Connect with us

North America

အရှေ့အလယ်ပိုင်း စစ်ပွဲကြောင့် ကမ္ဘာ့ရေနံဈေးနှုန်းများ မြင့်တက်၊ အဖိုးတန်သတ္တုဈေးနှုန်းများ ကျဆင်း

ပနားမားနိုင်ငံ မြို့တော် ပနားမားတွင် ဆီတင်ယာဉ်တစ်စီး ဆီဆိုင်သို့ မောင်းနှင်သွားသည်ကို ၂၀၂၆ ခုနှစ် ဧပြီ ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နယူးယောက်၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ)

အရှေ့အလယ်ပိုင်းစစ်ပွဲ၏ ရိုက်ခတ်မှုကြောင့် ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းများ ဆက်တိုက် မြင့်တက်လျက်ရှိရာ လန်ဒန် ဘရန့်ရေနံစိမ်း အနာဂတ်ဈေးနှုန်းသည် အရောင်းအဝယ်လုပ်ချိန်တွင် အချိန်အတိုင်းအတာတစ်ခုအထိ ၄ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့သည်။ ကမ္ဘာ့ရွှေနှင့် ငွေဈေးနှုန်းများကမူ လွန်ခဲ့သည့်ရက်သတ္တပတ်က ကျဆင်းမှုအနေအထားကို ဆက်လက် ဖြစ်ပေါ်ခဲ့သည်။ နယူးယောက် ကုန်စည်လဲလှယ်မှု (NYMEX) ၏ ဇွန်လ ရွှေအနာဂတ်ဈေးနှုန်းသည် ဧပြီ ၂၇ ရက်တွင် တစ်အောင်စလျှင် ကန်ဒေါ်လာ ၄,၇၀၀ အောက်သို့ ရောက်ရှိပြီး ၁ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့သလို မေလ ငွေအနာဂတ်ဈေးနှုန်းသည်လည်း အချိန်အတိုင်းအတာတစ်ခုအတွင်း တစ်အောင်စလျှင် ကန်ဒေါ်လာ ၇၅ အောက်သို့ ရောက်ရှိပြီး ၂ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့သည်။

ဧပြီ ၂၇ ရက် ဈေးကွက်ပိတ်သိမ်းချိန်အထိ နယူးယောက် ကုန်စည်လဲလှယ်မှု (NYMEX) ၏ ဇွန်လအတွက် ပေးပို့ရမည့် အပေါ့စား ရေနံစိမ်း အနာဂတ်ဈေးနှုန်းသည် တစ်စည်လျှင် ကန်ဒေါ်လာ ၁.၉၇ ဒေါ်လာ ဈေးတက်ပြီး တစ်စည်လျှင် ကန်ဒေါ်လာ ၉၆.၂၇ ဒေါ်လာဖြင့် ဈေးပိတ်ခဲ့ရာ ၂.၀၉ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ ဇွန်လအတွက် ပေးပို့ရမည့် လန်ဒန် ဘရန့် ရေနံစိမ်း အနာဂတ်ဈေးနှုန်းသည် တစ်စည်လျှင် ကန်ဒေါ်လာ ၂.၉ ဒေါ်လာ ဈေးတက်ပြီး တစ်စည်လျှင် ကန်ဒေါ်လာ ၁၀၈.၂၃ ဒေါ်လာဖြင့် ဈေးပိတ်ခဲ့ရာ ၂.၇၅ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။
လက်ရှိတွင် အမေရိကန်-အီရန် ဆွေးနွေးမှု ကျဉ်းထဲကျပ်ထဲကျရောက်လျက်ရှိသလို ဟော်မုဇ်ရေလက်ကြား ဖြတ်သန်းသွားလာမှုသည် အတားအဆီးရှိနေဆဲဖြစ်ရာ ငွေကြေးဖောင်းပွမှုဖိအား ဆက်တိုက်ဖြစ်ပွားနေမှုအပေါ် ဈေးကွက်၏ စိုးရိမ်မှုများ ပို၍ ပြင်းထန်စေသည်။
တစ်ချိန်တည်းတွင်ပင် ကမ္ဘာ့ရေနံဈေးများကမူ မြင့်မားနေဆဲဖြစ်ရာ ကမ္ဘာ့စွမ်းအင်ထောက်ပံ့ရေးအပေါ် ဧရာမ ရိုက်ခတ်မှု ဖြစ်စေသည်။
Goldman Sachs Group ၏ နောက်ဆုံးအစီရင်ခံစာတွင် ယခုနှစ် စတုတ္ထသုံးလပတ် ဘရန့်ရေနံစိမ်း ပျမ်းမျှ အနာဂတ်ဈေးနှုန်းခန့်မှန်းချက်များကို တိုးမြှင့်ခဲ့ရာ တစ်စည်လျှင် ကန်ဒေါ်လာ ၈၀ မှ ကန်ဒေါ်လာ ၉၀ အထိ တိုးမြှင့်ခဲ့သလို နယူးယောက် ရေနံစိမ်း အနာဂတ်ဈေးနှုန်းများကိုမူ တစ်စည်လျှင် ကန်ဒေါ်လာ ၇၅ ဒေါ်လာမှ ကန်ဒေါ်လာ ၈၃ ဒေါ်လာအထိ တိုးမြှင့်ခဲ့သည်။

အမေရိကန်နှင့် G7 နိုင်ငံများ၏ ဗဟိုဘဏ်များသည် ယခုသီတင်းပတ်အတွင်း ဆက်တိုက်ကျင်းပမည့် ငွေကြေးမူဝါဒဆိုင်ရာ အစည်းအဝေးများတွင် အတိုးနှုန်းကို မပြောင်းလဲဘဲထားရှိရန်၊ ထို့အပြင် ငွေကြေးမူဝါဒကို ပိုမိုတင်းကျပ်လာစေရန် ပြုလုပ်ဖွယ်ရှိရာ ယင်းမှာ ရွှေဈေးနှုန်းအပေါ် ဖိအားဖြစ်ပေါ်စေနိုင်မည် ဖြစ်ကြောင်း ဈေးကွက်က ကြိုတင်ခန့်မှန်းထားသည်။ (Xinhua)
——————
(Chinese Version)
中东战事推高国际油价 贵金属价格下跌
新华社纽约4月27日电(记者徐静)受中东战事影响,国际原油价格持续走高,伦敦布伦特原油期货价格盘中一度上涨超过4%。国际黄金、白银价格则延续了上周跌势。纽约商品交易所6月黄金期价27日跌破每盎司4700美元,跌幅超过1%;5月白银期价一度跌破每盎司75美元,跌幅超过2%。
截至27日收盘,纽约商品交易所6月交货的轻质原油期货价格上涨1.97美元,收于每桶96.37美元,涨幅为2.09%;6月交货的伦敦布伦特原油期货价格上涨2.90美元,收于每桶108.23美元,涨幅为2.75%。
当前,美伊谈判陷入僵局,霍尔木兹海峡通行仍处于受阻状态,加剧了市场对持续通胀压力的担忧。同时,国际油价维持在高位,国际能源供应遭遇巨大冲击。高盛集团在最新报告中上调今年第四季度布伦特原油期货均价预期,从每桶80美元提高到90美元,纽约原油期货均价则从每桶75美元上调至每桶83美元。
市场预计美国和七国集团央行将在本周陆续召开的货币政策会议上维持利率不变,甚至进一步收紧货币政策,这将对黄金价格构成压力。(完)
1. 4月6日,在巴拿马首都巴拿马城,一辆油罐车驶向加油站。新华社发(丹尼尔·冈萨雷斯摄)