Connect with us

Politics, Law & Military

မြန်မာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ၂၀၁၅ ရွေးကောက်ပွဲ၌ ခိုင်လုံဆန္ဒမဲ သန်းပေါင်း ၇၀ ကျော်ရရှိ

ရွေးကောက်ပွဲအပြီး နေပြည်တော်ရှိ မဲရုံတစ်ရုံ၌ မဲစာရင်းများ ရေတွက်နေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဒီဇင်ဘာ ၁ ရက် (ဆင်ဟွာ)

မြန်မာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ၂၀၁၅ ပါတီစုံ အထွေထွေ ရွေးကောက်ပွဲ၌ ခိုင်လုံ ဆန္ဒမဲ သိန်းပေါင်း ၇၀ ကျော်ရရှိခဲ့ကြောင်း ယနေ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန် ကြေညာ လိုက်သည်။

အဆိုပါ ကျင်းပခဲ့သည့် ရွေးကောက်ပွဲ၌ ပြည်သူ့ လွှတ်တော်အတွက် ဆန္ဒမဲ ပေးသူဦးရေ ၂၃,၉၁၁,၇၈၄ ဦးရှိရာ ရရှိသည့် ခိုင်လုံသော ဆန္ဒမဲအရေအတွက် ၂၂,၄၁၆,၃၁၀ မဲ၊ ရာခိုင်နှုန်းအားဖြင့် ၉၃.၇၅ ရာခိုင်နှုန်း၊ အမျိုးသား လွှတ်တော်အတွက် ဆန္ဒမဲ ပေးသူဦးရေ ၂၃,၉၄၆,၇၀၉ ဦးရှိရာ ရရှိသည့် ခိုင်လုံသော ဆန္ဒမဲအရေအတွက် ၂,၂၇၁၄,၆၃၇ မဲ ရာခိုင်နှုန်းအားဖြင့် ၉၄.၈၅ ရာခိုင်နှုန်းနှင့် တိုင်းဒေသကြီး လွှတ်တော် (သို့) ပြည်နယ် လွှတ်တော် (တိုင်းရင်းသား လူမျိုးအပါအဝင်) ဆန္ဒမဲပေးသူ ဦးရေ ၃၈,၀၁၅,၈၈၀ ဦး၊ ရရှိသည့် ခိုင်လုံသော ဆန္ဒမဲ အရေအတွက် ၂၅,၁၀၃,၂၅၂ မဲ ရာခိုင်နှုန်းအားဖြင့် ၆၆.၀၄ စုစုပေါင်း ခိုင်လုံသော ဆန္ဒမဲ အရေအတွက် ၇၀,၂၃၄,၁၉၉ မဲ ရရှိခဲ့သည်။

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပြည်သူ့ လွှတ်တော်၊ အမျိုးသား လွှတ်တော်နှင့် တိုင်းဒေသကြီး လွှတ်တော် (သို့) ပြည်နယ် လွှတ်တော် (တိုင်းရင်းသား လူမျိုး အပါအဝင်) သုံးခုပေါင်း ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ ၁၀၆,၆၀၆,၅၄၈ ဦးရှိရာ ဆန္ဒမဲပေးသူ ဦးရေ ၇၄,၂၂၆,၉၆၀ ဦးသာ ရှိခဲ့သည်။

ရွေးကောက်ပွဲ၌ လွှတ်တော် သုံးရပ်အတွက် လွှတ်တော် ကိုယ်စားလှယ်ပေါင်း ၆,၀၃၈ ဦး ဝင်ရောက် ယှဉ်ပြိုင်ပြီး လွှတ်တော် သုံးရပ်တွင် ပယ်မဲ၊ ပျောက်မဲ အရေအတွက်သည် ၃,၉၉၂,၇၆၁ မဲရှိကြောင်း ကော်မရှင် ထုတ်ပြန်ချက်အရ သိရသည်။

၂၀၁၅ ပါတီစုံ အထွေထွေ ရွေးကောက်ပွဲကို ပြည်သူ့ လွှတ်တော်၌ မဲဆန္ဒနယ် ၃၃၀ ရှိရာ ၃၂၃ နယ်မြေ၊ အမျိုးသား လွှတ်တော်၌ မဲဆန္ဒနယ် ၁၆၈ ရှိရာ ၁၆၈ နယ်မြေနှင့် တိုင်းဒေသကြီး လွှတ်တော် (သို့) ပြည်နယ် လွှတ်တော် (တိုင်းရင်းသား လူမျိုး အပါအဝင်) ၌ မဲဆန္ဒနယ်မြေ ၆၇၃ ရှိရာ ၆၅၉ နယ်မြေတွင် ကျင်းပ နိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117