Connect with us

China

တောင်ဇလပ်ပန်းလေးများက ခရီးသွားဧည့်သည်များအား ကြိုဆိုလျက်ရှိ

တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ် ဟန်ကျိုးမြို့ ချွန်အန်းခရိုင် ဖိန်မန်ကျေးရွာစု ကျင်းလျင်ရွာလေးတွင် တောင်ဇလပ်ပန်းလေးများအား ခရီးသွားဧည့်သည်များ ရှုစားနေသည်ကို ၂၀၂၆ ခုနှစ် ဧပြီ ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဟန်ကျိုး၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ)

မကြာမီကာလများက တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ် ဟန်ကျိုးမြို့ ချွန်အန်းခရိုင် ဖိန်မန်ကျေးရွာစု ကျင်းလျင်ရွာလေးရှိ တောင်မြင့်ပေါ်တွင် သဘာဝအလျောက် ပေါက်ရောက်လျက်ရှိသော၊ တရုတ်မူ (Mu) ရာနှင့်ချီရှိသော တောင်ဇလပ်ပန်းလေးများမှာ သူ့ထက်ငါအပြိုင် ပွင့်လန်းလျက်ရှိရာ အနယ်နယ်အရပ်ရပ်က ခရီးသွားဧည့်သည်များ လာရောက်ရှုစားရန် ဆွဲဆောင်လျက်ရှိသည်။
ချွန်အန်းခရိုင် ကျင်းလျင်ရွာလေးသည် ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၁,၀၀၀ ကျော်တွင်ရှိရာ ချွန်အန်းခရိုင်၌ ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ဆုံးသော ကျေးရွာများအနက် တစ်ရွာ ဖြစ်သည်။

ယခုနှစ်များတွင် ယင်းကျေးရွာလေးသည် တောင်မြင့်ဒေသ သဘာဝအလျောက်ပေါက်ရောက်နေသည့် တရုတ်မူ (Mu) ရာနှင့်ချီရှိသော တောင်ဇလပ်ပန်းလေးများနှင့်အတူ လက်ဖက်၊ လက်ဖက်ဆီ၊ ဝါးမျှစ် စသည့် ဒေသထွက် စိုက်ပျိုးရေးထုတ်ကုန်ပစ္စည်းများကို အားထားခြင်းနှင့်အတူ တောင်ပတ်ကားလမ်းမွမ်းမံခြင်း၊ စခန်းချအပန်းဖြေရန်နေရာ ဖော်ဆောင်ခြင်း၊ ရှုမျှော်စင် တည်ဆောက်ခြင်း၊ ဒေသခံနေအိမ်များကို တည်းခိုခန်းများအဖြစ် တိုးတက်အောင် ဆောင်ရွက်ခြင်းများ ပြုလုပ်ခဲ့သည်။ ဤသို့ဖြင့် တောင်တက်ရှုခင်းကြည့်ခြင်း၊ နွေရာသီအပန်းဖြေခြင်း ဟူသော ထူးခြားသည့် ကျေးလက်ယဉ်ကျေးမှုခရီးသွားလုပ်ငန်း ဖြစ်တည်လာခဲ့ရာ တောင်ပေါ်ကျေးရွာသူ ကျေးရွာသားများက ဝင်ငွေတိုးပွား၍ ကြွယ်ဝလာခဲ့ပေသည်။ (Xinhua)

——————-
(Chinese Version)
百亩高山杜鹃迎客来
新华社照片,杭州,2026年4月26日
近期,浙江省杭州市淳安县屏门乡金陵村的数百亩高山野生杜鹃热烈绽放,吸引各地游客前来观赏。 淳安县金陵村海拔1000多米,是淳安海拔最高的村落之一。近年来,该村依托高山上自然生长的数百亩杜鹃及茶叶、茶油、竹笋等特色农产品,通过修缮盘山公路、开辟露营基地、搭建观景平台、发展共享民宿,逐渐形成以登山观景、避暑养生为特色的农文旅产业,带动山村村民增收致富。
1. 4月24日,游客在金陵村观赏杜鹃花海(无人机照片)。 新华社记者 徐昱 摄

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.