China
သမ္မတ ရှီနှင့် တာဂျစ်ကစ္စတန်နိုင်ငံ သမ္မတ တွေ့ဆုံဆွေးနွေး
ပေကျင်း၊ မေ ၁၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် တရုတ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ် ရောက်ရှိလာသော တာဂျစ်ကစ္စတန်နိုင်ငံ သမ္မတ အီမိုမာလီ ရာမွန် (Emomali Rahmon) တို့သည် မြို့တော် ပေကျင်းရှိ ပြည်သူ့ခန်းမဆောင်တွင် မေ ၁၂ ရက်က တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ရှီက တာဂျစ်ကစ္စတန်နိုင်ငံ၏ ၃၅ နှစ်မြောက် လွတ်လပ်ရေး နှစ်ပတ်လည်၊ နိုင်ငံဖွံ့ဖြိုးတိုးတက်မှု၌ ကြီးမားသော အောင်မြင်မှုများအပေါ် ဂုဏ်ပြုစကားပြောကြားခဲ့သည်။ မြဲမြံသော အပြန်အလှန် ထောက်ခံအားပေးမှုသည် အနာဂတ် တရုတ်-တာဂျစ်ကစ္စတန် ဆက်ဆံရေး၏ အနက်အဓိပ္ပါယ်ဖြစ်ကြောင်း ရှီက မှတ်ချက်ပြုခဲ့သည်။ ပြင်ပပတ်ဝန်းကျင် အခြေအနေများ မည်သို့ပင် ပြောင်းလဲစေကာမူ တရုတ်နိုင်ငံနှင့် တာဂျစ်ကစ္စတန်နိုင်ငံတို့သည် အချင်းချင်း တက်ကြွမှုရှိသော အိမ်နီးချင်းကောင်းများ၊ ပွင့်လင်းမှုဖြင့် မျှဝေကာ အပြန်အလှန်ယုံကြည်မှုရှိသော မိတ်ဆွေကောင်းများ၊ ပူးတွဲဖွံ့ဖြိုးတိုးတက်မှုကို လျှောက်လှမ်းသော မိတ်ဖက်ကောင်းများအဖြစ် ဆက်လက်ရှိနေမည် ဖြစ်ကြောင်း ရှီက ဆိုသည်။
တရုတ်-တာဂျစ်ကစ္စတန် ထာဝရ အိမ်နီးချင်းကောင်းပီသရေး၊ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးခြင်းက နှစ်နိုင်ငံအကြား အဆင့်မြင့်အလွှာ နိုင်ငံရေးအပြန်အလှန်ယုံကြည်မှုကို အပြည့်အဝသရုပ်ဖော်ပြမည်ဖြစ်ကာ တရုတ်-တာဂျစ်ကစ္စတန် ထာဝရ ချစ်ကြည်ရင်းနှီးမှုအတွက် ခိုင်မာသော အခြေခံ ပံ့ပိုးပေးမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
တရုတ်နိုင်ငံသည် တာဂျစ်ကစ္စတန်နှင့်အတူ ပိုမိုနီးကပ်သော တရုတ်-တာဂျစ်ကစ္စတန် အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်ရေး၊ နှစ်နိုင်ငံ ပြည်သူများထံ ပိုမိုကြီးမားသော အကျိုးကျေးဇူးများ ပေးအပ်နိုင်ရေးအတွက် လုပ်ဆောင်ရန် အသင့်ရှိကြောင်း ၎င်းက ဖြည့်စွက်ပြောခဲ့သည်။
ထို့ပြင် တာဂျစ်ကစ္စတန်နိုင်ငံအနေဖြင့် မိမိနိုင်ငံ၏ အခြေအနေများနှင့် ကိုက်ညီသော ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းကို လျှောက်လှမ်းခြင်း၊ နိုင်ငံ၏ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာနှင့် လုံခြုံရေးကို ထိန်းသိမ်းခြင်းအတွက် တရုတ်နိုင်ငံက အစဉ်တစိုက် ထောက်ခံအားပေးမည်ဖြစ်ကြောင်း ရှီက အလေးထားပြောခဲ့သည်။
ယခုနှစ်သည် တရုတ်နိုင်ငံက ငါးနှစ်စီမံကိန်း စတင်အကောင်အထည်ဖော်ခြင်းဖြစ်သလို တာဂျစ်ကစ္စတန်နိုင်ငံကလည်း ၂၀၃၀ ပြည့်နှစ် အမျိုးသားဖွံ့ဖြိုးတိုးတက်မှုမဟာဗျူဟာ အဆင့်မြှင့်တင်သည့်ကာလလည်း ဖြစ်ကြောင်း၊ နှစ်နိုင်ငံအနေဖြင့် အရည်အသွေးမြင့် ရပ်ဝန်းနှင့် ပိုးလမ်းမ ပူးပေါင်းဆောင်ရွက်မှုကို အလေးထားကာ ကိုယ်စီ၏ ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်များကို လျှောက်လှမ်းရာ၌ ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာများကို တစ်ဆင့်တိုးချိတ်ဆက်ဆောင်ရွက်ကြမည်ဖြစ်ကြောင်း သမ္မတ ရှီက ပြောသည်။
နှစ်နိုင်ငံက ကုန်သွယ်စီးပွား ပူးပေါင်းဆောင်ရွက်မှု ခိုင်မာသောအရှိန်အဟုန် တည်ဆောက်ရေး၊ ပိုမိုကြီးမားသော ပူးပေါင်းဆောင်ရွက်မှုအလားအလာ ဖော်ထုတ်ရေး၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ပမာဏနှင့် အရည်အသွေးနှစ်မျိုးလုံး မြှင့်တင်ရေး လုပ်ဆောင်မည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံအနေဖြင့် အဓိကစီမံကိန်းများ အကောင်အထည်ဖော်မှု တာဝန်ယူဆောင်ရွက်ကာ သိပ္ပံ-နည်းပညာ ဆန်းသစ်တီထွင်မှု တစ်ဆင့်တိုးမြှင့်တင်ရန် အစိမ်းရောင်စွမ်းအင်၊ ဒစ်ဂျစ်တယ်စီးပွားရေး၊ ခေတ်မီစမတ်မြို့နှင့် ဉာဏ်ရည်တုနည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ရေး လုပ်ဆောင်မည်ဖြစ်ကြောင်း သမ္မတ ရှီက ပြောကြားခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ https://english.news.cn/20260513/63904f9cbe9042f183fc2d85a90ab963/c.html

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် တရုတ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ် ရောက်ရှိနေသော တာဂျစ်ကစ္စတန်နိုင်ငံ သမ္မတ အီမိုမာလီ ရာမွန် မြို့တော်ပေကျင်းရှိ ပြည်သူ့ခန်းမဆောင်တွင် တွေ့ဆုံဆွေးနွေးနေသည်ကို ၂၀၂၆ ခုနှစ် မေ ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် တာဂျစ်ကစ္စတန်နိုင်ငံ သမ္မတ အီမိုမာလီ ရာမွန် မြို့တော် ပေကျင်း၌ တွေ့ဆုံဆွေးနွေးပြီးနောက် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူစာချုပ်များ လက်မှတ်ရေးထိုးခြင်းအခမ်းအနားသို့ ပူးတွဲတက်ရောက်လာသည်ကို ၂၀၂၆ ခုနှစ် မေ ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က တရုတ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ် ရောက်ရှိနေသော တာဂျစ်ကစ္စတန်နိုင်ငံ သမ္မတ အီမိုမာလီ ရာမွန်အား မြို့တော် ပေကျင်း၌ တွေ့ဆုံဆွေးနွေးပွဲမတိုင်မီ ပြည်သူ့ခန်းမဆောင် အရှေ့ဘက်ဝင်ပေါက် အပြင်ဘက် ရင်ပြင်၌ အခမ်းအနားဖြင့် ကြိုဆိုနေပုံကို ၂၀၂၆ ခုနှစ် မေ ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က တရုတ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ် ရောက်ရှိနေသော တာဂျစ်ကစ္စတန်နိုင်ငံ သမ္မတ အီမိုမာလီ ရာမွန်အား မြို့တော် ပေကျင်း၌ တွေ့ဆုံဆွေးနွေးပွဲမတိုင်မီ ပြည်သူ့ခန်းမဆောင် အရှေ့ဘက်ဝင်ပေါက် အပြင်ဘက် ရင်ပြင်၌ အခမ်းအနားဖြင့် ကြိုဆိုနေပုံကို ၂၀၂၆ ခုနှစ် မေ ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
……………………………………..
(English Version)
Xi holds talks with Tajik president
BEIJING, May 12 (Xinhua) — Chinese President Xi Jinping held talks with Tajik President Emomali Rahmon, who is on a state visit to China, at the Great Hall of the People in Beijing on Tuesday.
Xi congratulated Tajikistan on the 35th anniversary of its independence and on the major achievements of its national development. He noted that steadfast mutual support is the defining feature of China-Tajikistan relations. No matter how the external environment evolves, China and Tajikistan will remain good neighbors looking out for each other, good friends sharing candor and mutual trust, and good partners pursuing joint development, Xi said.
The signing of the China-Tajikistan Treaty on Permanent Good-Neighborliness, Friendship and Cooperation will fully demonstrate the high-level political mutual trust between the two countries and provide a solid underpinning for China-Tajikistan everlasting friendship, he said.
He added that China stands ready to work with Tajikistan to build an even closer China-Tajikistan community with a shared future and deliver greater benefits to the people of the two countries.
Xi stressed that China will, as always, support Tajikistan in following a development path suited to its national conditions and in upholding national independence, sovereignty and security.
This year, China begins the implementation of its 15th Five-Year Plan. Tajikistan is also advancing its National Development Strategy for the period up to 2030. The two sides should focus on high-quality Belt and Road cooperation and further align their development strategies to support the pursuit of their respective development goals, he said.
He said the two sides should build on the strong momentum of economic and trade cooperation, tap into greater cooperation potential, and enhance both the scale and quality of trade and investment, adding that the two sides should guarantee the implementation of major projects and expand cooperation on green energy, digital economy, smart city and artificial intelligence to further boost sci-tech innovation.
https://english.news.cn/20260513/63904f9cbe9042f183fc2d85a90ab963/c.html
Photo 1, 2: Chinese President Xi Jinping holds talks with Tajikistan’s President Emomali Rahmon, who is on a state visit to China, at the Great Hall of the People in Beijing, capital of China, May 12, 2026. (Xinhua/Huang Jingwen)
Photo 3: Chinese President Xi Jinping and Tajikistan’s President Emomali Rahmon jointly attend a signing ceremony of cooperation documents after their talks in Beijing, capital of China, May 12, 2026. (Xinhua/Li Xiang)
Photo 4, 5: Chinese President Xi Jinping holds a welcome ceremony for Tajikistan’s President Emomali Rahmon, who is on a state visit to China, at the square outside the east gate of the Great Hall of the People prior to their talks in Beijing, capital of China, May 12, 2026. (Xinhua/Huang Jingwen)
