Africa & Middle East
ပူတင်နှင့် တစ်နာရီခွဲကြာ ပွင့်လင်းစွာ ဆွေးနွေးမှုတွင် ရလဒ်များစွာ ရရှိဟု အီရန်နိုင်ငံခြားရေးဝန်ကြီး ဆို
တီဟီရန်၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ)
အီရန်နိုင်ငံခြားရေးဝန်ကြီး အာရက်ဂ်ချီက ၎င်းအနေဖြင့် ရုရှားသမ္မတ ပူတင်နှင့် ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့တွင် ဧပြီ ၂၇ ရက်က တွေ့ဆုံဆွေးနွေးခဲ့ကြောင်း၊ နှစ်ဖက် တစ်နာရီခွဲကြာ ပွင့်လင်းစွာ ဆွေးနွေးမှုတွင် ရလဒ်များစွာ ရရှိခဲ့ကြောင်း ယင်းနေ့တွင် ပြောကြားခဲ့သည်။
ရုရှားနိုင်ငံသို့ ခရီးစဉ်ရောက်ရှိနေသော အာရက်ဂ်ချီက လူမှုကွန်ရက်မီဒီယာတွင် ပို့စ်တင်ခဲ့ရာ တွေ့ဆုံဆွေးနွေးမှုအတွင်း နှစ်ဖက်အနေဖြင့် အီရန်-ရုရှား နှစ်နိုင်ငံဆက်ဆံရေး၊ ဒေသတွင်းရေးရာကိစ္စရပ်များအပြင် အမေရိကန်နှင့် အစ္စရေးတို့က စတင်ခဲ့သော ကျူးကျော်စစ်ပွဲ စသည်တို့ အပါအဝင် အကြောင်းအရာ အများအပြားကို အသေးစိတ် ဆွေးနွေးသုံးသပ်ခဲ့ကြကြောင်း၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုနက်ရှိုင်းရေးအတွက် အကျိုးရှိသော အကြံပြုချက်များစွာကိုလည်း အဆိုပြုခဲ့ကြကြောင်း၊ လက်ရှိတွင် အီရန်-ရုရှား နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု အခြေခံ တည်ငြိမ်ခိုင်မာကြောင်း ဖော်ပြခဲ့သည်။
ရုရှားသာမက တစ်ကမ္ဘာလုံးက အီရန်ပြည်သူများကို လေးစားကြကြောင်း၊ “၎င်းတို့ရဲ့ အမေရိကန် ခုခံတော်လှန်ရေးကို လေးစားခြင်းဖြစ်ကြောင်း” ပူတင်က ပြောကြားခဲ့သည်ဟု အာရက်ဂ်ချီက ဆိုသည်။
အာရက်ဂ်ချီကလည်း “ဤမမျှတသည့် အဓမ္မစစ်ပွဲတွင်” အီရန်အပေါ် ရုရှားနိုင်ငံ၏ အားပေးထောက်ခံမှုကို ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပြီး နှစ်ဖက်အနေဖြင့် မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေးအား အခြေအနေသစ်တွင် ဆက်လက်အားဖြည့်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
အလားတူပင် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လက်ဗ်ရော့ဗ်ကလည်း ပူတင်နှင့် အာရက်ဂ်ချီ၏ တွေ့ဆုံဆွေးနွေးမှုမှာ “ရလဒ်များစွာ ရရှိသလို အပြုသဘောဆောင်မှု များစွာရှိကြောင်း” ပြောကြားခဲ့သည်။ (Xinhua)

ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့၌ ရုရှားသမ္မတ ပူတင် (ယာ) က ခရီးစဉ်ရောက်ရှိလာသော အီရန်နိုင်ငံခြားရေးဝန်ကြီး အာရက်ဂ်ချီနှင့် တွေ့ဆုံဆွေးနွေးနေသည်ကို ၂၀၂၆ ခုနှစ် ဧပြီ ၂၇ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-Xinhua/Sputnik)
————————
(Chinese Version)
伊朗外长:与普京畅谈一个半小时“富有成效”
新华社德黑兰4月27日电 伊朗外交部长阿拉格齐27日表示,俄罗斯总统普京当天在圣彼得堡与他会见,双方畅谈一个半小时,“富有成效”。
正在俄罗斯访问的阿拉格齐在社交媒体发文称,在会见中,双方详细讨论并审视诸多议题,包括伊俄双边关系和地区问题,以及美国和以色列发起的侵略战争等。双方还对深化两国合作提出许多有益的建议。目前,伊俄两国合作基础稳固。
阿拉格齐说,普京表示,俄罗斯乃至全世界都钦佩伊朗人民,“钦佩他们抵抗美国”。阿拉格齐感谢俄方在“这场不平等、不正义的战争中”给予伊方支持,并宣布,双方战略伙伴关系在新形势下将继续加强。
俄罗斯外长拉夫罗夫同样表示,普京与阿拉格齐的会见“富有成效且富有建设性”。(完)
1. 4月27日,在俄罗斯圣彼得堡,俄罗斯总统普京(右)会见到访的伊朗外交部长阿拉格齐。新华社/卫星社
