာခဲ့သလို ညာနောက်ခံလူနေရာအတွက်မူ ဂျိုရှူအာ ကင်းမစ်ချ်၏ အရန်အဖြစ် ဂျိုရှာ ဗက်ဂ်နိုမန်ကို ရွေးချယ်ထားသည်။ (Xinhua)

ဂျာမနီနိုင်ငံ မြူးနစ်မြို့တွင် ၂၀၂၅ ခုနှစ် ဇွန် ၄ ရက်က ဂျာမနီအသင်းနှင့် ပေါ်တူဂီအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ယူအီးအက်ဖ်အေ နေးရှင်းစ်လိဂ် A ဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်မတိုင်မီ ဂျာမနီကစားသမားများ အသင်းလိုက် ဓာတ်ပုံရိုက်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ဂျာမနီနိုင်ငံ မြူးနစ်မြို့တွင် ၂၀၂၆ ခုနှစ် မတ် ၁၈ ရက်က ဘိုင်ယန်မြူးနစ်နှင့် အတ္တလန်တာအသင်းတို့ ယှဉ်ပြိုင်ကစားသည့် ယူအီးအက်ဖ်အေ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်၌ ဘိုင်ယန်မြူးနစ်အသင်းမှ လန်းနက်ထ် ကားလ် ဂိုးသွင်းပြီးနောက် အောင်ပွဲခံနေစဉ် (ဆင်ဟွာ)
……………….
(English Version)
Nagelsmann blends youth, experience in Germany squad for March friendlies
BERLIN, March 19 (Xinhua) — Germany head coach Julian Nagelsmann has named a 26-man squad for upcoming friendlies against Switzerland and Ghana, handing first call-ups to two players while reintegrating several returning figures as part of the early World Cup preparations on Thursday.
The squad will assemble for matches on March 27 in Switzerland and three days later in Stuttgart, marking the first phase of a more intensive build-up toward the tournament in the United States, Canada and Mexico.
Nagelsmann opted for a blend of established internationals and emerging talent. Bayern Munich duo Lennart Karl and Jonas Urbig have been included for the first time, reflecting a gradual introduction of younger players into the senior setup. Urbig’s selection follows a season in which he has proved a reliable deputy to Manuel Neuer.
Stuttgart striker Deniz Undav returns to the squad after strong attacking performances, having outscored all other German forwards in the Bundesliga this season. Arsenal forward Kai Havertz is also back following a lengthy absence due to injury, while Real Madrid’s Antonio Rudiger rejoins the defensive unit after recovering from fitness issues.
The inclusion of Leeds United’s Anton Stach stands out as the most unexpected decision. Nagelsmann had previously indicated that the midfielder offers qualities suited to a central role with the game in front of him rather than relying on aerial strength or physical duels, yet still brought him into a competitive group of midfield options.
In central midfield, Stach joins Leon Goretzka, Aleksandar Pavlovic, Felix Nmecha and Pascal Gross as candidates for roles in a double pivot system. The coach had signaled in advance that some selection decisions might not be widely understood, though the final list produced only limited surprises.
Several players miss out. Jamal Musiala has been omitted as a precaution due to fitness concerns, with no risks taken regarding his recovery. Others absent from the squad include Angelo Stiller, Maximilian Mittelstadt, Nadiem Amiri, Jonathan Burkardt and Said El Mala.
The defensive structure features options such as Nico Schlotterbeck, Jonathan Tah and David Raum, while Nathaniel Brown provides an alternative on the left. Josha Vagnoman has been selected as cover for Joshua Kimmich on the right flank.
English Caption 1
Julian Nagelsmann, head coach of Germany, gestures during the 2026 World Cup European Qualifiers football match between Germany and Slovakia in Leipzig, Germany, Nov. 17, 2025. (Photo by Ulrich Hufnagel/Xinhua)
English Caption 2
Players of Germany pose for a group photo before the UEFA Nations League A semifinal match between Germany and Portugal in Munich, Germany, June 4, 2025. (Photo by Philippe Ruiz/Xinhua)
English Caption 3
Bayern Munich’s Lennart Karl celebrates his goal during the UEFA Champions League Round of 16 second leg match between Bayern Munich and Atalanta in Munich, Germany, March 18, 2026. (Photo by Philippe Ruiz/Xinhua)
