Connect with us

China

တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့အနေဖြင့် ပိုမိုလက်တွေ့ကျသော အောင်မြင်မှုများအတွက် ကြိုးပမ်းအားထုတ်ရမည်ဟု ဝန်ကြီးချုပ် လီချန် ပြောကြား

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန် တရုတ်နိုင်ငံ မြို့တော်ပေကျင်းရှိ ပြည်သူ့ခန်းမဆောင်၌ စတိဗ် ဒိန်းစ် ဦးဆောင်သော အမေရိကန် အထက်လွှတ်တော်အမတ် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံနေပုံကို ၂၀၂၆ ခုနှစ် မေ ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မေ ၈ ရက် (ဆင်ဟွာ)

တရုတ်-အမေရိကန် နှစ်နိုင်ငံ ခေါင်းဆောင်နှစ်ဦးအကြား ရရှိထားသော အရေးကြီးဘုံသဘောတူညီမှုများကို အကောင်အထည်ဖော်ရန်၊ တွေ့ဆုံဆွေးနွေးမှုနှင့် အပြန်အလှန် ထိတွေ့ဆက်ဆံမှု တိုးမြှင့်ရန်၊ အလွှာအသီးသီး၌ ကူးလူးဆက်ဆံမှုနှင့် ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှုများအတွက် သင့်လျော်ကောင်းမွန်သည့် ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးတည်ဆောက်ရန်၊ နှစ်နိုင်ငံအကြား ပိုမိုလက်တွေ့ကျသော အောင်မြင်မှုများအတွက် ကြိုးပမ်းအားထုတ်ရန်အလို့ငှာ အမေရိကန်နိုင်ငံနှင့် လက်တွဲလုပ်ဆောင်ရန် တရုတ်နိုင်ငံက ဆန္ဒရှိကြောင်း တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်က မေ ၇ ရက်၌ ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ ပေကျင်းမြို့သို့ ရောက်ရှိနေသည့် စတိဗ် ဒိန်းစ် ဦးဆောင်သော အမေရိကန် အထက်လွှတ်တော်အမတ်များ ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံစဉ် လီက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

သမ္မတရှီကျင့်ဖိန်နှင့် သမ္မတ ဒေါ်နယ်ထရမ့်တို့သည် ယခုနှစ် ဖေဖော်ဝါရီလအတွင်းက တယ်လီဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့ကာ နှစ်နိုင်ငံဆက်ဆံရေး တိုးတက်မှုကို မြှင့်တင်အားပေးမည့် မဟာဗျူဟာ လမ်းညွှန်ချက်သစ် ချမှတ်ပေးခဲ့ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် နှစ်နိုင်ငံပြည်သူများ၏ ကောင်းကျိုးချမ်းသာများကို စဉ်ဆက်မပြတ် မြှင့်တင်ပေးရေး၊ ကမ္ဘာကြီးအတွက် ရေရာသေချာမှုနှင့် အပြုသဘောအားအင်များ ဖြည့်ဆည်းပေးရေးအတွက် အမေရိကန်နိုင်ငံနှင့် လက်တွဲလုပ်ဆောင်ရန် ဆန္ဒရှိကြောင်း လီက ပြောသည်။
အပြန်အလှန်လေးစားမှု၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မှု၊ အပြန်အလှန်အကျိုးဖြစ်ထွန်းသည့် ပူးပေါင်းဆောင်ရွက်မှုတို့ကို လက်ကိုင်ပြုကျင့်သုံးခြင်းက အင်အားကြီးနိုင်ငံ နှစ်နိုင်ငံအကြား သင့်မြတ်စွာ တည်ရှိနိုင်ရေးအတွက် မှန်ကန်သော နည်းလမ်းဖြစ်သည်ကို ကိုယ်တွေ့အတွေ့အကြုံများက အထပ်ထပ်အခါခါ ပြသနေသည်ဟု လီက ထောက်ပြပြောဆိုခဲ့သည်။

အမေရိကန်ဘက်ကလည်း တူညီသော ဦးတည်ချက်ဖြင့် တရုတ်နိုင်ငံနှင့် လက်တွဲဆောင်ရွက်ကာ ထိပ်တိုက်ရင်ဆိုင်ခြင်း၊ သူနိုင်ကိုယ်နိုင်အားပြိုင်ခြင်းထက် နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းသော ပူးပေါင်းဆောင်ရွက်မှု၊ တွေ့ဆုံဆွေးနွေးမှုတို့ကို ဆက်လက်ဖော်ဆောင်ပြီး တရုတ်-အမေရိကန် ကုန်သွယ်စီးပွား ဆက်ဆံရေးကို တည်ငြိမ်၍ ကြိုတင်မှန်းဆနိုင်သော အခြေအနေ၌ ထိန်းသိမ်းထားမည်ဟု မျှော်လင့်ကြောင်း၊ ထိုသို့လုပ်ဆောင်ခြင်းက နှစ်ဖက်စလုံး၏ အခြေခံအကျိုးစီးပွားနှင့်လည်း ကိုက်ညီကြောင်း လီက ဆက်လက်ပြောသည်။
ထို့အတူ ထိုင်ဝမ်အရေးကိစ္စသည် တရုတ်နိုင်ငံ၏ ပင်မအကျိုးစီးပွား ဖြစ်သကဲ့သို့ တရုတ်-အမေရိကန် ဆက်ဆံရေးတွင် မည်သို့မျှ ကျော်ဖြတ်ခြင်းမပြုသင့်သည့် အရေးအကြီးဆုံး အနီရောင်စည်းလည်းဖြစ်ကြောင်း၊ အမေရိကန် ကွန်ဂရက်လွှတ်တော်အနေဖြင့် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှု၏ ဘက်စုံအကျိုးစီးပွားများကို ဆက်လက်ဖော်ဆောင်ကာ တရုတ်နိုင်ငံနှင့် သက်ဆိုင်သော ကိစ္စရပ်များကို သတိဖြင့် ရှုမြင်ကာ ကိုင်တွယ်လုပ်ဆောင်ပြီး တရုတ်-အမေရိကန် ဆက်ဆံရေး တည်ငြိမ်ကောင်းမွန်၍ စဉ်ဆက်မပြတ် တိုးတက်ရေးအတွက် တက်ကြွသော အခန်းကဏ္ဍမှ ပါဝင်မည်ဟု မျှော်လင့်‌ကြောင်း လီက ပြောကြားခဲ့သည်။ (Xinhua)

………………
(English Version)
China, U.S. should strive for more practical achievements: Premier Li
BEIJING, May 7 (Xinhua) — China is willing to work with the United States to implement the important consensus reached by the two heads of state, enhance dialogue and communication, create a favorable atmosphere for exchanges at all levels and cooperation in various fields, and strive for more practical achievements between the two countries, Chinese Premier Li Qiang said Thursday.
Li made the remarks when meeting with a visiting delegation of U.S. senators led by Steve Daines in Beijing.
Noting President Xi Jinping and President Donald Trump had a phone call this February, which has set new strategic guidance on promoting the development of the bilateral relations, Li said that the Chinese side is willing to work with the United States to continuously enhance the well-being of the two peoples, and inject certainty and positive energy into the world.
Li pointed out that experience has repeatedly shown that adhering to mutual respect, peaceful coexistence and win-win cooperation is the right way for the two major countries to get along with each other.
It is hoped that the U.S. side will work with China in the same direction, pursue dialogue and mutually beneficial cooperation rather than confrontation and zero-sum competition, and maintain stable and predictable China-U.S. economic and trade relations, said Li, adding that this is in line with the fundamental interests of both sides.
Noting the Taiwan question concerns China’s core interests, and is the first and foremost red line that must not be crossed in China-U.S. relations, Li said that it is hoped that the U.S. Congress will proceed from the overall interests of friendly cooperation between the two countries, view and handle China-related issues with caution, and play an active role in the stable, sound and sustainable development of China-U.S. relations.
English Caption
Chinese Premier Li Qiang meets with a visiting delegation of U.S. senators led by Steve Daines at the Great Hall of the People in Beijing, capital of China, May 7, 2026. (Xinhua/Huang Jingwen)