Asia
အရှေ့အလယ်ပိုင်းအခြေအနေ သက်ရောက်မှုများကို တုံ့ပြန်ရန် အင်ဒိုနီးရှားတွင် စွမ်းအင်ချွေတာရေးအစီအမံများ ထုတ်ပြန်
ဂျကာတာ၊ ဧပြီ ၁ ရက် (ဆင်ဟွာ)
အရှေ့အလယ်ပိုင်းအခြေအနေ ဆက်တိုက် မတည်ငြိမ်မှုများကြောင့် ကမ္ဘာလုံးဆိုင်ရာ မရေရာမှုများ ပိုမိုဆိုးရွားလာရာ အင်ဒိုနီးရှားအနေဖြင့် လောင်စာဆီသုံးစွဲမှုကို လျှော့ချရန်နှင့် စီးပွားရေးကြံ့ကြံ့ခံနိုင်မှုကို မြှင့်တင်ရန်အတွက် စွမ်းအင်ချွေတာရေး အစီအမံများစွာကို ထုတ်ပြန်မည်ဖြစ်ကြောင်း အင်ဒိုနီးရှား စီးပွားရေးရေးရာ ညှိနှိုင်းရေးဝန်ကြီး Airlangga Hartarto က မတ် ၃၁ ရက်တွင် ပြောကြားခဲ့သည်။
အင်ဒိုနီးရှားဗဟိုနှင့် ဒေသန္တရအစိုးရအေဂျင်စီများရှိ အရပ်ဘက်ဝန်ထမ်းများသည် ဧပြီ ၁ ရက်မှစ၍ သီတင်းပတ် တစ်ပတ်လျှင် တစ်ရက် အိမ်မှအလုပ်လုပ်ကြရမည်ဖြစ်ပြီး စွမ်းအင်ချွေတာရေးနှင့် သွားလာရေး ထိရောက်မှု တိုးတက်လာခြင်းကို မြှင့်တင်သည့် တစ်ချိန်တည်းမှာပင် စီးပွားရေးတည်ငြိမ်မှုကို ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း Airlangga က ထိုနေ့တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
အင်ဒိုနီးရှားအစိုးရသည် ပုဂ္ဂလိကဌာနများအနေဖြင့် လုပ်ငန်းအမျိုးမျိုး၏ လိုအပ်ချက်များအရ အလုပ်ခွင်တွင် စွမ်းအင်ချွေတာရေး အစီအမံများကို အကောင်အထည်ဖော်သွားရန်လည်း အားပေးခဲ့ပြီး ပြည်သူလူထုအနေဖြင့် နေ့စဉ်ဘဝနှင့် အလုပ်လုပ်ကိုင်ရာ၌ စွမ်းအင်ချွေတာရေး အလေ့အကျင့်ပြုလုပ်ရန် တောင်းဆိုထားသည်။
ရုပ်ကြွင်းလောင်စာများအပေါ် မှီခိုမှုအား တစ်ဆင့်တိုး လျှော့ချရန် အင်ဒိုနီးရှားအစိုးရသည် ၂၀၂၆ ခုနှစ် ဇူလိုင် ၁ ရက်မှစ၍ ရုပ်ကြွင်းဒီဇယ်တွင် စားအုန်းဆီအခြေခံ ဇီဝလောင်စာ ၅၀ ရာခိုင်နှုန်း မဖြစ်မနေ ရောစပ်ရမည့် မူဝါဒကို ဖော်ဆောင်သွားမည်ဖြစ်ကြောင်း Airlangga က ပြောကြားခဲ့သည်။
ထို့အပြင် ၂၀၂၆ ခုနှစ် ဧပြီ ၁ ရက်မှစ၍ အင်ဒိုနီးရှားနိုင်ငံသည် အစိုးရသတ်မှတ်ဈေးနှုန်းများဖြင့် ထောက်ပံ့သော လောင်စာဆီဝယ်ယူမှုအပေါ် ကိုယ်ပိုင်ကားများသည် တစ်နေ့လျှင် လီတာ ၅၀ ထက် မပိုစေရသော ကန့်သတ်ချက်အစီအမံများ ချမှတ်သွားမည်ဖြစ်သည်။ (Xinhua)

အင်ဒိုးနီးရှားနိုင်ငံ Surakarta မြို့ရှိ ဓာတ်ဆီဆိုင်တစ်ဆိုင်တွင် ဆီဖြည့်ရန် တန်းစီနေကြသည်ကို ၂၀၂၆ ခုနှစ် မတ် ၃၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
………………………………
(Chinese Version)
印尼推出节能措施应对中东局势影响
新华社雅加达3月31日电(记者曹凯)印度尼西亚经济统筹部长艾尔朗加·哈尔塔托3月31日表示,由于中东局势持续动荡,全球不确定性加剧,印尼将推出一系列节能措施,以减少燃油消耗,增强经济韧性。
艾尔朗加在当天举行的新闻发布会上说,从4月1日开始,印尼中央及地方政府机构公务人员每周将居家办公一天,推动能源节约与出行效率提升,同时保持经济稳定。
印尼政府还鼓励私营部门根据各行业需求在工作场所推行节能措施,并呼吁公众在日常生活和工作中养成节能习惯。
艾尔朗加表示,为进一步减少对化石燃料的依赖,印尼政府将自2026年7月1日起,实施在化石柴油中强制掺混50%棕榈油基生物燃料的政策。
此外,自2026年4月1日起,印尼将对政府定价的补贴燃油采取限购措施,私家车每日限购不超过50升。(完)
图说1:3月31日,在印度尼西亚梭罗,工作人员为摩托车加油。新华社发(布拉姆摄)
图说2:3月31日,人们在印度尼西亚梭罗一处加油站排队加油。新华社发(布拉姆摄)
