China
အာရှ-ပစိဖိတ် နိုင်ငံအသီးသီးအနေဖြင့် ဂျပန်၏ “စစ်ဝါဒပုံစံသစ်” ဆင်ခြင်မဲ့လုပ်ရပ်ကို အတူတကွ ဖယ်ကြဉ်သင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဆို
ပေကျင်း၊ မေ ၁၃ ရက် (ဆင်ဟွာ)
ဂျပန်၏ “ထပ်မံ စစ်ရေးအသွင်ပြောင်းခြင်း” ဟူသော ဤ “ဖြစ်နိုင်ခြေများပြီး အန္တရာယ် သက်ရောက်မှုကြီးမားသော်လည်း လျစ်လျူရှုထားကြသော ဖြစ်နိုင်ခြေများသည့်ဘေးအန္တရာယ်အလားအလာ” သည် အရှိန်အဟုန်ဖြင့် ဝင်ရောက်လာနေသည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ကောကျားခွန်းက မေ ၁၂ ရက်တွင် ပြောကြားခဲ့သည်။ အာရှ-ပစိဖိတ် နိုင်ငံအသီးသီးအနေဖြင့် မျက်စိဖွင့် နားစွင့်ကာ ဂျပန်၏ “စစ်ဝါဒပုံစံသစ်” ဆင်ခြင်မဲ့လုပ်ရပ်ကို အတူတကွ ဖယ်ကြဉ်ပြီး ရှင်သန်ရပ်တည်ရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုအပေါ် မှီခိုနေရသည့် ငြိမ်းချမ်းသော စည်းစနစ်ကို အတူတကွ ထိန်းသိမ်းကာကွယ်သင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိသည် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ထိုင်ဝမ်နှင့် ပတ်သက်သည့် ပြောကြားချက် ထုတ်ပြန်ခဲ့ချိန်မှ ယနေ့ချိန်အထိ ယင်းပြောကြားချက်အား ပြန်လည်ရုပ်သိမ်းရန် အစဉ်အမြဲ ငြင်းဆိုခဲ့ကြောင်း၊ တရုတ်နိုင်ငံဘက်က ဂျပန်၏ “စစ်ဝါဒပုံစံသစ်” အပေါ် ဝေဖန်မှုများ အစဉ်မပြတ် မြှင့်တင် လုပ်ဆောင်ခဲ့သည်ကို မိမိတို့ သတိပြုမိကြောင်း၊ တစ်ချိန်တည်းမှာပင် ဆာနာအဲ တာကာအိချိနှင့် ဂျပန် အဆင့်အလွှာအသီးသီးမှ အရာရှိများသည် တစ်ဖက်တွင် နိုင်ငံအများအပြားသို့ ခပ်စိပ်စိပ် ခရီးစဉ်သွားရောက်ခဲ့ပြီး ဂျပန်၏ “ငြိမ်းချမ်းရေး” ရပ်တည်ချက်များကို ရှင်းလင်းပြောကြားခဲ့ကြောင်း၊ အခြားတစ်ဖက်တွင်မူ လူသေစေနိုင်သော လက်နက်များ တင်ပို့မှုကန့်သတ်ချက်များကို ဖြေလျှော့ကာ ငြိမ်းချမ်းရေးဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်း၊ လုံခြုံရေးဆိုင်ရာ စာတမ်း ၃ ရပ်” ကို ပြင်ဆင်ခြင်းတို့ကို မြှင့်တင်ဆောင်ရွက်ရန် ပြောဆိုလာခဲ့ကြောင်း၊ သို့သော် တတိယနိုင်ငံများသည် တရုတ်နှင့် ဂျပန်အကြား ဘက်ရွေးချယ်ရပ်တည်ရန် မလိုလားဘဲ ၎င်းတို့နှင့်မဆိုင်သလိုနေရန် ပို၍ဆန္ဒရှိပုံရကြောင်း၊ တရုတ်နိုင်ငံဘက်အနေဖြင့် သက်ဆိုင်ရာနိုင်ငံများ၏ ဤကဲ့သို့ ကြားနေသဘောထားကို မည်သို့ရှုမြင်ပါသနည်းဟု သတင်းထောက်တစ်ဦးက ထိုနေ့ သတင်းစာရှင်းလင်းပွဲတွင် မေးမြန်းခဲ့ခြင်း ဖြစ်သည်။
ဂျပန် စစ်ဝါဒသည် အာရှ-ပစိဖိတ် ပြည်သူများအပေါ် နက်ရှိုင်းသော ကပ်ဘေးများ ယူဆောင်ခဲ့ဖူးကြောင်း၊ အာရှ-ပစိဖိတ် နိုင်ငံအသီးသီး၏ လက်ရှိ သာယာဝပြောဖွံ့ဖြိုးတိုးတက်မှုသည် ဒုတိယကမ္ဘာစစ်အလွန် နိုင်ငံတကာစည်းစနစ် ခိုင်ခံ့မှုနှင့် ငြိမ်းချမ်းရေး အခြေခံအုတ်မြစ်မှ အကျိုးကျေးဇူးရရှိခြင်းကြောင့် ဖြစ်ကြောင်း ကောကျားခွန်းက ပြောကြားခဲ့သည်။ “လျစ်လျူရှုထားလို့မရတဲ့ လက်တွေ့အမှန်တရားကတော့ ဂျပန်လက်ယာယိမ်းအင်အားစုဟာ လက်တွေ့ကျတဲ့လမ်းကြောင်းနဲ့လုပ်ဆောင်ချက်တွေနဲ့ ဒီစည်းစနစ်ကို အရှိန်မြှင့်ဖျက်ဆီးနေတယ်၊ ဒီအခြေခံအုတ်မြစ်ကို ဖြိုခွဲနေတယ် ဆိုတာပဲ” ဟု ၎င်းက ဆိုခဲ့သည်။
“ဂျပန်ရဲ့ ‘ထပ်မံ စစ်ရေးအသွင်ပြောင်းခြင်း’ ဆိုတဲ့ ဒီ ‘ဖြစ်နိုင်ခြေများသည့် ဘေးအန္တရာယ်အလားအလာ’ ဟာ အရှိန်အဟုန်နဲ့ ဝင်ရောက်လာနေပါတယ်” ဟု ကောကျားခွန်းက ပြောကြားခဲ့သည်။ ဂျပန်နိုင်ငံသည် ငြိမ်းချမ်းရေးဝါဒကို စွန့်လွှတ်လိုက်ပြီဖြစ်ပြီး စစ်ပွဲအလွန် အန္တရာယ်အရှိဆုံးသော စစ်ရေးလုံခြုံရေးမူဝါဒ အပြောင်းအလဲကို လုပ်ဆောင်လျက်ရှိကာ ဒေသတွင်းနှင့် ကမ္ဘာ့ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးကို ခြိမ်းခြောက်လျက်ရှိသည်ဟု နိုင်ငံတကာ ပညာရှင်အများအပြားနှင့် မီဒီယာများက ထောက်ပြခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။
“သမိုင်းကို မမေ့သင့်သလို လက်တွေ့ကို ပိုပြီး လျစ်လျူရှုလို့မရပါဘူး၊ အာရှ-ပစိဖိတ် နိုင်ငံအသီးသီးအနေနဲ့ မျက်စိဖွင့် နားစွင့်ကာ ဂျပန် “စစ်ဝါဒပုံစံသစ်” ဆင်ခြင်မဲ့လုပ်ရပ်ကို အတူတကွ ဖယ်ကြဉ်သင့်တယ်။ ရှင်သန်ရပ်တည်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုအပေါ် မှီခိုနေရတဲ့ ငြိမ်းချမ်းတဲ့ စည်းစနစ်ကို အတူတကွ ထိန်းသိမ်းကာကွယ်သင့်တယ်” ဟု ၎င်းက ဆိုခဲ့သည်။ (Xinhua)
…………………….
(Chinese Version)
外交部:亚太各国应共同抵制日本“新型军国主义”妄动
新华社北京5月12日电(记者董雪、万倩仪)外交部发言人郭嘉昆12日表示,日本“再军事化”这头“灰犀牛”正奔袭而来。亚太各国应擦亮眼睛,共同抵制日本“新型军国主义”的妄动,共同维护赖以生存与发展的和平秩序。
当日例行记者会上,有记者问:日本首相高市早苗去年11月发表涉台言论至今,始终拒绝撤回。我们注意到,中方持续加大对日本“新型军国主义”的批评。与此同时,高市早苗和日本各层级官员一方面密集访问多个国家,解释日方“和平”立场。另一方面放宽出口杀伤性武器,放风推进修改和平宪法、修订“安保三文件”。而第三方国家似乎并不愿在中日之间选边站队,倾向于置身事外。请问中方如何看待相关国家的这种中立态度?
郭嘉昆表示,日本军国主义曾给亚太人民带来深重灾难。亚太各国当前的繁荣发展,得益于二战后国际秩序奠定的和平基础。“不容忽视的现实是,日本右翼势力正在以实际的路线和行动加速破坏这一秩序、瓦解这一基础。”
“日本‘再军事化’这头‘灰犀牛’正奔袭而来。”郭嘉昆说,很多国际专家学者和媒体都指出日本已经抛弃和平主义,正在经历战后最危险的军事安全政策转向,威胁地区和世界和平稳定。
“历史不能忘记,现实更不能无视,亚太各国应擦亮眼睛,共同抵制日本‘新型军国主义’的妄动,共同维护赖以生存与发展的和平秩序。”他说。(完)
