Connect with us

Politics, Law & Military

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တို့သီးသန့်တွေ့ဆုံ ဆွေးနွေး

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တို့အား တွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော် ၊ ဒီဇင်ဘာ ၂ ရက် (ဆင်ဟွာ)

အထွေထွေ ရွေးကောက်ပွဲ ရလဒ်များ ထွက်ပေါ်လာပြီးနောက် အမျိုးသား ပြန်လည် သင့်မြတ်ရေး ဟူသည့် ခေါင်းစဉ်ဖြင့် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တို့သည် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတ အိမ်တော်၌ ယနေ့ဒီဇင်ဘာလ ၂ ရက် နံနက် ပိုင်းတွင် သီးသန့်တွေ့ဆုံ ဆွေးနွေး လျက်ရှိသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် အမျိုးသား ပြန်လည် သင့်မြတ်ရေး သဘောထားကို အခြေခံပြီး နိုဝင်ဘာလ ၁၀ ရက် နေ့စွဲဖြင့် နိုင်ငံတော် သမ္မတနှင့် တွေ့ဆုံ ဆွေးနွေးရန် စာပေးပို့၍ တောင်းဆိုခဲ့ပြီး ရွေးကောက်ပွဲ လုပ်ငန်းစဉ်များ ပြီးဆုံးချိန်တွင် နှစ်ဘက် ညှိနှိုင်း တွေ့ဆုံမည်ဟု နိုင်ငံတော် သမ္မတထံမှ အကြောင်း ပြန်ထားခဲ့ပြီးနောက် ယခုကဲ့သို့သီးသန့်တွေ့ဆုံ ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

ထို့အတူ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ ရလဒ်ကြောင့် ပေါ်ပေါက်လာမည့် အစိုးရသစ်ကို စနစ်တကျ တာဝန် လွှဲပြောင်း ပေးမည်ဟု နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က နိုဝင်ဘာလ အတွင်းက နိုင်ငံရေး ပါတီများနှင့် တွေ့ဆုံရာတွင် ကတိပြု ပြောကြားထားသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) သည် ၂၀၁၅ ပါတီစုံ အထွေထွေ ရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပြည်သူ့လွှတ်တော်တွင် ၂၅၅ နေရာ ၊ အမျိုးသား လွှတ်တော်တွင် ၁၃၅ နေရာနှင့် တိုင်းဒေသကြီး / ပြည်နယ် လွှတ်တော် ၄၇၅ နေရာနှင့် တိုင်းဒေသကြီး/ပြည်နယ် (တိုင်းရင်းသား လူမျိုး ) လွှတ်တော် ကိုယ်စားလှယ်တွင် ၂၁ နေရာ စုစုပေါင်း ၈၈၆ နေရာဖြင့် လွှတ်တော် အသီးသီးတွင် အများဆုံး အနိုင်ရထားသည့် ပါတီ် ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.