Connect with us

China

ဖုဟွာနှင့် အီဂျစ်နိုင်ငံ ဝန်ကြီးချုပ်ဟောင်း Essam Sharaf တွေ့ဆုံဆွေးနွေး

ဆင်ဟွာသတင်းဌာန ဥက္ကဋ္ဌ ဖုဟွာနှင့် အီဂျစ်နိုင်ငံ ဝန်ကြီးချုပ်ဟောင်း Essam Sharaf အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တွင် ၂၀၂၆ ခုနှစ် မေ ၁၃ ရက်က တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

ကိုင်ရို၊ မေ ၁၄ ရက် (ဆင်ဟွာ)
ဆင်ဟွာသတင်းဌာန ဥက္ကဋ္ဌ ဖုဟွာနှင့် အီဂျစ်နိုင်ငံ ဝန်ကြီးချုပ်ဟောင်း Essam Sharaf တို့သည် အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တွင် မေ ၁၃ ရက်က တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် ဖုဟွာက ဆင်ဟွာသတင်းဌာနသည် အစဉ်အမြဲ တရုတ်-အီဂျစ် ချစ်ကြည်ရေး၏ သက်သေထူသူ၊ မှတ်တမ်းတင်သူနှင့် တွန်းအားပေးသူ ဖြစ်ကြောင်း၊ အဆွေတော် Essam Sharaf နှင့်အတူ ကမ္ဘာလုံးဆိုင်ရာ သတင်းဌာန၏ အားသာချက်အခန်းကဏ္ဍကို အပြည့်အဝအသုံးချ၍ တရုတ်-အီဂျစ် ပူးပေါင်းဆောင်ရွက်မှုဖြင့် ဘုံအကျိုးစီးပွားဖော်ဆောင်သည့် အကြောင်းအရာကို သက်ဝင်လှုပ်ရှားစွာ တင်ဆက်ဖော်ပြပြီး ခေတ်သစ်အား မျက်နှာမူသည့် တရုတ်-အီဂျစ် အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်မှုကို တွန်းအားပေးရန်အတွက် ပိုမိုများပြားသော သဘောတူညီချက်နှင့် အင်အားများ စုစည်းရန် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့သည်။
Essam Sharaf က အီဂျစ်-တရုတ် ရှေးဟောင်းယဉ်ကျေးမှုကြီးနှစ်ရပ်သည် လူသားမျိုးနွယ်ယဉ်ကျေးမှု၏ အရေးကြီး ဖွဲ့စည်းပုံအစိတ်အပိုင်းဖြစ်ကြောင်း၊ အီဂျစ်-တရုတ်မီဒီယာများက နှစ်နိုင်ငံပြည်သူများ သိကျွမ်းရင်းနှီးမှုနှင့် အတူတကွဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန်အတွက် အရေးကြီးအပြုသဘောဆောင်သော အကျိုးဆောင်မှုများ လုပ်ဆောင်ခဲ့ကြောင်း၊ အီဂျစ်-တရုတ်မီဒီယာများက ကူးလူးဖလှယ် အပြန်အလှန် လေ့လာသင်ယူမှုကို နက်ရှိုင်းစေရန်၊ ကမ္ဘာ့တောင်ဘက်ခြမ်းအသံများ အင်အားကြီးလာပြီး ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုစနစ် ပြည့်စုံကောင်းမွန်စေရန်အတွက် အားကောင်းသော တွန်းအားများ အတူတကွ ဖြည့်တင်းပေးရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

——————
(Chinese Version)
傅华会见埃及前总理谢拉夫
新华社开罗5月13日电(记者徐皓夫 姚兵)新华社社长傅华13日在开罗会见埃及前总理埃萨姆·谢拉夫。
傅华表示,新华社始终是中埃友谊忠实的见证者、记录者和推动者,愿同谢拉夫先生一道继续努力,充分发挥世界性通讯社的优势作用,生动讲好中埃合作共赢故事,为推动构建面向新时代的中埃命运共同体凝聚更多共识和力量。
谢拉夫表示,埃中两大古老文明是人类文明的重要组成部分。埃中媒体为促进两国人民相知相亲、共同发展作出了重要积极贡献。期待埃中媒体深化交流互鉴,共同为壮大全球南方声势、完善全球治理体系注入强劲动力。(完)
图说:5月13日,新华社社长傅华在埃及开罗会见埃及前总理埃萨姆·谢拉夫。 新华社记者 张浩波 摄